Connect with us

Hi, what are you looking for?

နိုင်ငံတကာ

TikTokကို ဝယ်ဖို့ အရမ်းချမ်းသာတဲ့ ပုဂ္ဂိုလ်တချို့ အသင့်ရှိနေကြောင်း ထရမ့်ပြော

TikTokကို ဝယ်ယူဖို့ အမေရိကန်ရဲ့ အရမ်း ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တချို့က အသင့်ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Getty Images

TikTokကို ဝယ်ယူဖို့ အမေရိကန်ရဲ့ အရမ်း ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တချို့က အသင့်ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

တရုတ်က ပိုင်ဆိုင်ပြီး ကမ္ဘာပေါ်မှာ လူသုံးအများဆုံး စာရင်းဝင် လူမှုကွန်ရက် မီဒီယာ တစ်ခုဖြစ်လာတဲ့ TikTokဟာ အမျိုးသား လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်တယ်လို့ စွပ်စွဲပြီး သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်တုန်းက အမေရိကန်မှာ သုံးစွဲခွင့် ပိတ်ထားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီပိတ်ပင်မှုကို ထရမ့်က ဆိုင်းငံ့ပေးထားပြီး တခြားတစ်ဖက်မှာတော့ TikTokကို အမေရိကန်ပိုင်အဖြစ် လက်လွှဲဝယ်ယူနိုင်ရေး တွန်းအားပေးနေပါတယ်။

Fox သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ထရမ့်က အရမ်းချမ်းသာတဲ့ ပုဂ္ဂိုလ်တချို့ဟာ TikTokကို လက်လွှဲဝယ်ယူဖို့ လိုလားနေကြတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပိုပြီး အသေးစိတ်ကျတဲ့ အချက်အလက်တွေကိုတော့ နောက်နှစ်ပတ်လောက် အတောအတွင်းမှာ သူ့အနေနဲ့ ထုတ်ပြောနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

TikTokကို မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDanceက ရောင်းချချင်တယ် ဆိုရင်တောင်မှ တရုတ် အစိုးရဆီက ခွင့်ပြုချက်ကို လိုအပ်မှာပါ။ ဒါပေမဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အဲဒီ အရောင်းအဝယ်ကို ခွင့်ပြုပေးလိမ့်မယ်လို့ သူယုံကြည်ကြောင်း ထရမ့်က ဆက်ပြောပါတယ်။

ByteDanceဖက်ကတော့ ထရမ့်ရဲ့ အဆိုနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဧပြီလတုန်းကလည်း TikTokကို အမေရိကန် ဝယ်လက်တွေဆီ ရောင်းချဖို့ စီစဉ်ခဲ့ဖူးပေမယ့် အဲဒီတုန်းက ထရမ့်ဟာ တရုတ် အစိုးရနဲ့ ကုန်သွယ်ရေး မူဝါဒတွေ ခါးခါးသီးသီး ပြိုင်ဆိုင်နေခဲ့တာကြောင့် ဆွေးနွေးမှု ပျက်ခဲ့ပါတယ်။

ထရမ့်က အခုရည်ညွှန်းတဲ့ အရမ်းချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေ ဆိုတာဟာ အဲဒီတုန်းက ဝယ်လက်တွေပဲ ဖြစ်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အမေရိကန် လွှတ်တော်ဟာ TikTokအနေနဲ့ အမေရိကန် လုပ်ငန်းရှင်တွေဆီ လက်လွှဲ ရောင်းချခြင်း မရှိဘူးဆိုရင် ပြည်တွင်းမှာ အသုံးပြုခွင့် ပိတ်ပင်ခံရမယ်ဆိုတဲ့ ဥပဒေကို မနှစ်က ဧပြီလမှာ အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းက TikTokကို ပစ်မှတ်ထား ဝေဖန်ထိုးနှက်တာတွေ လုပ်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲကြို ကာလမှာ ကတည်းက TikTokကို အမေရိကန်က ဝယ်ယူပြီး ပြည်တွင်းမှာ ဆက်လက် အသုံးပြုခွင့် ရသင့်တယ်ဆိုတဲ့ သဘောထားမျိုးနဲ့ မဲဆွယ် စည်းရုံးခဲ့ပါတယ်။

ByteDanceဟာ ကုမ္ပဏီကို အမေရိကန် ပိုင်ဆိုင်မှုဆီ လွှဲပြောင်းစရာ မလိုဘဲ ဆက်လက် လည်ပတ်ခွင့်ရအောင် တရားရေးအရ စိန်ခေါ်ခဲ့ပေမယ့် အမေရိကန် တရားရုံးချုပ်ကတော့ အဲဒီ အယူခံကို ပယ်ချထားပါတယ်။

ကိုးကား: Fox

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။