Connect with us

Hi, what are you looking for?

News

လာမည့်နှစ် ဇန်နဝါရီတွင် အသက်ဝင်မည့် ကမ္ဘာ့အကြီးဆုံးကုန်သွယ်​ရေးသ​ဘောတူစာချုပ် မြန်မာပါဝင်ခွင့်မရ

အာဆီယံခြောက်နိုင်ငံတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့ပါဝင်ပြီး အာဆီယံအဖွဲ့ဝင်မဟုတ်သော ​လေး နိုင်ငံမှာ တရုတ်၊ ဂျပန်၊ နယူးဇီလန်၊ သြစတြေးလျနိုင်ငံတို့ဖြစ်သည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ၂၀၂၂ဇန်နဝါရီတွင်အသက်ဝင်မည့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူစာချုပ်(RCEP)တွင် မြန်မာနိုင်ငံက ပါဝင်ခွင့်မရကြောင်း အာဆီယံအတွင်းချုပ်ရုံးနှင့် တရုတ်နိုင်ငံသံရုံးတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

‌ကမ္ဘာ့လူဦးရေ ၃၀ရာခိုင်နှုန်းနှင့် ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်မည့် အဆိုပါကမ္ဘာ့အကြီးဆုံးလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို NLD အစိုးရလက်ထက်တွင် သဘောတူလက်မှတ်ထိုးခဲ့ပြီး ၂၀၂၂ဇန်နဝါရီတွင် စတင်အသက်ဝင်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

အာဆီယံအတွင်းရေးချုပ်ရုံးက နိုဝင်ဘာ ၂ ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ အထက်ပါ RCEPကို ခွင့်ပြုကြောင်း အကြောင်းစာကို အာဆီယံ ​ခြောက်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်မဟုတ်သော ​လေးနိုင်ငံတို့ထံမှ တင်ပြထားပြီးဖြစ်သည်ဟု ဆိုသည်။

အာဆီယံခြောက်နိုင်ငံတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့ပါဝင်ပြီး အာဆီယံအဖွဲ့ဝင်မဟုတ်သော ​လေး နိုင်ငံမှာ တရုတ်၊ ဂျပန်၊ နယူးဇီလန်၊ သြစတြေးလျနိုင်ငံတို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုကြောင့် သဘောတူစာချုပ်သည် အသက်ဝင်မှုအဆင့်ကိုရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နိုဝင်ဘာ ၉ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံက RECPကို ခွင့်ပြုချက်စာကို အကြမ်းဖက်စစ်ကောင်စီက တင်ပြသော်လည်း အာဆီယံအတွင်းရေး မှူးချုပ်က လက်မခံခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အထက်ပါ RCEP (Regional Comprehensive Economic Partnership)သည် ဒေသတွင်း အာဆီယံ ၁၀ နိုင်ငံနှင့် ဒေသတွင်း အင်အားကြီးနိုင်ငံများဖြစ်သည့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားတို့ ငါးနိုင်ငံအပါအဝင် စုစုပေါင်း ၁၅ နိုင်ငံက ၂၀၂၀ နိုဝင်ဘာတွင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

၎င်းစာချုပ်သည် ဒေသတွင်းနိုင်ငံများကား လွတ်လပ်စွာကုန်သွယ်ရေး ဇုန်တစ်ခုထူထောင်ခြင်းဖြစ်သည်။

ဓာတ်ပုံ – South China Morning Post

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...