Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့သို့ စစ်ကောင်စီပြန်ဝင်

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ (ဧပြီ၁၈ရက်​နေ့)၌ ပြန်ဝင်လာပြီးလားရှိုး- သီပေါပြည်ထောင်စုလမ်းရှိ နောင်မွန်လမ်းပိုင်းကို ဖြတ်သန်းခွင့်ပိတ်ထားကြောင်း ဒေသခံများကပြောသည်။

လားရှိုးမြို့လယ်တစ်​နေရာကို ၂၀၂၅ ဇန်နဝါရီလက​တွေ့ရစဥ်။ဓါတ်ပုံ-လားရှိုးမြို့ပြန်လည်ထူ​​ထောင်​ရေး

ဧပြီ-၁၇၊၂၀၂၅။ခွာညို/People’s Spring

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ (ဧပြီ၁၈ရက်​နေ့)၌ ပြန်ဝင်လာပြီးလားရှိုး- သီပေါပြည်ထောင်စုလမ်းရှိ နောင်မွန်လမ်းပိုင်းကို ဖြတ်သန်းခွင့်ပိတ်ထားကြောင်း ဒေသခံများကပြောသည်။

“လမ်းကိုပိတ်ထားလိုက်ပြီ။နောင်မွန်လမ်းကကိုးကန့်ထိန်းထားတာ။ပိတ်တာကတော့ စကစနဲ့ ညှိပြီး ကိုးကန့်က ပိတ်ပေးတာ။ကားတွေလည်းသီပေါဘက်မှာပိတ်နေပါတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

တရုတ်အစိုးရ၏ ဖိအား​ပေးမှု​ကြောင့် MNDAA တပ်ဖွဲ့ဝင်များသည် သင်္ကြန်ကာလအတွင်း လားရှိုးမြို့မှဆုတ်ခွာခြင်းဖြစ်ပြီးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကိုလည်း ခေါ်ဆောင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။သို့​သော်MNDAA တပ်ဖွဲ့ဝင်များသည်မြို့​​ပေါ်မှဆုတ်ခွာသွား​သော်လည်း မြို့ပတ်ပတ်လည်တွင်တပ်စွဲ​နေရာယူထား​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“မြို့ပေါ်မှာကိုကန့်စစ်သားနဲ့ရဲတချို့ရှိနေသေးတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းကအရပ်ဝတ်နဲ့ဝင်လာကြတာတချို့ရှိတယ်။မြို့ထဲမှာအခြေအနေက စောင့်ကြည့်နေကြတယ်” ဒေသခံတစ်ဦးကပြောသည်။ ​

စစ်ကောင်စီကလားရှိုးမြို့ကိုပြန်လည်ဝင်ရောက်လာပြီဖြစ်၍ မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမတလျှောက်နည်းမျိုးစုံသုံး၍အင်အားတိုးချဲ့လာနိုင်ကြောင်းဒေသခံသတင်းရင်းမြစ်များကပြောသည်။

ထိုအပြင်ဧပြီလ ၁၇ရက်ညနက်ပိုင်းကတည်းက လားရှိုးမြို့ရပ်ကွက် ၁၂အတွင်း ၁၂ဘီးကားအချို့ ရောက်ရှိလာခဲ့မှုသည်လည်း ထူးခြားကြောင်းဒေသခံများကပြောသည်။

အဆိုပါဒေသခံက”ဘယ်ဖက်ကကားတွေလဲတော့မသိဘူး။ နောက်ပြီးဘာတွေပါလဲမသိဘူး။ မနက်ကျတော့ ပြန်ထွက်သွားတယ်။အနီးကပ်သွာကြည့်လို့မရတော့ အသေးစိတ်ပြောမတတ်ဘူး”ဟုပြောသည်။

ဌာနဆိုင်ရာများနှင့်နီးစပ်သည့်သတင်းရင်းမြစ်တဦးကလားရှိုးမြို့သို့ လဝကနှင့်ထွေအုပ်ဝန်ထမ်းများ ပထမဆုံးဝင်ရောက်မည်ဖြစ်ပြီး စစ်ကောင်စီကနောက်ရက်များတွင်ဝင်ရောက်လာနိုင်ကြောင်း၊ ဧပြီလ ၂၁ရက်မတိုင်မီ အပြီးသတ်ဝင်ရောက်မည်ဖြစ်ကြောင်းပြောသည်။

“ဌာနဆိုင်ရာဝန်ထမ်းတွေကို မူဆယ်ကနေ ဟတ်စကီးနဲ့ ပို့မယ်။သွားရမယ့် ဝန်ထမ်းတွေလည်း လန့်နေကြတယ်” ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီသည် မြို့ပေါ်ကိုသာကွက်၍အုပ်ချုပ်ခွင့်ရထားပြီး မြို့ပတ်ဝန်းကျင်နှင့်​ကျေးရွာများကိုမူ MNDAAက ဆက်လက်ထိန်းချုပ်ထားမည်ဟုသတင်းများထွက်ပေါ်နေသည်။ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ စစ်ကောင်စီကရော MNDAAကပါ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

“အမှန်အတိုင်းဖြစ်ရရင်တော့ လားရှိုးမြို့ကအခြေတွေမကောင်းတော့ဘူး။ မြို့ခံတွေအနေနဲ့ ကျီလန့်စာစားနေရတော့မယ်။ ဘာတွေဆက်ဖြစ်မှာလဲလို့ မခန့်မှန်းနိုင်အောင်ပဲ” ဟုရှမ်းပြည်နယ်မြောက်ပိုင်းမှသတင်းရင်းမြစ်တစ်ဦးကပြောသည် MNDAA နှင့် မဟာမိတ်များက ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် ရမခ အပါအဝင် လားရှိုးမြို့ကို သြဂုတ်၃ ရက်၌ အပြီးသတ်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ခဲ့သည်။လားရှိုးမြို့အား စစ်ကောင်စီထံပြန်ပေးရန် ဖိအားပေးခဲ့သည့်တရုတ်အစိုးကအား မြို့ခံများက ဒေါသဖြစ်နေသည်။ တရုတ်အစိုးရကတရုတ်-မြန်မာနယ်စပ်ကုန်သွယ်​ရေးလုပ်လို၍ လားရှိုးမြို့မှ MNDAA ကိုဆုတ်ခွာခိုင်းပြီး စစ်​ကောင်စီကို မြို့ကိုပြန်​ပေးရန်ဖိအား​ပေးခဲ့ခြင်းဖြစ်​ကြောင်း သတင်းရင်းမြစ်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။