Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေး၏ အမြင့်ဆုံးရေချိန်အမှတ်ရောက်နေ၍ စစ်ကောင်စီ ပြုတ်ကျရေး စုပေါင်း အလုပ်လုပ်ရန် တအာင်း TPCC တိုက်တွန်း

စစ်ကောင်စီပြုတ်ကျရေးအတွက် တော်လှန်ရေးအင်အားစုများဟန်ချက်ညီညီ စုပေါင်းအင်အား စုပေါင်းခေါင်းဆောင်မှုဖြင့် စုပေါင်းပြီး အလုပ်လုပ်ဆောင်ရန် လိုအပ်နေကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC) အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ် က ပြောကြားသည်။

TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ်

ဇွန်-၉၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီပြုတ်ကျရေးအတွက် တော်လှန်ရေးအင်အားစုများဟန်ချက်ညီညီ စုပေါင်းအင်အား စုပေါင်းခေါင်းဆောင်မှုဖြင့် စုပေါင်းပြီး အလုပ်လုပ်ဆောင်ရန် လိုအပ်နေကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC) အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ် က ပြောကြားသည်။

လက်ရှိ ကာလသည် တော်လှန်ရေး၏ အမြင့်ဆုံး ရေချိန်အမှတ်သို့ ရောက်ရှိနေချိန်ဖြစ်ကြောင်း TPCC၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းနိုင်ဂေါင်ဇာရ်က ပြောသည်။

“ဒီတိုက်ပွဲဟာ ကျနော်တို့ရဲ့ အဆုံးသတ်တိုက်ပွဲဖြစ်တယ်။ ဒါကြောင့်ဒီအကြမ်းဖက်စစ်ကောင်စီ ပြတ်ကျဖို့အတွက် ကျနော်တို့တော်လှန်ရေးအင်အားစုတွေ ဟန်ချက်ညီညီ စုပေါင်းအင်အား၊ စုပေါင်းခေါင်းဆောင်မှု စုပေါင်းလုပ်ဆောင်မှုတွေနဲ့အတူ အလုပ်လုပ်ဖို့လိုအပ်တယ်” ဟုမိုင်းနိုင်ဂေါင်ဇာရ်က ပြောသည်။

Public Service Announcement

Public Service Announcement

တဖက်တွင်လည်း စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေချိန်ဖြစ်၍ ပြည်သူများလည်း နိုင်ရာဝန်ကိုထမ်းပြီး တော်လှန်ရန်လိုအပ်ကြောင်း ၎င်းကတိုက်တွန်းသည်။

“ဒီတော်လှန်းရေးအင်အားစုနဲ့ ကျနော်တို့ပြည်သူတွေဒီအားတွေ စုမိသွားပီဆိုရင် အောင်ပွဲက အမြန်ဆုံးရရှိလိမ့်မယ်လို့ ယုံကြည်တယ် ။စုမိဖို့ သွားနေတဲ့အချိန်မှာ အခက်အခဲ အတားအဆီးတွေ အများကြီးကြုံရပါလိမ့်မယ် ဒါကြောင့် သတိဝိရိယရှိရှိနဲ့ သွား‌ဖို့လိုအပ်တယ်လို့ နောက်ဆုံးအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မိုင်းနိုင်ဂေါင်ဇာရ်က ပြောကြားသည်။

တအာင်းအမျိုးသားပါတီ -TNP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA နှင့် တအာင်းအရပ်ဖက်အစုအဖွဲများပါဝင်သည့် TPCC က တအာင်းပြည်ကောင်စီ(TLC) ကို ဖွဲ့စည်း ကြောင်း ဪဇွန်လ ၉ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တော်လှန်းရေးကာလအတွင်းမဟာမိတ်တော်လှန်ရေးအင်အားစုများဖြင့် ဆက်လက် လက်တွဲ လုပ်ဆောင်သွားမည်ဟု အသိပေးခဲ့သည်။ ထို့ပြင် TLC အနေဖြင့် တအာင်းတပ်မတော်နှင့် မဟာမိတ်များ သိမ်းပိုက်ထားပြီးဖြစ်သည့် နယ်မြေများကို အခြေခံကာ တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ယခုနှစ်အတွင်း အမြန်ဆုံးဖွဲ့စည်းသွားမည်ဟုလည်း ဆိုသည်။မြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဟု​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။