Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သွင်းကုန်အခွန် တိုးမြှင့်မှုတွေကို အစိုးရက လတ်တလော ကျင့်သုံးခွင့် ရှိတယ်လို့ အမေရိကန် အယူခံရုံး ဆုံးဖြတ်

သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောင်းလဲ သတ်မှတ်ထားတဲ့ သွင်းကုန်အခွန် စည်းကြပ်မှု အသစ်တွေကို အမေရိကန် အစိုးရ အနေနဲ့ လောလောဆယ် ကျင့်သုံးခွင့် ရှိတယ်လို့ အယူခံရုံးက အဆုံးအဖြတ် ပေးခဲ့ပါတယ်။

Getty Images

သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောင်းလဲ သတ်မှတ်ထားတဲ့ သွင်းကုန်အခွန် စည်းကြပ်မှု အသစ်တွေကို အမေရိကန် အစိုးရ အနေနဲ့ လောလောဆယ် ကျင့်သုံးခွင့် ရှိတယ်လို့ အယူခံရုံးက အဆုံးအဖြတ် ပေးခဲ့ပါတယ်။

နိုင်ငံတကာ သွင်းကုန်တွေနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ အခွန်တိုးမြှင့် စည်းကြပ်မှုတွေဟာ တရားမဝင်ဘူးလို့ တရားရုံးတစ်ခုက ဆုံးဖြတ်ခဲ့ပြီး နောက်တစ်ရက်၊ မေလ ၂၉ ရက်နေ့မှာပဲ အယူခံရုံးရဲ့ စီရင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အစိုးရရဲ့ သွင်းကုန်အခွန် စည်းကြပ်မှု အသစ်တွေကို ဟန့်တားခဲ့တဲ့ အောက်ရုံး စီရင်ချက်ကို ယာယီ ဆိုင်းငံ့ပေးထားစေလိုကြောင်း အိမ်ဖြူတော်က လျှောက်ထား တောင်းဆိုခဲ့ပြီး ဖက်ဒရယ် အယူခံရုံး တစ်ခုက လက်ခံပေးလိုက်တာ ဖြစ်ပါတယ်။

အယူခံရုံး ဆုံးဖြတ်ချက် မတိုင်ခင် မေလ ၂၈ ရက်နေ့တုန်းကတော့ အမေရိကန်ရဲ့ နိုင်ငံတကာ ကုန်သွယ်ရေး ခုံရုံးက အစိုးရရဲ့ ကုန်သွယ်ခွန် မြှင့်တင်မှုတွေကို တရားမဝင်ဘူးလို့ ကြေညာခဲ့ပြီး အဲဒီ စီရင်ချက်ဟာ ထရမ့်အတွက် အကြီးအကျယ် ဒေါသူပုန် ထစေခဲ့ပါတယ်။ ထရမ့်ရဲ့ အသိုင်းအဝိုင်းက တရားရုံး ဆုံးဖြတ်ချက်ဟာ တရားစီရင်ရေးမှာ လိုတာထက် ဘောင်ကျော်တဲ့ လုပ်ရပ်လို့ စွပ်စွဲခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အယူခံရုံးရဲ့ ဆုံးဖြတ်ချက်မှာတော့ နိုင်ငံခြားရေး မူဝါဒတွေ၊ စီးပွားရေး မူဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆိုင်ရာ ဌာနတွေကသာ ကိုင်တွယ်ရေးဆွဲခွင့် ရှိနေပြီး တရားရုံးတွေမှာ အဲဒီအခွင့်အာဏာ မရှိကြောင်း ဖော်ပြထားပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က အယူခံရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး အမေရိကန်မှာ အယူဝါဒစွဲနဲ့ ဆုံးဖြတ်တဲ့ တရားသူကြီးတွေ ကြီးစိုးနေသ၍ ထရမ့်ဖြစ်ဖြစ်၊ တခြား သမ္မတ တစ်ယောက်ယောက်ဖြစ်ဖြစ် ဘာမှ ထိထိရောက်ရောက် အလုပ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။ နောက်ပြီး နိုင်ငံတကာ ကုန်သွယ်ရေး ခုံရုံးရဲ့ ဆိုးရွားလှတဲ့၊ နိုင်ငံကို ထိခိုက်ခြိမ်းခြောက်နိုင်တဲ့ ဆုံးဖြတ်ချက်ကို တရားရုံးချုပ်က အမြန်ဆုံး ထိထိရောက်ရောက် ပြောင်းလဲ ပယ်ဖျက်ပေးဖို့ အစိုးရ အနေနဲ့ မျှော်လင့်ထားကြောင်းလည်း သူက ဆိုပါတယ်။

ထရမ့်ဟာ ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် ပမာဏ မတူညီတဲ့ အခွန်စည်းကြပ်မှုတွေ သတ်မှတ်ထားပြီး အဲဒီထဲက အများစုကို လောလောဆယ် ဆိုင်းငံ့ပြီးသားပါ။ ဒါပေမဲ့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ အခြေအနေ အပြောင်းအလဲ တစ်ခုခု ကြုံလာရင် ထရမ့်ရဲ့ အစိုးရဟာ ကုန်သွယ် အခွန်အခတွေ ရုတ်တရက် မြှင့်တင်တာမျိုးကို ချက်ချင်းလက်ငင်း လုပ်ဆောင်ခွင့် ရရှိလာမှာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။