Connect with us

Hi, what are you looking for?

News

ရွှေကူနယ်တွင် KIA တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိ

KIA တပ်မဟာ(၃)၊ တပ်ရင်း (၁၂) နယ်မြေ ရွှေကူ(၄) လမ်းစုံ နေရာအနီးတွင် ယနေ့(နိုဝင်ဘာ ၅ရက်) နံနက်ပိုင်းက စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmese က ဖော်ပြသည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း (၁၂) နယ်မြေ ရွှေကူ(၄) လမ်းစုံ နေရာအနီးတွင် ယနေ့(နိုဝင်ဘာ ၅ရက်) နံနက်ပိုင်းက စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ခ.မ.ရ(၆၀၂)မှ အင်အား၁၀ဦးကျော်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်နှင့် လှည့်ပတ်သွားလာစဉ် KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ် တစ်နေရာကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း အာဏာသိမ်းတပ်ဖွဲ့မှ အကျအဆုံးရှိသော်လည်း အရေအတွက်စုံစမ်းဆဲဖြစ်သည်ဟု ဆို သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပြီးနောက် အာဏာသိမ်းတပ်က အနီးဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။