Connect with us

Hi, what are you looking for?

နိုင်ငံတကာ

F-16 တိုက်လေယာဉ်ကို တိုက်ခိုက်နိုင်ခဲ့ကြောင်း အီရန် ထုတ်ပြန်ချက်ကို အမေရိကန် ပယ်ချ

အမေရိကန် တိုက်လေယာဉ်ကို ဒုံးကျည်နဲ့ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း အီရန်ရဲ့ ထုတ်ပြန်ချက်ကို အမေရိကန်က ငြင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် တိုက်လေယာဉ်ကို ဒုံးကျည်နဲ့ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း အီရန်ရဲ့ ထုတ်ပြန်ချက်ကို အမေရိကန်က ငြင်းဆိုလိုက်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသထဲက အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ ဗဟိုစစ်ဌာနချုပ် (CENTCOM)က အီရန် အစိုးရ မီဒီယာမှာ ဖော်ပြထားတဲ့ သတင်းကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ အီရန်ရဲ့ အဆိုအရ ပင်လယ်ကွေ့ ဒေသမှာ ပျံသန်းနေတဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ ဒုံးကျည် ထိမှန်တာကြောင့် ထိခိုက်ပျက်စီးပြီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၀ ညပိုင်းမှာ အီရန်ရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေဟာ ရန်သူ့ တိုက်လေယာဉ်ကို ပစ်ခတ်နိုင်ခဲ့တာကြောင့် F-16က နီးစပ်ရာ လေဆိပ်တစ်ခုဆီ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း အီရန်မီဒီယာက ဆိုပါတယ်။

F-16 တိုက်လေယာဉ်ကို အီရန်က တိုက်ခိုက်ခဲ့တာမျိုး လုံးဝမရှိခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်နေ့မှာ CENTCOMက ထုတ်ပြန်ခဲ့ပါတယ်။ လတ်တလော အရှေ့အလယ်ပိုင်း ဒေသမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်လေယာဉ်တွေ အားလုံး ဘေးကင်းကင်းနဲ့ ရှိနေကြတယ်လို့လည်း CENTCOMက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်၊ အစ္စရေးတို့နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကာလ တလျှောက်မှာ အီရန်ဟာ အမေရိကန် လေယာဉ်တွေကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်၊ ဒါမှမဟုတ် ထိခိုက်ပျက်စီးစေခဲ့တယ် ဆိုတာမျိုး အရင်ကလည်း အကြိမ်တချို့ ထုတ်ပြန်ခဲ့ဖူးပြီး အများစုကို အမေရိကန်က ငြင်းဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ လကုန်ပိုင်းမှာ စတင်ခဲ့တဲ့ အီရန်စစ်ပွဲဟာ လတ်တလောမှာ အတော်လေး ငြိမ်သက်နေပေမယ့် ကြိုကြားကြိုကြား အကန့်အသတ်နဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေပြီး ဒေသတွင်းက အမေရိကန် မဟာမိတ် အာရပ်နိုင်ငံတွေကလည်း အီရန် ဒရုန်းတွေကို ကြားဖြတ် ပစ်ချနေရကြောင်း ကြေညာထားကြပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

Facebook