Connect with us

Hi, what are you looking for?

သတင်း

တံတားဦးမြို့အနီးဗဟိုပြုပြီး အင်အား ၄.၃ အဆင့်ရှိတဲ့ ငလျင်လှုပ်

မန္တလေးတိုင်း၊ တံတားဦးမြို့အနီးကို ဗဟိုပြုပြီး အင်အား ၄.၃ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ တံတားဦးမြို့အနီးကို ဗဟိုပြုပြီး အင်အား ၄.၃ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၄၊ ၂၀၂၆။ ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့အနီးကို ဗဟိုပြုပြီး အင်အား ၄.၃ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၄ ရက် ညနေ ၄ နာရီ ၃၆ မိနစ်ခန့်က မန္တလေးတိုင်း၊ တံတားဦးမြို့အနီး၊ မြေအောက်အနက် ၁၁ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၃ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးပါတယ်။

ယခု လှုပ်ခတ်သွားတဲ့ငလျင်ဟာ တံတားဦးမြို့အနီးတဝိုက်တင်မကဘဲ မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ ရေစကြိုစတဲ့ ဒေသတွေအထိပါ သိသာစွာ လှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ငြိမ့်​ငြိမ့်လေး လှုပ်သွားတာ။ သိသာတယ်”လို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

အောက်တိုဘာလထဲမှာပဲ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနောက်ဘက် ၄၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၁ အဆင့်လည်းကောင်း၊ ၁၇ ရက်နေ့က မန္တလေးတိုင်း၊ မန္တလေးမြို့အရှေ့-အရှေ့မြောက် ဘက် ၁၀ ကီလိုမီတာအကွာ၊ ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ နဲ့လည်းကောင်း အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တွေ လှုပ်ခတ်ခဲ့ပါသေးတယ်။

လူထိခိုက်သေဆုံးမှုများပြားခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာ တစ်နှစ်ခွဲကျော်လာခဲ့ပေမယ့် နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နေဆဲ ဖြစ်ပြီး ပြည်သူတွေ စိုးရိမ်နေရဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ထိန်းချုပ်ထားရာ တိဘက်ဒေသမှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ကျပ်ပြင်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၂ ဦး သေဆုံးကြောင်း မြင်းခြံတိုက်နယ်(၃)နဂါးနီပြောက်ကျား (မြင်းခြံ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ဗုံးပတ်ကြဲနေတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မနေ့ညက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။