Connect with us

Hi, what are you looking for?

ကဗျာ

“ကမ္ဘာလည်ခြင်းများ”

ငါတို့ဟာ တခုခု မဟုတ်တော့
တခုခု ဖြစ်ဖို့ အာသီသမရှိ
ငါတို့မှာ တခုခု ထက် အရေးကြီးတာတွေ ရှိကြောင်း
ဘယ်စကားလုံးနဲ့ ပေါင်းပြရမှန်း မသိတော့
လူဟာ လွတ်လပ်ခဲ့တယ်

ဆူးနတ်သန်

ငါတို့ဟာ တခုခု မဟုတ်တော့
တခုခု ဖြစ်ဖို့ အာသီသမရှိ
ငါတို့မှာ တခုခု ထက် အရေးကြီးတာတွေ ရှိကြောင်း
ဘယ်စကားလုံးနဲ့ ပေါင်းပြရမှန်း မသိတော့
လူဟာ လွတ်လပ်ခဲ့တယ်
ကမ္ဘာဦးအစကတည်းကပါ
မျှော်လင့်ချက်ကို ရေကုန်ရေခမ်း
ပထမ တို့တွေ နောက် သူတို့တွေ
ကမ္ဘာနဲ့ရွာကြား မျက်စိလည်နေကြပုံက
အချစ် မေတ္တာ လူသားဆန်မှု
မျက်ရည်ဟာ မီးခိုး‌ငွေ့တွေနဲ့ အတူ
ပျောက်ကွယ်သွားတယ်

ငါတို့က ဘယ်လောက်ဝေးနေဦးမှာလဲ
ငါတို့က ဘယ်လမ်းမှာ ပြတ်ကျန်ခဲ့ပြီလဲ
ချစ်ခြင်းမေတ္တာကို စာလုံးပေါင်းတတ်ခဲ့ရုံနဲ့
လူရာမဝင်မှန်း သိပါတယ်
ယမ်းနံ့တွေရဲ့ ကမ္ဘာပါ
လက်တဖက်ကို ကျန်လက်တဖက်နဲ့ ထွေးထားရင်း
မနက်ဖြန်ဆိုတာ နောက်တနေ့ပါပဲ

ဒီလိုနဲ့ တနေ့ပြီး တနေ့
သီတင်းကျွတ်နေ့ကို မသိတဲ့
ပိုးစုန်းကြူးတွေပါ
အလင်းကို အလင်းချည်း တိုက်မိချင်ရုံလေးပါပဲ

Public Service Announcement

Public Service Announcement

ဘဝက တိုတောင်းသလောက်
သံသရာက ရှည်တယ်
မေတ္တာကို မေတ္တာချင်း ဆက်မိသွားတဲ့နေ့
ငြိမ်းချမ်းရေး ပန်းတဆုပ်ပေါ့

ဘာမဆို ရတယ်
မဖြစ်နိုင်တော့လည်း ရတယ်
လူဆိုတာ လက်ခံလွယ်တဲ့ သတ္တဝါပါ
ဘုရားထက် တရားကို ချစ်မြတ်နိုးသူ
ဆောင်းဝင်လာတိုင်း
နေဝင်ချိန်နဲ့ ပိုနီးလာတယ်

အခြားလူတွေ ရသလောက်ပါပဲ
ဒဏ်ရာနဲ့ ဝေဒနာဟာ ပိုနက်ခဲ့ကြောင်း
မပြောတော့ပါဘူး
ဘယ်သူ့ဖြစ်ဖြစ် ချစ်လို့ရသွားရုံတင်
လူဟာ လူအစစ်ဖြစ်ကြောင်း
အက်ကြောင်း မထပ်တော့ပါ

ဓာတ်ပြားဟောင်းလေးပေါ့
ကိုယ်ရေးရာဇဝင်ထဲ
မအောင်မြင်ခဲ့သူ
ထမင်းငတ်ခဲ့သူ
ဆံပင်ရှည်ခဲ့သူ
မေတ္တာကြီးခဲ့သူ
လူ့အဖွဲ့အစည်းကို ချစ်သလောက် ရွံမုန်းသူ
ပန်းချီကားထဲ ဝင်ပုန်းခဲ့သူ
မျက်ရည်ကို အံကြိတ်ပြီး ကျတတ်သူ။

ဒုက္ခကို ကိုယ်ဖော့ခံစားရင်း
တချက် တချက်
ရင်ဘက်ထဲ မီး ထထ တောက်ခဲ့တယ်

ကမ္ဘာ နဲ့ ရွာ
ကမ္ဘာလည်ခြင်းများ
မျှော်လင့်ချက်ကို ရွက်ကုန်လွှင့်မယ်။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’ဆူးနတ်သန်”ရေးဖွဲ့တဲ့ “ကမ္ဘာလည်ခြင်းများ” ကဗျာ ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...