Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရောက်မြန်မာလုပ်သားတွေ မိသားစုထံလွှဲပို့ငွေ ၃ လစာပြနိုင်သူတွေကို CI စာအုပ်လုပ်ပေးမယ်လို့ စစ်ကောင်စီ ဆို

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

(ထိုင်း​ရောက်မြန်မာလုပ်သား​တွေက အာဏာသိမ်းစစ်အုပ်စုထံ လုပ်ခလစာ​တွေကို ပြန်လွှဲမ​ပေးနိုင်​ကြောင်း ၂၀၂၃ စက်တင်ဘာလမှာ ဘန်​ကောက်မြို့ရှိ ကုလသမဂ္ဂရုံး​ရှေ့ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-EPA )

●CIစာအုပ်တွေမလိုအပ်တာကြောင့်မလုပ်ကြဘဲနေကြဖို့ CDM သံအရာရှိအကြံပြု

●CI လုပ်ပြီး​ငွေ​​ကောက်တာဟာ မြန်မာလုပ်သား​တွေအတွက်အခွန် ၂ ထပ်​ဆောင်ရပြီး ILO ပြဌာန်ချက်​တွေကိုချိုး​ဖောက်ဟုထိုင်းအလုပ်ရှင်ကိုယ်စားလှယ်​ပြော

အောက်တိုဘာ-၁၃၊၂၀၂၆။မီးအိမ်/People’s Spring

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

Public Service Announcement

Public Service Announcement

အဲဒီလို CI စာအုပ်လုပ်ဖို့ လျှောက်ထားမယ်ဆိုရင် ရရှိတဲ့အခြေခံလုပ်ခလစာ ၃လစာရဲ့ ၂၅ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ထားတဲ့အထောက်အထားတင်ပြရမယ်ဆိုပြီး ကန့်သတ်ချက်ထည့်ထားတာကို အာဏာသိမ်းစစ်တပ်တပ်လက်အောက်ခံ အလုပ်သမားညွန်ကြားရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာ​​ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီးဖြစ်လာသူ မင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစုထံ လွှဲပို့ငွေပိုရအောင်လုပ်မယ် ပြောပြီးမကြာခင်အခုလို CI အကြောင်းပြပြီး လက်တွေ့ အ​ကောင်ထည်​ဖော်လာတာ ဖြစ်ပါတယ်။

စစ်အုပ်စုက အထောက်အထားမဲ့မြန်မာလုပ်သားတွေ လွတ်လပ်စွာသွားလာနိုင်အောင်နဲ့ ဥပဒေပါအကျိုးခံစားခွင့်ရအောင် CIစာအုပ်လုပ်ပေးမှာလို့ ဆိုပေမဲ့ အမှန်တကယ်က လွှဲပို့ငွေရဖို့အဓိကရည်ရွယ်တာလို့ မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။

“စိတ်ရင်းစေတနာမှန်လို့ထင်ကိုမထင်တာ။ သူတို့လိုချင်တာရဖို့အတွက် အခွင့်အရေးပေးတာ။ “လို့ ၎င်းကဆက်ပြောပါတယ်။

အခု CI စာအုပ်လုပ်မယ်ဆိုရင် လွှဲပို့ငွေအထောက်အထားပြရမယ့်ကန့်သတ်ချက်အရ အခြေခံလုပ်ခကိုထိုင်းဘတ် ၁၀,၄၀၀ လျာထားတာဖြစ်တဲ့ အတွက် တစ်လလွှဲပို့ငွေပမာဏ၂၅ ရာခိုင်နှုန်းဆိုရင် ဘတ်၂၆၀၀ ရှိကာ ၃လစာ ဘတ် ၇၈၀၀နဲ့ညီမျှတဲ့ ကျပ်၁၀သိန်းကျော် ပြည်တွင်းကို လွှဲပို့ထားရမှာလို့ အလုပ်သမားအရေးလူပ်ရှားသူတွေက တွက်ပြထားပါတယ်။

ထိုင်းနိုင်ငံက ခရိုင်မြို့တော်တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ၁၄ ရက်မှာ ပြန်ဖွင့်သွားမှာဖြစ်ပြီး လျှောက်ထားလိုတဲ့သူတွေနီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ်၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကိုရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုကဆိုပါတယ်။

စစ်​ကောင်စီက ထိုင်း​ရောက်မြန်မာလုပ်သား​တွေဆီက ​ငွေ​ကောက်ပြီး CI ကတ်လုပ်​​ပေးမယ့်အစီအစီအစဥ်အတွက် အရာရှိ ၃၀ ​ကျော်ကို ​အောက်တိုဘာ ဒုတိယပါတ်မှာ ထိုင်းကို​စေလွှတ်ခဲ့တယ် လို့ ထိုင်းသတင်းဌာန PPTV က​ဖော်ပြပါတယ်။

ထိုင်း​ရောက်မြန်မာလုပ်သား​တွေဟာ ထိုင်းမှာအလုပ်လုပ်ပြီး ပန်း​ရောင်ကတ်ပြုလုပ်ရင်းထိုင်းအစိုးရကို လည်းအခွန်​ဆောင်ထားသလိုအာဏာသိမ်းစစ်တပ်ကပါ ထိုင်းလာပြီး CI လုပ်​ပေးခ အခွန်ထပ်​ကောက်တာ​ကြောင့် အခွန် ၂ ထပ်​ကောက်သလိုဖြစ်​နေတယ်လို့အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ် မစ္စနီလူးဘွန် ဖုန်ဇယုံ ကPPTV သတင်းဌာနနဲ့အင်တာဗျူးမှာ​ပြောပါတယ် ။အခုလိုအခွန် ထပ်​ကောက်မယ့်အစီအစဥ်ဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) ပြဌာန်းချက်​တွေကို ချိုး​ဖောက်​ရာ​ရောက်တယ်လို့လည်းသူက​ထောက်ပြပါတယ်။

ဒါ့အပြင် မြန်မာစစ်​အုပ်စုက CI လုပ်ချင်တာဟာထိုင်း​ရောက်မြန်မာလုပ်သားတွေဆီကအခွန်ကောက်ခံပြီး အကျိုးအမြတ် ရယူချင်တာအပြင် မြန်မာနိုင်ငံက တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့အစည်းတွေကို နှိမ်နင်းဖို့ နဲ့ အစိုးရကိုဆန့်ကျင်သူတွေကိုစိစစ်နိုင်ဖို့ အတွက်ရည်ရွယ်ထားတာလည်းဖြစ်တယ်လို့ ထိုင်းနိုင်ငံကအလုပ်သမားအ​ရေး​ဆောင်ရွက်သူက​ပြောပါတယ် ။ဒါ​ကြောင့် ထိုင်းအစိုးရက စစ်​ကောင်စီကို ထိုင်းလာပြီး CI လုပ်ခွင့်​ပေးတာဟာ ထိုင်းနိုင်ငံအတွင်းစစ်အုပ်စုကိုဝင်​ရောက်စွက်ဖက် ၊ကျူး​ကျော်ခွင့်​ပေးတာသာဖြစ်တယ်လို့ မစ္စနီလူးဘွန် ဖုန်ဇယုံ က​ဝေဖန်ပါတယ်။

ဒါ့အပြင် CI လုပ်​ပေးတဲ့လုပ်ငန်းစဥ်ဟာ အရင်လုပ်​ပေးခဲ့တဲ့အ​တွေ့အကြုံအရ ကြားကပွဲစား​တွေအကျိုးအမြတ်ပိုရပြီး လုပ်သား​တွေအတွက် အခွန်ပို​ဆောင်ရကာ ၊ထိုင်းအလုပ်ရှင်​တွေအ​ပေါ်မှာလည်း သက်​ရောက်မှု​တွေဖြစ်​စေတယ်လို့ သူကဆက်​ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ လုပ်ခဲ့တဲ့ပြည်ပရောက်အလုပ်သမားတွေနဲ့ ဆိုင်တဲ့ဆွေးနွေးပွဲမှာ ထိုင်းရောက်မြန်မာတွေ CI လျှောက်ရင် အနည်းဆုံးဝင်ငွေခွန် ၁နှစ်စာ၊လွှဲပို့ငွေ ၃လစာလွှဲထားတဲ့အထောက်အထားစီစစ်မယ်ဆိုပြီးမင်းကင်းမောင်မြင့်က ပြောခဲ့တာရှိပါတယ်။

အခု CI စာအုပ် လုပ်ရမယ့် အလုပ်သမားတွေဟာ လူအဟောင်းတွေမဟုတ်ဘဲ ဘတ်အသစ်ပြုလုပ်ထားသူတွေအတွက်လို့ စုံစမ်းသိရပါတယ်။ဘတ်အသစ်ပြုလုပ်ထားတဲ့ မြန်မာလုပ်သားဦးရေ ၄သိန်းကျော် ရှိတယ်လို့လည်း CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ခန့်မှန်းပါတယ်။

CI စာအုပ်ပြုလုပ်မယ့်သူတွေဟာ စာအုပ်ဖိုးအဖြစ် ဘတ် ၅၀၀၀ ခန့်ကုန်ကျမှာဖြစ်ပြီး အခုတခါ CI ပြုလုပ်ချိန်မှာ ဗီဇာကြေးပါ တပါတည်းပေးဆောင်ရမှာလို့သိရ​ကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။

” CI စာအုပ်ဖိုးက ဘတ် ၅၀၀၀ လမ်းစရိတ်ရောဆို ဘတ် ၇၀၀၀ လောက်ကုန်ကြမှာ။ ဗီဇာကြေးက ဘတ် ၄၀၀၀ လောက်ကုန်မယ်။ ဒီတခါက အတော်လေး အကုန်အကျများမှာ။ နောက်ပြီး စစ်ကောင်စီက ဝင်ငွေခွန်တွေပါ တခါတည်းတောင်းမယ် ထင်တယ်”လို့ ဦးဝေလင်းမောင်က ပြောပါတယ်။

CI စာအုပ်ထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲ မြန်မာနိုင်ငံသားဖြစ်

ကြောင်း အတည်ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း စစ်ကောင်စီသာရရှိမှာဖြစ်ပါတယ်။ ‌ ဒါကြောင့် စစ်ကောင်စီက ​​ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်ပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်နေသူတွေကလည်း မြန်မာလုပ်သားတွေကို ပန်းရောင်းကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရထံမကြာခဏတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

“မြန်မာလုပ်သားတွေအနေနဲ့ CI မလုပ်လည်း ဘာမှမဖြစ်ဘူး။မလုပ်ကြဖို့ တိုက်တွန်းချင်တယ်။CI မလုပ်လို့ ဘယ်နေရာမှာ ပြဿနာဖြစ်နိုင်လဲဆိုတော့ ဒီတခါ သက်တမ်းတွေကုန်တဲ့အခါ ထိုင်းအစိုးရက တခါစာအုပ်လုပ်ပေးတဲ့အချိန်မှာပဲ ပြဿနာရှိတာ။ဒါကလည်း နှစ်တိုင်း လုပ်ပေးနေတာပဲ။တကယ်က CI မလုပ်လည်း ထိုင်းအစိုးရနဲ့ ဘာမှမဆိုင်ဘူး။ ပြဿနာ အဲလောက်မကြီဘူး”လို့ ဦးဝေလင်းမောင်က ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၇ရက်ကလည်း ထိုင်းနိုင်ငံက လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Bright Futureအဖွဲ့က ဆူရတ်ဂ်ျဂီရီ ဦးဆောင်ပြီး ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေကို CI ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေ ဖမ်းဆီးအရေးယူပေးရေး ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီထံ သွားရောက်တောင်းဆိုခဲ့ပါတယ်။

Bright Futureအဖွဲ့ နဲ့ဆူရတ်ဂ်ျဂီရီဟာ ထိုင်းရောက်မြန်မာလုပ်သားတွေအရေးစဥ်ဆက်မပြတ် တောင်းဆိုဆန္ဒပြနေသူတစ်ဦးဖြစ်ပါတယ်။အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်မြို့သွားရောက်ချိန်တိုင်းကန့်ကွက်ကြောင်း ဆန္ဒပြခဲ့သူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook