Connect with us

Hi, what are you looking for?

သတင်း

NLD တိုင်းဝန်ကြီး ဦးဇာနည်အောင်ကိုခြေချုပ်နဲ့ထားဖို့ အမိန့်ချမယ်

ဖမ်းဆီးထောင်ချထားတဲ့ မန္တလေးတိုင်း NLD အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဇာနည်အောင်ကို ထောင်ဒဏ်စေ့သွားပြီးနောက်ထောင်ကနေလွှတ်လိုက်ပေမယ့်ခြေချုပ်နဲ့ထားဖို့အတွက် ထပ်မံစွဲဆိုထားတဲ့အမှုကို လာမယ့်နိုဝင်ဘာလ ၆ ရက် ရုံးချိန်းမှာ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တရားရုံးက အမိန့်ချမယ်လို့သိရပါတယ်။

နိုဝင်ဘာလ – ၃ ၊ ၂၀၂၆

ဖမ်းဆီးထောင်ချထားတဲ့ မန္တလေးတိုင်း NLD အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဇာနည်အောင်ကို ထောင်ဒဏ်စေ့သွားပြီးနောက်ထောင်ကနေလွှတ်လိုက်ပေမယ့်ခြေချုပ်နဲ့ထားဖို့အတွက် ထပ်မံစွဲဆိုထားတဲ့အမှုကို လာမယ့်နိုဝင်ဘာလ ၆ ရက် ရုံးချိန်းမှာ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တရားရုံးက အမိန့်ချမယ်လို့သိရပါတယ်။

ဦးဇာနည်အောင်ကို ထောင်ကနေလွှတ်ပေးလိုက်ပေမယ့် အိမ်ပြန်မပို့ဘဲ ရဲစခန်းမှာ ချုပ်ထားကာ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ခြေချုပ်ခံဝန်ဥပဒေ ၅(၁)(စ)(ဆ) နဲ့ တရားစွဲထားတာပါ။

အဲဒီအမှုကိုမနေ့ ( နိုဝင်ဘာလ ၂ ရက်) မှာ ရုံးထုတ်ရာမှာ တစ်ခါတည်းအမိန့်ချလိုက်ဖို့ ဦးဇာနည်အောင်က တောင်းဆိုပေမယ့် တရားသူကြီးက လာမယ့် နိုဝင်ဘာလ ၆ ရက် ရုံးချိန်းမှာအမိန့်ချဖို့ ချိန်းဆိုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဆိုတာက တစ်နှစ်အတွင်း သတ်မှတ်ထားတဲ့ နေရာမှာ ပဲနေထိုင်ရတာ ၊ ရဲစခန်းဆီ လစဉ်သွားပြီးအကြောင်းကြားရတာတွေလုပ်ဆောင်ရတာပါ။

ဒါက ဦးဇာနည်အောင်ကို ထောင်ကလွှတ်ပေးပြီးနောက်မှာ နေရာတစ်ခုမှာပဲ နေထိုင်စေလိုပြီး အနီးကပ်စောင့်ကြည့်လိုတာကြောင့် ဖြစ်တယ်လို့ မန္တလေး NLD အသိုင်းအဝိုင်း နဲ့နီးစပ်သူတစ်ဦးက သုံးသပ်ပါတယ်။

အာဏာသိမ်းတဲ့နေ့က ဦးဇာနည်အောင်ပါအဝင် မန္တလေးတိုင်းအစိုးရ တစ်ဖွဲ့လုံးကို စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

အဲဒီိနောက် အာဏာသိမ်းမှုကိုဆန့်ကျင်အောင် လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ၊ ကိုဗစ်ကာလ အခမ်းအနားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သဘာဝဘေး ပုဒ်မ တွေ အပြင် အဂတိလိုက်စားတယ် ဆိုပြီးစွပ်စွဲကာ ဦးဇာနည်အောင်ကို ထောင် ရှစ်နှစ်ချခဲ့တာပါ။

တိုင်းဝန်ကြီးချုပ်ဖြစ်သူဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းလွှတ်တော်ဉက္ကဌ ဦးအောင်ကျော်ဦးတို့ကတော့မတရားဖမ်းဆီးအကျဉ်းချခံရချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မရတာကြောင့် ထောင်ထဲမှာပဲ ဆုံးပါးခဲ့ရပါတယ်။

ကျန်ဝန်ကြီးတွေကတော့ လွတ်ရက်စေ့လို့ စစ်တပ်က ပြန်လွှတ်ပေးထားပါတယ်။

ဆက်စပ်သတင်းများ

Facebook