Connect with us

Hi, what are you looking for?

သတင်း

ပဲခူးမြို့အနီးငလျင်လှုပ် ၊ပဲခူးနဲ့ ရန်ကုန်ကပြည်သူ​တွေသိရှိခံစားရ

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

သြဂုတ်-၂၃၊၂၀၂၆။မိထက်၊သုည/People’s Spring

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

ငလျင်က သြဂုတ်လ ၂၃ ရက်မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်မှာမြေအောက်အနက် ၁၀ ကီလိုမီတာခန့် (၆ မိုင်​ကျော်) ကိုဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

“ငလျင်လှုပ်တာကိုတော့ သိလိုက်တယ်။ အိမ်အပေါ်ဆုံးထပ် ၃ လွှာမှာ ရောက်နေတဲ့အချိန်ဆိုတော့ ငလျင်လှုပ်တာကို ခံစားလိုက်ရတာပါ။ ပဲခူးမှာ တိုက်အမြင့်တွေ အရမ်းမရှိတော့ သိပ်တော့မသိသာဘူး”လို့ ပဲခူးမြို့နေပြည်သူတစ်ဦးက ​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီငလျင်ကိုပဲခူးမြို့နဲ့ပတ်ဝန်းကျင်အပြင် ရန်ကုန်မြို့က သု၀ဏ္ဏ၊ မြောက်ဒဂုံ၊ ‌တောင်ဥက္ကလာစတဲ့မြို့နယ်တွေမှာလည်း သိသိသာသာခံစားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

“အိမ်မှာကရေဗူးကိုထောင်ထားတာ။ ငလျင်လှုပ်တာနဲ့ သိအောင်။ ဒီမနက်ပိုင်းမှာတိုက်ကယိမ်းသွားတယ်လို့ခံစားရလို့ရေဗူးကိုကြည့်တော့ တော်တော်လန့်သွားတာ။ ၅ စက္ကန့်လောက်ကြာတယ် လှုပ်တာ”လို့ မြောက်ဒဂုံမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

မရမ်းကုန်းမြို့နယ်နေ ပြည်သူတဦးကလည်း “ငလျင်က အရမ်းမကြာဘူး။ ဒါပေမယ့် ၇ လွှာမှာဆိုတော့ လှုပ်တာကို သိလိုက်တယ်။ ​ဘုရားမီးသီးတွေတောင် ရမ်းသွားတယ်။ လူကတော့ ခေါင်းနည်းနည်းမူးသွားတာပဲ ရှိတာပါ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းမှာလှုပ်ရှားတဲ့ငလျင်တွေကရန်ကုန်မြို့အထိသက်ရောက်တာ​ကြောင့် မြို့ခံတွေအကြား စိုးရိမ်မှုတွေရှိနေပါတယ်။ဒါ့အပြင်​မြေငလျင်အဖြစ်သတင်းမထုတ်တဲ့ မြေကျွံမှုအချို့ကြောင့်လည်း စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့ဟာဒေးဒရဲပြတ်ရွှေ့ကြောင့်ငလျင်လှုပ်ရှားနိုင်သလို ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေနဲ့ ထိုးစိုက်ဇုန်ကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ရန်ကုန်နဲ့ မိုင်၃၀ကျော်ဝေးတဲ့ ပဲခူးမြို့အနီးကစစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့မှာ ငလျင် လှုပ်စေပါတယ်။​မြေငလျင်ပညာရှင်​တွေက စစ်ကိုင်းပြတ်​ရွေ့က​​​နေ ပဲခူးငလျင်ကြီး လှုပ်ခဲ့ပြီး​​​​​နောက် ပြန်လှုပ်​ခြေရှိတာ​ကြောင့် လူ​နေထုထပ်ပြီး အ​ဆောက်အအုံများတဲ့ ရန်ကုန် ၊ပဲခူးမြို့​တွေအတွက် အထူးသတိပြုကြဖို့ မကြာခဏသတိ​ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်းရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးလာပြီး မိသားစုဝင်တွေကို နာရေးပြုလုပ်ခွင့်ပိတ်ထားတယ်လို့ သေဆုံးသူမိသားစုဝင်တစ်ဦးကပြောပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ Milk Tea Yangon က ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားတွေကို ကျပ် ၁ ထောင်တန် ၊ ၅ ထောင်တန်တွေနဲ့အတူ စာအိတ်ငယ်တွေနဲ့ ထည့်ကာ "မမေ့နဲ့ရန်ကုန်" ကမ်ပိန်း အဖြစ် လူထုကို တော်လှန်သတင်း စကားပါးတဲ့လှုပ်ရှားမှုကို ဒီကနေ့...

သတင်း

မန္တလေးမြို့မှာ ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။