Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန် အပစ်ရပ်တော့မယ်လို့ ထရမ့်ကြေညာ

အစ္စရေးနဲ့ အီရန်ကြား ၁၂ ရက်ကြာ လေကြောင်းတိုက်ခိုက်မှုတွေအပြီး အပစ်အခတ် ရပ်စဲဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

The New York Times

အစ္စရေးနဲ့ အီရန်ကြား ၁၂ ရက်ကြာ လေကြောင်းတိုက်ခိုက်မှုတွေအပြီး အပစ်အခတ် ရပ်စဲဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

အမေရိကန်က အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံ ၃ ခုကို ဝင်ရောက် ဗုံးကြဲခဲ့တဲ့နောက် ၂ ရက်လောက်အကြာ ဇွန်လ ၂၄ ရက်နေ့မှာ အမေရိကန်ဆီက အခု ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာပါ။ ထရမ့်က အီရန်ရော၊ အစ္စရေးပါ စစ်ဆင်ရေးဆိုင်ရာ နောက်ဆုံးအဆင့် မစ်ရှင်တွေကို လက်စသတ်ပြီးရင် ၂၄ နာရီအတွင်း အပစ်အခတ် ရပ်စဲမှု အသက်ဝင်မှာဖြစ်ကြောင်း၊ အဲဒီကနေတဆင့် စစ်ပွဲကို အလုံးစုံ ရပ်တန့်နိုင်စေမှာဖြစ်ကြောင်း သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေး ကာလအတောအတွင်း တစ်ဖက်စီဟာ ငြိမ်းချမ်းပြီး လေးစားမှု ရှိနေမှာ ဖြစ်ကြောင်း၊ မျှော်လင့်ထားတဲ့အတိုင်း အားလုံး ဖြစ်လာမယ်ဆိုရင် ၁၂ ရက်စစ်ပွဲလို့ ခေါ်ရမယ့် ပဋိပက္ခကို အဆုံးသတ်စေမယ့် သက်လုံ၊ သတ္တိနဲ့ အသိဉာဏ်တွေ ပြသခဲ့ကြတဲ့အတွက် အစ္စရေးရော၊ အီရန်ကိုပါ သူ့အနေနဲ့ ဂုဏ်ပြု ချီးကျူးလိုကြောင်း ထရမ့်က ဆိုပါတယ်။

သူက အစ္စရေးနဲ့ အီရန်ကြားက အလုံးစုံ အပစ်အခတ် ရပ်စဲမှုဟာ လာမယ့် နာရီပိုင်းတွေအတွင်း ဖြစ်ပေါ်လာလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဒီစစ်ပွဲဟာ နှစ်တွေနဲ့ချီ ကြာမြင့်သွားနိုင်ပြီး အရှေ့အလယ်ပိုင်း ဒေသမှာ ပျက်စီးရာ ပျက်စီးကြောင်းတွေ ကြုံလာစေနိုင်ကြောင်း၊ ဒါပေမဲ့ အဲဒီလို မဖြစ်ခဲ့သလို လုံးဝလည်း ဖြစ်လာမှာ မဟုတ်ကြောင်း၊ အစ္စရေး၊ အီရန်နဲ့ အရှေ့အလယ်ပိုင်းကို ဘုရားသခင် ကောင်းချီးပေးဖို့၊ အမေရိကန်ကို၊ ကမ္ဘာကြီးကို ဘုရားသခင် ကောင်းချီးပေးဖို့ ဆုတောင်းကြောင်းလည်း ထရမ့်က ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကတော့ အစ္စရေးက ဆက်မတိုက်တော့ဘူးဆိုရင် အီရန်ကလည်း လက်တုံ့ပြန်မှုတွေကို ဆက်လုပ်ဖို့ ဆန္ဒမရှိကြောင်း ပြောကြားထားပါတယ်။ သူက စစ်ပွဲကို အစ္စရေးက စခဲ့တာဖြစ်ပြီး အဲဒီလို တရားလက်မဲ့ ကျူးကျော် ရန်စမှုတွေကို အစ္စရေးဖက်က ရပ်လိုက်မယ်ဆိုရင် အီရန်ကလည်း ဆက်ပြီး တိုက်ခိုက်နေမှာ မဟုတ်ကြောင်း လူမှုကွန်ရက် မီဒီယာ Xကနေ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

အီရန်ဟာ ထရမ့်ကြေညာတဲ့ အပစ်အခတ် ရပ်စဲရေး ကြေညာချက် မတိုင်ခင် ဇွန်လ ၂၃ ရက် ညပိုင်းက ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်နားက အမေရိကန်ရဲ့ လေတပ်စခန်း တစ်ခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။ ဒါဟာ အီရန်ရဲ့ နျူကလီးယား စခန်းတွေကို အမေရိကန်က ဗုံးကြဲခဲ့တဲ့အတွက် လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ ကာတာက နိုင်ငံရဲ့ လေပိုင်နက်ကို ကျူးကျော်ပြီး အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အပြင်းအထန် ရှုတ်ချကြောင်း ကြေညာပါတယ်။ ပြီးတော့ ကာတာရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက အီရန် ဒုံးကျည်တွေကို အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ထရမ့်ကတော့ အီရန်ရဲ့ တိုက်ခိုက်မှုဟာ အတော်လေး အားနည်းခဲ့တယ်လို့ မှတ်ချက်ပေးပြီး တိုက်ခိုက်မှု မတိုင်ခင် ကြိုတင် အသိပေး အကြောင်းကြားတဲ့ အီရန် အာဏာပိုင်တွေကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်ဟာ အီရန်ဒုံးကျည်တွေ လေတပ်စခန်းနား ရောက်မလာခင် ကတည်းက အမှုထမ်းတွေကို ကြိုတင် ပြောင်းရွှေ့ထားနိုင်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုအပြီး နာရီပိုင်း အကြာမှာ ထရမ့်က အီရန်နဲ့ အစ္စရေး အပစ်ရပ်တော့လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။