Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်စစ်မျက်နှာမှာ တိုက်ပွဲတွေဆက်တိုက် ဖြစ်နေဟု KIA ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာ ၇ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဓေါ်ရခါးတပ်က အရာရှိတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Jithu Magar)

နိုဝင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာ ၇ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

KIA တပ်မဟာ(၃)နယ်မြေ ဖြစ်တဲ့ ဗန်းမော်ြမို့စစ်မျက်နှာမှာ စစ်တပ်က စစ်လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေလို့ KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

ကုန်းမဟက်၊ ဘိုးဒေဝ၊ ဟန်တဲနဲ့ သင်္ချိုင်းကုန်း စတဲ့ ဗန်းမော်အနီးဝန်းကျင် ဒေသတွေကို စစ်တပ်က စစ်ကြောင်းထိုးလာလို့ KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်လျက်ရှိရာ နေ့စဉ်မပြတ်တိုက်ပွဲဖြစ်ပွားနေတာလို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၄ရက်မှာ စစ်တပ်က ဒေသတွင်းရှိ ချောင်းကူးတံတားတစီးကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ဗန်းမော်မြို့အပါအဝင် ဒေသတွင်း စစ်ရေး အခြေအနေတွေမေးမြန်းဖို့ KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေတာ နှစ်နှစ်နီးပါးကြာပြီဖြစ်သလို စစ်ကောင်စီတပ်ကလည်း ဗန်းမော်မကျရေး စစ်အင်အားဖြည့်တင်းတာ၊ KIA ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်နိုင်ဖို့ တံတားတွေကို တိုက်ခိုက်ဖျက်ဆီးတာတွေ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်က အင်အားဖြည့်ပြီး မြေပြင်ထိုးစစ်တွေလုပ်ဆောင်နေသလို KIA ပူးပေါင်းတပ်ကလည်း ဗန်းမော်ရှိ စစ်တပ်လက်ကျန် အရေးပါတဲ့နေရာအချို့ကို တန်ပြန်ထိုးစစ်ဆင်တာတွေ ပြုလုပ်နေလို့ အောက်တိုဘာလအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်ခြမ်းနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာမြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကိုတော့ကောင်းကောင်းထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကသာမြို့မှာပိတ်မိတဲ့ကားတချို့ မန္တလေးဘက် ပြန်ဆုတ်ခိုင်း၊ ပိတ်မိနေသူတွေဆက်ရှိပြီး သေဆုံးသူ ထပ်တိုး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး ဇီးတောကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အပါအ၀င် သေဆုံးသူများပြီး လက်နက်ခဲယမ်းတချို့သိမ်းရတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။