Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် စစ်​ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲရွာအတွင်းလက်နက်ကြီးဖြင့်ပစ်၍ပြည်သူအချို့ဒဏ်ရာရ၊ ​နေအိမ်များပျက်စီး

အကြမ်းဖက်စစ်တပ်သည် ပုလဲမြို့အထွက် ဘီးခွန်ဂိတ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ တိုက်ပွဲမရှိဘဲကျေးရွာများပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ လူနေအိမ်များပျက်စီးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီဝန်းကျင်ကအကြမ်းဖက်စစ်ကောင်စီတပ်များသည် ပုလဲမြို့ဘက်မှ ကျေးရွာများဆီကို လက်နက်ကြီးများဖြင့် ၇ချက်ခန့် ပစ်ခတ်ခဲ့ရာ မြကုန်းကျေးရွာနှင့် သေတ္တရာကျေးရွာ ပြည်သူ့နေအိမ်များအပေါ် ကျရောက်ခဲ့ကြောင်း၊ မြကုန်းကျေးရွာ လူနေအိမ်(၅)လုံးမှာ သွပ်မိုးများစကာပေါက်ဖြစ်သည်အထိ ထိခိုက်ပျက်စီးခဲ့ပြီးနေအိမ်(၁)လုံးမှာ ဆိုးဆိုးဝါးဝါးပျက်စီးသွားကြောင်း၊ နွားတစ်ကောင်လည်း ခြေထောက် လက်နက်ကြီးအဆံ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း၊ သေတ္တရာကျေးရွာတွင်လည်း လက်နက်ကြီးကျရောက်မှုကြောင့် လူနေအိမ်(၅)လုံးပျက်စီးခဲ့ကြောင်း၊ ၎င်းကျေးရွာများမှ ပြည်သူ(၄)ဦး ထိခိုက်ဒဏ်ရာရကာ (၁)ဦးမှာ လက်မောင်းထိမှန်သော ဒဏ်ရာပြင်းထန်၍ ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်းပုလဲမြို့နယ် ဒေသတွင်းဖြစ်စဥ်များ သတင်းထုတ်ပြန်နေသည့် Pale Entertainment က အသိပေးသည်။

ဓါတ်ပုံ- pale_entertainment

“တိုက်ပွဲဖြစ်နေတာမျိုးမဟုတ်ဘဲ ရွာထဲကိုလက်နက်ကြီးနဲ့ရည်ရွယ်ချက်ရှိရှိနဲ့ကို လှမ်းပစ်ခဲ့တာပါ”ဟု ပုလဲဒေသခံတစ်ဦးက ပြောသည်။

ဓါတ်ပုံ- pale_entertainment

အကြမ်းဖက်စစ်တပ်သည် ပုလဲမြို့အထွက် ဘီးခွန်ဂိတ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းတွင် ပုလဲမြို့နယ်သည် PDFအားကောင်းလှသည့်ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီ၏ ပစ်မှတ်ထားခြင်းခံရသည့်ဒေသတစ်ခုဖြစ်ကာ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ မကြာခဏတိုက်ပွဲများဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

Facebook