Connect with us

Hi, what are you looking for?

သတင်း

SOFတပ်ဖွဲ့စည်းမှု (၄)နှစ်ပြည့်အခမ်းအနား ကရင်၊မွန်နှင့် ပဲခူးရှိ တပ်ရင်းအထိုင်ချစခန်းများ၌ ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999 -အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို ကရင်ပြည်နယ်၊ မွန်ပြည် နယ် နှင့် ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းများ၌ တပြိုင်တည်းကျင်းပခဲ့ကြောင်း SOFက ယနေ့(ဇူလိုင်၂၂) ထုတ်ပြန်သည်။

ဓာတ်ပုံ - SOF

ဇူလိုင် -၂၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999 -အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို ကရင်ပြည်နယ်၊ မွန်ပြည် နယ် နှင့် ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းများ၌ တပြိုင်တည်းကျင်းပခဲ့ကြောင်း SOFက ယနေ့(ဇူလိုင်၂၂) ထုတ်ပြန်သည်။

အဆိုပါအခမ်းအနားများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

လေးနှစ်တာတော်လှန်ရေးခရီးအတွင်းအသက်၊သွေး၊ချွေးတို့ကိုပဓာဏ မထားဘဲ တနိုင်ငံလုံး လွတ်လပ်ရေးအတွက် တိုက်ခိုက်ရုန်းကန်ခဲ့ကြသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၏ နှစ်ပတ်လည်သို့ သဝဏ်လွှာ ပို့ခွင့်ရ၍ ဝမ်းမြောက်ဂုဏ်ယူကြောင်းကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြခဲ့ပြီးအသက်ခန္ဓာ၊ ဘဝတို့ကို ပေးဆပ်စွန့်လွှတ်သွားသည့် ပြည်သူ့သူရဲကောင်း ရဲဘော်များကို လေးနက်တည်ကြည်စွာဖြင့် ဦးညွှတ်ကြောင်း ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် တော်လှန်ရေး၏ ကြမ်းတမ်းသော အချိန်များအတွင်း အခက်အခဲ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရပ်တည်နေကြသော ပြည်သူ့သူရဲကောင်းများနှင့်အတူ နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်သည်အထိဆက်လက် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း ကာကယ်ရေးဝန်ကြီးဌာနက ကတိသစ္စာပြုကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

ပြည်သူလူထုအတွက် ယုံကြည်အားကိုးရသော တပ်မတော်တရပ် ဖြစ်လာရန် ကြိုးစားအားထုတ် ရမည်ဖြစ်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

SOF တာဝန်ခံ ရဲဘော်အောင်စံရှားကလည်း “SOF တော်လှန်ရေး (၄) နှစ်မှသည် ပြီးဆုံးအောင်မြင်သည်အထိ ဆက်လက်ချီတက်ကြပါစို့”ဟုတပ်ဖွဲ့ ၏ လေးနှစ်ပြည့် အခမ်းအနား သတင်းထုတ်ပြန်ချက်တွင် မှတ်ချက်ရေးသားခဲ့သည်။

SOFတပ်ဖွဲ့ လေးနှစ်ပြည့် အခမ်းအနားများတွင် ၂၀၂၄ ဇူလိုင်မှ ၂၀၂၅ ဇူလိုင်အတွင်း မြင့်မြတ်စွာအသက်ပေးလှုခဲ့ကြသည့် SOF ကျဆုံးရဲဘော်များအား “သက်စွန့်အာဇာနည်ဆုတံဆိပ်”များချီးမြှင့်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံး၍ ထိခိုက်ဒဏ်ရာပြင်းထန်စွာရသည့်တိုင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများကို ကိုယ်ကျိုးစွန့်သူရဲကောင်းဆုတံဆိပ်များ ချီးမြှင့်ခြင်း ပြုလုပ်ခဲ့ဟု အသိပေးသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF အား ၂၀၂၁ ဇူလိုင် ၂၁ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) အပါ အဝင် ဒေသတွင်း တော်လှန်ရေး တပ်များဖြင့် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအတွင်း စစ်ကောင်စီရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကြောင့် ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၃၀နီးပါး သေဆုံးခဲ့ရတဲ့ ညောင်လေးပင်က ပူဆွေးမှုတွေ၊ မျက်ရည်တွေ မခြောက်သေးခင်မှာပဲ စစ်ကောင်စီက ပဲခူးမြို့ပေါ်မှာ နာမည်ကြီးဇာတ်အဖွဲ့ ၅ဖွဲ့နဲ့ ရွှေမော်ဓော ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်တွင်းတွေ့ဆုံဆွေးနွေးပွဲကို ပဲခူးတိုင်းမှာ ကျင်းပခဲ့ရာ SOF တပ်ဖွဲ့မှူး၊ စစ်ကြောင်းမှူး၊ ဒု-စစ်ကြောင်းမှူးတွေ ၊ တပ်ခွဲမှူး၊ ဒု-တပ်ခွဲမှူးတွေ ၊ လက်ရုံးအဖွဲ့ခေါင်းဆောင်တွေ၊ ရဲဘော်တွေနဲ့ ရဲဘော်မိသားစုဝင်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို၀င SOFက သတင်းထုတ်ပြန်ပါတယ်။ အဲဒီလို အားလုံးပါဝင်တဲ့...

ဆောင်းပါး

ပဲခူးတိုင်းမှာ ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက PDF ​​​တွေအပါအဝင် ​တော်လှန်​ရေးတပ်​တွေရဲ့ ထိုးစစ်အရှိန် မြှင့်လာခဲ့တာမှာ ဇန်နဝါရီ ၂၈ ရက်​နေ့ကလည်း ပဲခူးတိုင်းအ​ရှေ့ရှမ်းမှာ စစ်တပ်စစ်​ကြောင်း ပျက်​အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။