Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စပိန်နဲ့ ပေါ်တူဂီမှာ နာရီအတော်များများ ဆက်တိုက်မီးပြတ်ပြီး အရှုပ်အထွေးတွေ ဖြစ်ပေါ်

စပိန်နဲ့ ပေါ်တူဂီ နိုင်ငံတွေမှာ နာရီတွေ အတော်များများ ဆက်တိုက် မီးပြတ်နေတာကြောင့် အခက်အခဲတွေမျိုးစုံ ကြုံနေပြီး အာဏာပိုင်တွေက ပြင်ဆင် ဖြေရှင်းမှုတွေကို အပူတပြင်း လုပ်ဆောင်နေပါတယ်။

AFP

စပိန်နဲ့ ပေါ်တူဂီ နိုင်ငံတွေမှာ နာရီတွေ အတော်များများ ဆက်တိုက် မီးပြတ်နေတာကြောင့် အခက်အခဲတွေမျိုးစုံ ကြုံနေပြီး အာဏာပိုင်တွေက ပြင်ဆင် ဖြေရှင်းမှုတွေကို အပူတပြင်း လုပ်ဆောင်နေပါတယ်။

အဲဒီ မီးပြတ်မှုတွေဟာ စပိန်နဲ့ ပေါ်တူဂီ နေရာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး ပြင်သစ်နိုင်ငံရဲ့ အစိတ်အပိုင်း တချို့လည်း ပါဝင်ခဲ့ပါတယ်။ ဧပြီ ၂၈ ရက်နေ့ တစ်နေကုန်နီးပါး ကြာပြီးတဲ့ထိ အဲဒီနိုင်ငံတွေရဲ့ သန်းပေါင်းများစွာသော ပြည်သူတွေဟာ မီးပြန်လာဖို့ကို စိတ်ပျက်လက်ပျက် စောင့်ဆိုင်းနေကြရဆဲပါ။

ဓာတ်အား ပြတ်တောက်မှုတွေကြောင့် နေရာအနှံ့မှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့သလို လုပ်ငန်းလည်ပတ်မှု စနစ်တွေလည်း ရပ်ဆိုင်းကုန်ပါတယ်။ စပိန်နဲ့ ပေါ်တူဂီ လေဆိပ် အများအပြားဟာ လေကြောင်း ခရီးစဉ်တွေကို ဖျက်သိမ်းတာ၊ ရွှေ့ဆိုင်းတာတွေလုပ်ဖို့ ညွှန်ကြားခဲ့ရပါတယ်။

AFP

ပြင်သစ်နဲ့ စပိန်ကြားမှာ ဓာတ်အား ချိတ်ဆက်တဲ့ ဆက်ကြောင်းနေရာက ပြဿနာ တစ်ခုဟာ အခုလို ဓာတ်အားပြတ်တောက်မှုတွေကို ဖြစ်ပေါ်စေတာလို့ ဥရောပ စွမ်းအင် လုပ်ငန်းစု တစ်ခုဖြစ်တဲ့ Eurelectricရဲ့ အကြီးအကဲ ခရစ္စတီယန် ရူဘီက ပြောပါတယ်။ အဲဒီတော့ စပိန်ဟာ ဥရောပရဲ့ ပင်မ ဓာတ်အား ကွန်ရက်ကြီးနဲ့ အဆက်ပြတ်သွားပြီး အဲဒီဒဏ်ကို စပိန်သာ မကဘဲ အိမ်နီးချင်း ပေါ်တူဂီပါ ခံစားရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပထဝီဝင် အနေအထားအရ စပိန်နဲ့ ပေါ်တူဂီတို့ဟာ ဥရောပတိုက်ရဲ့ အနောက်ဖက်ဆုံးမှာ သီးခြား တည်ရှိနေကြပြီး ဥရောပနဲ့ အဲဒီနှစ်နိုင်ငံကြားမှာ ပြင်သစ်နိုင်ငံ တည်ရှိနေတာပါ။

မီးတွေပြတ်နေချိန်မှာ ရထားပြေးဆွဲမှုတွေ အပါအဝင် ပြည်သူ့သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေပါ ရပ်ဆိုင်းကုန်တာကလည်း စပိန်နဲ့ ပေါ်တူဂီ နိုင်ငံတွေမှာ အရှုပ်အထွေး အခြေအနေတွေ ဖြစ်ပေါ်လာစေပါတယ်။ ဧပြီ ၂၈ ရက်နေ့ ညပိုင်းထိ ရထား ၁၁ စီးကို လုံးဝ မထွက်ခိုင်းဘဲ ရပ်နားထားစေရတယ်လို့ စပိန် သယ်ယူပို့ဆောင်ရေးဝန်ကြီး အော်စကာ ပွန်တေးက ပြောပါတယ်။

ဆိုင်တွေ၊ အိမ်တွေ၊ စားသောက်ဆိုင်တွေဟာလည်း ညပိုင်းမှာ မှောင်နဲ့မည်းမည်း ဖြစ်နေခဲ့ကြပါတယ်။ ဧပြီ ၂၈ ရက်နေ့ ညသန်းခေါင်မှာတော့ နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်း ဓာတ်အားပြန်ရပြီလို့ စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ပြောပေမယ့် ကျန်တဲ့ နိုင်ငံတစ်ဝက်ကတော့ နာရီပေါင်း အတော်ကြာအောင် ဆက်စောင့်ရဖွယ် ရှိနေပါတယ်။ ပေါ်တူဂီမှာ ဓာတ်အား ဖြန့်ဝေပေးနေတဲ့ REN ကုမ္ပဏီကတော့ အိမ်ပေါင်း ၇၅၀၀၀၀ လောက်ဆီကို ဓာတ်အား စတင် ပေးပို့ထားပြီလို့ ပြောပါတယ်။

စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်က ဓာတ်အား ပြတ်တောက်မှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အတည်ပြုခဲ့ပြီး ကောလာဟလတွေကို သတိထားကြဖို့ တိုက်တွန်းထားပါတယ်။ ပေါ်တူဂီ ဝန်ကြီးချုပ် လူးဝစ် မွန်တီဂရို ဒီဖြစ်စဉ်မှာ ဆိုက်ဘာတိုက်ခိုက်မှု တစ်ခုခု ပါဝင်ဆက်နွှယ်တဲ့ ဘာအထောက်အထားမှ မတွေ့ရကြောင်း မှတ်ချက်ပေးထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အာဖရိကမှာရှိတဲ့ စပိန်ပိုင်နက် နယ်မြေလေး တစ်ခုဆီ မော်ရိုကို နိုင်ငံကနေ ရွှေ့ပြောင်း အခြေချသူတွေ အလုံးအရင်း ရုတ်တရက် ဝင်ရောက်လာတာကြောင့် စပိန်အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပူတပြင်း စေလွှတ်နေရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။