Connect with us

Hi, what are you looking for?

News

ထိုင်းမှာအလုပ်ရှာဖို့သွားတဲ့ မြန်မာလုပ်သားတွေ မတော်တဆမှုကြုံရကာ ၃ ဦးသေဆုံး ၊၄ ဦးဒဏ်ရာရ

ထိုင်းအာဏာပိုင်တွေ တွေ့ရှိချိန်မှာတော့မတော်တဆမှုကြောင့် သေဆုံးနေတဲ့ ၃ ဦးရဲ့ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၄ ဦး ရှိနေတာပါ။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ထိုင်းမှာ အလုပ်ရှာဖို့ သွားကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေလိုက်ပါလာတဲ့ ကားမတော်တဆမှု ဖြစ်ကာ ၃ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

ဒီလို ယာဉ်မတော်တဆမှုနဲ့ကြုံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအုပ်စုကို ထိုင်းနိုင်ငံမြောက်ပိုင်း က ရာဘာစိုက်ခင်းမှာ ပြီးခဲ့တဲ့ စနေနေ့က ဒေသခံတွေရဲ့သတင်းပေးချက်အရ အာဏာပိုင်တွေက တွေ့ခဲ့တာဖြစ်ပါတယ်။

အဲဒီ မြန်မာရွှေ့ပြောင်းလုပ်သားအုပ်စုဟာ စုစုပေါင်း ၂၃ ဦးပါပြီး အသက် ၂၁ နှစ်ကနေ ၄၀ နှစ်အရွယ်တွေဖြစ်ကြကာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခွင့်အထောက်အထား မပါကြဘူးလို့သိရပါတယ်။

ဓာတ်ပုံ − ဘန်ကောက်ပို့စ်

ထိုင်းအာဏာပိုင်တွေ တွေ့ရှိချိန်မှာတော့မတော်တဆမှုကြောင့် သေဆုံးနေတဲ့ ၃ ဦးရဲ့ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၄ ဦး ရှိနေတာပါ။

Public Service Announcement

Public Service Announcement

အဲဒီ အုပ်စုမှာပါတဲ့ ဦးစည်ဆိုတဲ့မြန်မာရွှေ့ပြောင်းလုပ်သားပြောပြချက်အရ သူတို့အဖွဲ့ဟာထိုင်းနိုင်ငံမှာ အလုပ်ရဖို့ အလုပ်ရှာဖွေပေးမယ့် ပွဲစားကို ၁ ဦးကို ဘတ် ၇၀၀၀ ကနေ ဘတ် ၂၃၀၀၀ ပေးရတယ်လို့သိရပါတယ်။

အဲဒီပွဲစားဟာ ထိုင်းနိုင်ငံကိုဝင်ရောက်ဖို့ ပစ်ကပ်ကား စီစဉ်ပေးပြီး မြန်မာနယ်စပ်ကနေ ထိုင်းနိုင်ငံမဲဆောက်ကို ပို့ဆောင်ပေးခဲ့တာပါ။

ဒီလို ထိုင်းနိုင်ငံထဲကိုဝင်လာချိန် သောကြာနေ့ညပိုင်းကတောင်အဆင်းတစ်နေရာမှာကားတိမ်းမှောက် လို့ ထိခိုက်ဒဏ်ရာရတာနဲ့သေဆုံးတာတွေ ဖြစ်ခဲ့တယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားဦးစည်က ပြောပြပါတယ်။

မတော်တဆမှုဘယ်နေရာမှာဖြစ်ခဲ့လဲဆိုတာကိုတော့မပြောပြနိုင်ခဲ့ပါဘူး။

ယာဉ်မတော်တဆမှုဖြစ်ပြီးတဲ့နောက် တခြား ပစ်ကပ်ကားတစ်စီး ရောက်လာပြီး သူတို့အုပ်စုကို ခေါ်တင်ကာ ရာဘာစိုက်ခင်းတစ်ခုအရောက်မှာတော့ လူနာတင်ကားခေါ်ဖို့အကြောင်းပြကာ ယာဉ်မောင်းက ချထားပေးခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် လူနာတင်ကားရောက်မလာခဲ့သလို ဖြတ်သွားဖြတ်လာ ဒေသခံတွေက တွေ့ပြီး ရဲကိုသတင်းပေးတာခံလိုက်ရပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ဒဏ်ရာရထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကုသပေးဖို့ ဒေသဆေးရုံကိုခေါ်ဆောင်သွားသလို ရုပ်အလောင်းတွေကိုလည်း သေဆုံးရတဲ့အကြောင်းရင်းကိုစစ်ဆေးဖို့ ယူဆောင်သွားပါတယ်။

ကျန်တဲ့မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးကိုတော့ ကိုဗစ်စစ်ဆေးဖို့ ကိုဗစ်စင်တာတွေကို ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။

ဒါအပြင်ထိုင် းအာဏာပိုင်အဖွဲ့တွေဟာ မဲဆောက်ကို ဆက်သွယ်ပြီး ယာဉ်မတော်တဆမှုဖြစ်စဉ် ဖြစ်ပွားခဲ့တာ ရှိမရှိကို စုံစမ်းရာမှာ အဲဒီဖြစ်စဉ်မရှိခဲ့ဘူးလို့အကြောင်းပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲကို မြန်မာရွှေ့ပြောင်းလုပ်သားတွေဝင်ရောက်လာမှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း တိုးမြှင့်လာခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံအတွင်း စီးပွားကျဆင်းလာတာနဲ့အတူ အလုပ်အကိုင်ရှားပါးလာတာကြောင့်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ရုရှားလူငယ် မောင်နှမကို လူသတ်သမားတွေက မြှုပ်နှံထားခဲ့ရာ နေရာမှာ သူတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။