Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲအတွက်ပြင်နေတဲ့မြောက်ဥက္ကာလာပ ပြည်ခိုင်ဖြိုးရုံးကို​တော်လှန်​ရေးနှစ်ဖွဲ့တိုက်ခိုက်

စစ်ကောင်စီ၏ရွေးကောက်ပွဲကိစ္စများ‌ဆောင်ရွက်နေသည့် ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်ရှိ ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီရုံးကို ဇူလိုင် ၁၁ ရက်ညတွင် ၄၀မမ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့တာဝန်ရှိသူကပြောသည်။

​မြောက်ဥက္ကလာပ ပြည်ခိုင်ဖြိုးရုံးတွင် ၂၀၁၇ ခုနှစ်က အစည်းအ​ဝေးလုပ်ခဲ့စဥ်။ဓါတ်ပုံ-ပြည်ခိုင်ဖြိုး

ဇူလိုင်-၁၂၊၂၀၂၅။သတိုး/People’s Spring

စစ်ကောင်စီ၏ရွေးကောက်ပွဲကိစ္စများ‌ဆောင်ရွက်နေသည့် ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်ရှိ ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီရုံးကို ဇူလိုင် ၁၁ ရက်ညတွင် ၄၀မမ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့တာဝန်ရှိသူကပြောသည်။

“ရွေးကောက်ပွဲနဲ့ပတ်သက်သမျှကျနော်တို့တိုက်ခိုက်သွားမယ်ဘဲပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။

ဇူလိုင် ၁၁ ရက် ည ၁၀ နာရီခန့်တွင် Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖတို့ပူးပေါင်း၍ အဝေးပစ်လောင်ချာဖြင့် ၄၀ မမနှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ညက​ေးကင်းတွေပတ်နေတော့အပြန်ဂရုစိုက်ပြန်ရတယ်၊အားလုံးအေးအေးချမ်းချမ်းပြန်နိုင်ခဲ့ပါတယ်” ဟု အဖွဲ့သားအားလုံးဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

အဆိုပါတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ၊မရှိ အတည်မပြုနိုင်သော်လည်း ယင်းမြို့နယ် ကြံ့ခိုင်ရေးဥက္ကဌ၏ ကား ပျက်‌ဆီးသွားသည်ဟု ၎င်းကဆိုသည်။

တရားမဝင်ရွေးကောက်ပွဲကိုဆန့်ကျင်ရန် နှင့် ပစ်မှတ်အားထိထိရောက်ရောက်ပစ်ခတ်နိုင်ခဲ့သည်ဟု အနောက်ပိုင်းခရိုင် ပကဖ က သတင်းထုတ်ပြန်ထားသည်။

Yangon Army နှင့် အနောက်ပိုင်းခရိုင် ပကဖတို့သည် ဇွန်လအတွင်းက ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံး နှင့် မှော်ဘီရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ကြ​သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

အခြေခံပညာကျောင်းတွေစဖွင့်တဲ့ ဒီနေ့(ဇွန်၁)မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ခုအနီးက ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ခဲ့လို့ အပင်အောက်မှာ မိုးခိုနေတဲ့ဆရာမနဲ့ ကျောင်းသား ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။