မတ်-၃၁၊၂၀၂၅။ဇော်ရမ်း/People’s Spring
ငလျင်ဒဏ်သင့်ပြည်သူများကိုကူညီပေးလိုကြောင်းမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာ
မိတ်တပ်မတော် (MNDAA)၏ ကမ်းလှမ်းချက်ကို စစ်ကောင်စီကပယ်ချလိုက်သည်။
“စကစ က လက်မခံလို့ SR(1)ကကူညီကယ်ဆယ်ရေးတွေ ငလျင်ဖြစ်ပွားတဲ့ နေရာဒေသတွေအထိ သွားရောက်မကူညီနိုင်တာကြောင့်တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးဖို့ အကုန်ဝိုင်းဝန်းပြီးလုပ်ဆောင်နေပါတယ် ” “ဟုMNDAA၏ လားရှိုးမြို့ဆက်ဆံရေးရုံးအဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက်မှတဆင့် မတ်လ ၃၀ရက်ည၌ အသိပေးထားသည်။
မတ်လ ၂၈ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးဒဏ်ကြောင့် ထိခိုက်သူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဟု MNDAAက မတ်လ ၂၉ရက်တွင် ထုတ်ပြန်ထားခဲ့သည်။

Public Service Announcement
ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီရန် သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းပြီး ငလျင်ဘေးသင့်ဒေသရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ ကယ်ဆယ်ရေး၊စေတနာ့ဝန်ထမ်းဝန်ဆောင်မှုများ အကောင်အထည်ဖော်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်ကူညီပေးရန် ၊အထူးဒေသအတွင်းရှိ ဆေးရုံအားလုံးသည် ငလျင်ဒဏ်သင့်ဒေသများမှ ရောက်ရှိလာမည့် လူနာများအတွက် အခမဲ့ ဆေးဝါးကုသမှုအကူအညီများပေးရေးကြိုတင်ပြင်ဆင်ထားရန်၊ ငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူများရောက်ရှိလာပါက အခမဲ့ အစားအသောက်များ၊နေရာထိုင်ခင်းများကို ထောက်ပံ့ကူညီရန် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် MNDAA ထိန်းချုပ်ဒေသများ၌ ကျင်းပရန်စီစဉ်ထားသော မဟာသင်္ကြန်ရေကစားပွဲတော်ကို ဖျက်သိမ်းလိုက်ပြီး အထူးဒေသအတွင်း မည်သည့်ပျော်ပွဲရွှင်ပွဲကိုမှ ကျင်းပခွင့်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။
ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေကိုလည်း လားရှိုးကျန်းမာရေးဌာနက အခမဲ့ ကူညီပေးမယ်လို့ထုတ်ပြန်ကြေညာထားပါသေးတယ် ။
လုံခြုံရေးကြောင့် ငလျင်ဒဏ်သင့်ဒေသတွေကို လူနာတွေ သွားရောက်ခေါ်ယူဆေးကုသ မပေးနိုင်တာကြောင့် အရေးပေါ် ကြုံလာရင် ကူညီရန် အသင့်ပြင်ထားတယ်လို့ MNDAA ရဲ့အထူးဒေသ(၁) ငလျင်ဒဏ် ကူညီကယ်ဆယ်ရေးအဖွဲ့က မတ်လ ၂၉ ရက်နေ့မှာအရေးပေါ် ကြေညာခဲ့ပါတယ် ။
“ဒီကနေ ဆင်းခေါ်ဖို့တော့ ညှိလို့ မရဘူး။ ဟိုကနေ လာရင်တော့ ရတယ်လို့ ကြားပါတယ်” လို့ MNDAA နှင့်နီးစပ်သည့်သတင်းရင်းမြစ်ကမ်လ ၂၉ ရက်နေ့က ပြောပါတယ်။
စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြရတဲ့အပြင် သဘာဝကပ်ဘေးကြောင့်ပြည်သူများပျက်စီး
ဆုံးရှုံးသေဆုံးရမှုများအပေါ် ကြေကွဲဝမ်းနည်းရပြီး လူသားချင်းစာနာထောက်ထားမှုဖြင့် လိုအပ်သည့်အကူအညီများ ပေးအပ်ရန်အသင့်ရှိကြောင်းထုတ်ပြန်ခဲ့သည်။
“ကယ်ဆယ်ရေးလုပ်ဖို့ ရှမ်းမြောက်ဘက်ကနေ တက်သွားတဲ့အရပ်သားလူငယ်တချို့ပါစစ်ကောင်စီကဖမ်းသွားတာ။အခုကကိုးကန့်(MNDAA)ဘက်က အကူအညီကိုပါ တားမြစ်တာ ရုပ်ပေါက်ပါတယ်”ဟုရှမ်းမြောက်ဒေသခံတစ်ဦးကပြောသည်။


















































