Connect with us

Hi, what are you looking for?

သတင်း

ရွှေညဝါဆရာတော်၏ ရုပ်ကလာပ်ကို တစ်ပတ်ကြာအပူဇော်ခံမည်

ပျံလွန်တော်မူသွားတဲ့ ရွှေညဝါဆရာတော်၏ ရုပ်ကလာပ်ကို တစ်ပတ်ကြာ အပူဇော်ခံမှာဖြစ်ပြီး လာမယ့် ဇူလိုင် ၁၆ရက် ဗုဒ္ဓဟူးနေ့မှာ မှော်ဘီမြို့မသုဿန်ကိုပင့်ဆောင်ပြီး ဈာပနပူဇာသဘင် ကျင်းပမယ်လို့ ဆရာတော်ရဲ့ ဈာပနအခမ်းအနားကျင်းပရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် – ၁၀၊၂၀၂၅/People’s Spring

ပျံလွန်တော်မူသွားတဲ့ ရွှေညဝါဆရာတော်၏ ရုပ်ကလာပ်ကို တစ်ပတ်ကြာ အပူဇော်ခံမှာဖြစ်ပြီး လာမယ့် ဇူလိုင် ၁၆ရက် ဗုဒ္ဓဟူးနေ့မှာ မှော်ဘီမြို့မသုဿန်ကိုပင့်ဆောင်ပြီး ဈာပနပူဇာသဘင် ကျင်းပမယ်လို့ ဆရာတော်ရဲ့ ဈာပနအခမ်းအနားကျင်းပရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဆရာတော်ရဲ့ ဈာပနအခမ်းအနားမှာ ‌ရွှေဟင်္သာတောရ ဆရာတော်နဲ့ တွံတေးဆရာတော်တို့က ချီးမြှင့်ဟောကြားမယ်လို့ ဆိုပါတယ်။ လာမယ့် စနေနေ့ နေ့လည် ၁နာရီမှာ စံကျောင်းချအခမ်းအနားလုပ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့ နေ့လည် ၁နာရီအချိန်မှာ မှော်ဘီမြို့မသုဿန်ကိုပင့်ဆောင်မယ်လို့ ဈာပနအခမ်းအနားကျင်းပရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရွှေညဝါဆရာတော်၏ ရုပ်ကလာပ်ထားရှိရာကျောင်းဆောင်နဲ့ ဈာပနအခမ်းအနားဖိတ်စာ။ ဓာတ်ပုံ – နာရေးကူညီမှုအသင်း-ရန်ကုန် ၊ ကွီးဂဏန်း/FB

Public Service Announcement

Public Service Announcement

ရွှေညဝါဆရာတော်ကြီးဟာ တကျော့ပြန် စစ်တပ်အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဖမ်းဆီးခံရပြီး ၂၀၂၂ နိုဝင်ဘာ ၁၇ရက်မှာ ထောင်က ပြန်လွတ်လာပြီးနောက် ထောင်ကပါလာတဲ့ အသည်း‌ရောဂါကို အာရှတော်ဝင်ဆေးရုံမှာ ကုသမှုခံယူနေရင်း ဒီကနေ့(ဇူလိုင် ၁၀ရက်) နံနက် ၂နာရီ ၄၅မိနစ်အချိန်မှာ ပျံလွန်တော်မူသွားတာ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ရန်ကုန်မြို့၊မှော်ဘီမြို့နယ်က ရွှေညဝါတောရကျောင်းတိုက်မှာ ပူဇော်ထားရှိပါတယ်။

ဆရာတော်ဟာ ကွယ်လွန်ချိန်မှာ သက်တော် (၆၁)နှစ်၊ ဝါတော်(၄၀) ရှိပြီဖြစ်ပါတယ်။

နိုင်ငံရဲ့အရေးတိုင်း တက်ကြွစွာပါဝင်ခဲ့တဲ့ ရွှေညဝါဆရာတော်ကြီး ပျံလွန်တော်မူရတဲ့ဖြစ်စဉ်ဟာ စစ်အာဏာရှင်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ သတ်လိုက်တာလို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ကြားလိုက်ပါတယ်။

ရွှေညဝါဆရာတော်ကြီးဟာ မတရားဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်ထဲက ရလာတဲ့ ရောဂါတွေနဲ့ စစ်အာဏာရှင်တွေက ကောင်းစွာဆေးကုသခွင့်မပေးခဲ့တာကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ အသတ်ခံခဲ့ရတာလို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ကြားပါတယ်။

ဆရာတော်ကြီးဟာ ဖမ်းဆီးမခံရမီ ကိုဗစ်ကာလကတည်းက ကျန်းမာရေးကောင်းမွန်ခြင်းမရှိဘဲ စစ်အာဏာရှင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ရွှေဝါရောင်ဆရာတော် မင်းသုညက မိန့်ကြားပါတယ်။

ရွှေညဝါဆရာတော်ကြီးပျံလွန်မူသွားတာဟာ သာသနာအတွက်ရော တော်လှန်ရေးအတွက်ပါ ဆုံးရှုံးမှုကြီးမားတယ်လို့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ)ကလည်း မိန့်ကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လူသိများထင်ရှားသူ ရွှေညဝါ ဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပန ကို မှော်ဘီမြို့ ၊ ရွှေညဝါတောရသာသနာပြုကျောင်းတိုက်မှာ ဒီနေ့မှာ ပြုလုပ်နေပါတယ်။

ဆောင်းပါး

အင်းစိန်ထောင်ကနေ တရက်တည်းမှာ အတူတူ လွတ်မြောက်လာတဲ့ ရွှေညဝါဆရာတော်နဲ့ စာရေးဆရာ မောင်သာချိုတို့ဟာ ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်မှာလည်း လူ့ဘောင်လူ့လောကကနေ တရက်တည်း တပြိုင်တည်း ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။

သတင်း

တစ်ရက်တည်း ဆုံးပါးသွားကြတဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟရဲ့ ဈာပနနဲ့ စာရေးဆရာ မောင်သာချိုရဲ့နာရေးကို ဇူလိုင် ၁၂ရက်နဲ့ ၁၆ ရက်တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သတင်း

နိုင်ငံရဲ့အရေးတိုင်း တက်ကြွစွာပါဝင်ခဲ့တဲ့ ရွှေညဝါဆရာတော်ကြီး ပျံလွန်တော်မူရတဲ့ဖြစ်စဉ်ဟာ စစ်အာဏာရှင်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ သတ်လိုက်တာလို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ကြားလိုက်ပါတယ်။