Connect with us

Hi, what are you looking for?

သတင်း

ဗုံးကြဲခြိမ်းခြောက်ပေမဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ပေါင်းပြီး စစ်တပ်ကို ဆက်တိုက်မယ်လို့ KNU သတင်းရင်းမြစ်ပြော

အာဏာသိမ်းစစ်တပ်က ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေတွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက် ခြိမ်းခြောက်နေပေမဲ့ စစ်တပ်ကို တော်လှန်တိုက်ခိုက်တာတွေဟာ ရပ်သွားမှာ မဟုတ်ဘဲ တော်လှန်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီး ဆက်လက်တိုက်ခိုက်သွားရမှာ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

(စစ်တပ်လေကြောင်းရန်ကြောင့် မြန်မာ-ထိုင်း နယ်စပ် သော်လဲထာဒေသ ထိုင်းဘက်ခြမ်းမှာ အလံနီတွေစိုက်ထူထားတာကိုတွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

နိုဝင်ဘာ ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေတွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက် ခြိမ်းခြောက်နေပေမဲ့ စစ်တပ်ကို တော်လှန်တိုက်ခိုက်တာတွေဟာ ရပ်သွားမှာ မဟုတ်ဘဲ တော်လှန်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီး ဆက်လက်တိုက်ခိုက်သွားရမှာ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU နယ်မြေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေအပြင် လုပ်ဆောင်နေတဲ့အပြင် နယ်စပ်က ထောက်ပံ့ရေးလမ်းကြောင်းတွေကို တိုက်ခိုက်မယ်လို့ ထိုင်းဘက်ကို စာပို့ပြီး ဗုံးကြဲမှုတွေလုပ်ဆောင်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး KNU ဗဟိုက သတင်းရင်းမြစ်က အခုလို ပြောပြတာပါ။

စစ်တပ်ဟာ နယ်ခြားကော်မတီကတဆင့် ထိုင်းအာဏာပိုင်တွေကို သတိပေးစာတစောင် ဩဂုတ်လကုန်ပိုင်းမှာ ပေးပို့ခဲ့ပြီးနောက် KNU တပ်မဟာ(၅) ထိန်းချုပ်ရာ သော်လဲထာဂိတ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ထိုင်းဘက်ကို ပေးပို့ခဲ့တဲ့ စာမှာလည်း ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ KNU နဲ့ ဆက်သွယ်ကာ ကုန်သွယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်တဲ့အပေါ် ကန့်ကွက်ကြောင်း ဖော်ပြခဲ့သလို KNU အတွက် အထောက်အပံ့ဖြစ်စေမယ့် ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိစေရေး လုပ်ငန်းရှင်တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ အာဏာသိမ်းစစ်တပ်က ထိုင်းဘက်ကို တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ထောက်ပံ့ရေးလမ်းကြောင်း တွေကို လေကြောင်း၊ လက်နက်ကြီး စတာတွေနဲ့ ပစ်ခတ်ချေမှုန်းနိုင်ရေး ဆောင်ရွက်မယ်လို ခြိမ်းခြောက်ထားပါတယ်။

စစ်တပ်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး KNU သတင်းရင်းမြစ်က “သူလုပ်မှာပဲ သူပြောမှာ ပဲ ကျနော်ထင်တယ် စာပိုတာဖြစ်ဖြစ် လူချင်းတွေ့ရင်ဖြစ်ဖြစ် ပြောမှာပဲ။ KNU ကို နှိမ်နင်းမယ်လို ပြောမှာပဲ။ ဒါပေမဲ့ ကျနော်တို KNUကကလည်း တော်လှန်ရေးအဖွဲအစည်းတွေနဲ့ ပူးပေါင်းပြီး ချရမှာပဲ” လို့ နိုဝင်ဘာ ၁ရက်နေ့မှာ ပြောကြားထားပါတယ်။

စစ်တပ်က ဖိအားပေးတာတွေ ခြိမ်းခြောက်တာတွေရှိပေမဲ့ ထိုင်းနယ်စပ်တကြော မြေပြင်မှာ နားလည်မှုရှိရှိ ဆက်သွယ်ဆောင်ရွက်မှုတွေရှိတယ်လို့လည်း ပြောပါတယ်။

နယ်စပ်ဒေသတိုက်ပွဲတွေမှာ ဖြစ်စေ၊ နယ်စပ်ဒေသ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဖြစ်စေ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ထိုင်းဘက်ခြမ်းသို့ ကျည်ကျတာ၊ ဗုံးကြဲမှုကြောင့် သက်ရောက်မှုတွေဖြစ်ပေါ်တာ တွေရှိခဲ့ပြီး အဲဒီ ကျည်တွေဟာ စစ်တပ်ရဲ့ ကျည်ဖြစ်တယ်ဆိုတာ ထိုင်းအာဏာပိုင်တွေလည်း သိထားကြကြောင်း KNU သတင်းရင်းမြစ်က ပြောပါတယ်။

ရရှိထားတဲ့ သတင်းတွေအရ စစ်တပ်ဟာ အခု နိုဝင်ဘာမှာ လေကြောင်းတိုက်ခိုက်တာ အပါအဝင် စစ်ရေးအရှိန်ပိုမိုတိုးမြှင့်လာမယ့် အခြေအနေရှိတယ်လို့လည်း ပြောပြပါတယ်။

” တိုးမြှင့်လာလည်း ထိရောက်မှု ဒီလောက်မရှိပါဘူး။ ထိတာက ညတုန်းကလာပစ်တာ( နယ်စပ်ရှိ KNU တပ်မဟာ(၅)နယ်မြေ သော်လဲထာဒေသစစ်တပ်ဗုံးကြဲမှု) ဘာမှ ထိခိုက်မရှိဘူး။ လူထုတော့ သတိနဲ့နေရတာပေါ့။ ကျနော်တို့ ညွှန်ကြားထားပြီးသား။ ပြည်သူလူထုကို သတိနဲ့ နေဖိုပေါ့”လို KNU သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ KNU နယ်မြေသာမက တခြားနေရာတွေဖြစ်တဲ့ ကရင်နီ၊ ကချင်၊ ရခိုင်စတဲ့ ဒေသတွေကိုလည်း တိုက်ခိုက်မှုတွေ တိုးမြှင့်လာနိုင်တယ်လို့ ပြောပါတယ်။

” သူတို့လေယာဉ်နဲ့ ပစ်တာကတော့ သိတဲ့အတိုင်းပဲ (လူထုကို ပစ်မှတ်ထားတိုက်ခိုက်တာ)။ဒါပေမဲ့ သတိနဲ့ နေရတာပေါ့။ စစ်တပ်အချင်းချင်းတော့ ပြဿနာမရှိဘူး။ အခုက ဟိုးရွာသားကို လုပ်တဲ့ပုံစံက နိုင်ငံတကာကလည်း ဒါကို သိဖိုတော့ လိုတယ်။ ကျနော်တိုရဲ့ ဗမာပြည်ရဲ့ ပြဿနာကို တနည်းတလမ်းကနေ ပူးပေါင်းကူညီဖို နိုင်ငံတကာကိုလည်း ကျနော်တို မျှော်လင့်တာပေါ့နော်။လူသားချင်းစာနာထောက်ထားမှုပေါ့နော်” လို KNU သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးတိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်နဲ့ ကချင်ဒေသတွေကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူလူထုသေဆုံးထိခိုက်မှုတွေရှိခဲ့ပါတ်ယ။ အထူးသဖြင့် ရက္ခိုင်ဒေသမှာ ဆေးရုံတွေ၊စျေးနဲ့ စာသင်ကျောင်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လို့ ကလေးငယ်တွေ အမျိုးသမီးတွေအပါအဝင် အရပ်သား ပြည်သူလူထု အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပါတယ်။

KNUဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့နဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) စုဖွဲ့မှုမှာ ပါဝင်လျက်ရှိပြီး စစ်တပ်ကို နိုင်ငံရေး ၊ စစ်ရေးအရ တိုက်ခိုက်သွားဖို့ ပြင်ဆင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

Facebook