Connect with us

Hi, what are you looking for?

သတင်း

ရွှေညဝါဆရာတော်ရဲ့ စျာပနနဲ့ ဆရာမောင်သာချိုရဲ့ နာရေးအစီအစဥ်

တစ်ရက်တည်း ဆုံးပါးသွားကြတဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟရဲ့ ဈာပနနဲ့ စာရေးဆရာ မောင်သာချိုရဲ့နာရေးကို ဇူလိုင် ၁၂ရက်နဲ့ ၁၆ ရက်တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - နာရေးကူညီမှုအသင်း-ရန်ကုန်၊ Apk Cartoonist

ဇူလိုင် – ၁၁၊ ၂၀၂၅။ဇေအောင်/People’s Spring

တစ်ရက်တည်း ဆုံးပါးသွားကြတဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟရဲ့ ဈာပနနဲ့ စာရေးဆရာ မောင်သာချိုရဲ့နာရေးကို ဇူလိုင် ၁၂ရက်နဲ့ ၁၆ ရက်တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရွှေညဝါဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပနအခမ်းအနားကို လာမယ့် ဇူလိုင် ၁၆ ရက်မှာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ ဘုရားလမ်းကျေးရွာရှိ ရွှေညဝါတောရ သာသနာပြုကျောင်းတိုက်ကနေ မှော်ဘီမြို့မသုဿန်သို့ ပို့ဆောင်ပြီး စျာပနအခမ်းအနားကျင်းပသွားမယ်လို့ စျာပနကျင်းပရေးကော်မတီက အသိပေးပါတယ်။

ကြားရက်တွေမှာလည်း ဆရာတော်ကြီးတွေရဲ့ တရားပွဲတွေနဲ့အတူ စျာပနပူဇော်ပွဲကို ၆ရက်ကြာကျင်းပသွားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆရာမောင်သာချိုရဲ့ နာရေးကိုတော့ ဇူလိုင် ၁၂ရက် ညနေ ၄ နာရီ ရေဝေးသုဿန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

ရွှေညဝါဆရာတော်နဲ့ ဆရာမောင်သာချိုတို့ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့မှာ မတရားဖမ်းဆီးခံရပါတယ်။ အဲဒီနောက် နှစ်နှစ်နီးပါးအကြာ ၂၀၂၂ နိုဝင်ဘာ ၁၇ ရက်မှာလည်း တစ်ရက်တည်း နှစ်ဦးအတူတူ ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။

နှစ်ဦးလုံးဟာ ထောင်ထဲကရလာတဲ့ ရောဂါတွေကို ကုသရင်း ကွယ်လွန်ခဲ့ကြတာဖြစ်ကြောင်း နီးစပ်သူတွေက ပြော​ပါတယ်။

ရွှေညဝါဆရာတော်ဟာ ပျံလွန်တော်မူချိန် သက်တော်(၆၁)၊ဝါတော်(၄၀)ရှိပြီး ဆရာမောင်သာချိုကတော့ အသက်(၆၈)နှစ်ရှိပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လူသိများထင်ရှားသူ ရွှေညဝါ ဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပန ကို မှော်ဘီမြို့ ၊ ရွှေညဝါတောရသာသနာပြုကျောင်းတိုက်မှာ ဒီနေ့မှာ ပြုလုပ်နေပါတယ်။

သတင်း

မြန်မာစာပေ မှာ လူသိများထင်ရှားတဲ့ စာရေးဆရာလည်းဖြစ် ၊ နိုင်ငံရေးအကျဉ်း သားဟောင်းလည်းဖြစ်သူ စာရေးဆရာမောင်သာချို ရဲ့ နာရေးကို ဒီနေ့(ဇူလိုင် ၁၂) ရန်ကုန်မြို့ ၊ ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

အင်းစိန်ထောင်ကနေ တရက်တည်းမှာ အတူတူ လွတ်မြောက်လာတဲ့ ရွှေညဝါဆရာတော်နဲ့ စာရေးဆရာ မောင်သာချိုတို့ဟာ ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်မှာလည်း လူ့ဘောင်လူ့လောကကနေ တရက်တည်း တပြိုင်တည်း ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။

သတင်း

ပျံလွန်တော်မူသွားတဲ့ ရွှေညဝါဆရာတော်၏ ရုပ်ကလာပ်ကို တစ်ပတ်ကြာ အပူဇော်ခံမှာဖြစ်ပြီး လာမယ့် ဇူလိုင် ၁၆ရက် ဗုဒ္ဓဟူးနေ့မှာ မှော်ဘီမြို့မသုဿန်ကိုပင့်ဆောင်ပြီး ဈာပနပူဇာသဘင် ကျင်းပမယ်လို့ ဆရာတော်ရဲ့ ဈာပနအခမ်းအနားကျင်းပရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Facebook