Connect with us

Hi, what are you looking for?

သတင်း

မောတောင် ဒေသခံ ၂ဦးကို အာဏာသိမ်းစစ်တပ် သတ်ဖြတ်

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ တနင်္သာရီမြို့နယ် မောတောင်ဒေသရှိ ပြည်သူ ၂ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

သတ်ဖြတ်ခံရသည့်ဒေသခံနှစ်ဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်သားများ စွန့်ပစ်ခဲ့စဉ်။ ဓာတ်ပုံ-KNU MTD

ဩဂုတ်-၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ တနင်္သာရီမြို့နယ် မောတောင်ဒေသရှိ ပြည်သူ ၂ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

တနင်္သာရီမြို့နယ် သဲဖြူရွာခံ ၂ဦးသည် ဇူလိုင် ၁၅ရက်တွင် ဆေးဝါးအရှာထွက်စဉ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ သတ်ဖြတ်ခံရသည့်ရုပ်အလောင်းများ တွေ့ရှိမှုကို KNU မြိတ်ထားဝယ်ခရိုင်က ဩဂုတ် ၃ရက်ညပိုင်း၌ သတင်းထုတ်ပြန်သည်။

“ရွာသားနှစ်ယောက်ကို စကစ စစ်သား ဖမ်းပြီးသတ်လိုက်တာ။ ရွာသားက ဟိုး မောတောင်လမ်းက သဲဖြူရွာကရွာသားနှစ်ယောက်ပေါ့နော်။ သူတို့က အဲဒီ ဇူလိုင် ၁၅ရက်နေ့မှာ ဆေးသွားရှာတဲ့အချိန်မှာပျောက်သွားတာ။ ဇူလိုင် ၂၈ရက်မှာ အလောင်းပြန်တွေ့တယ်” ဟု ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ယခင်ကလည်း အရပ်သားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းကဆိုသည်။

“ဒါက အရပ်သား ဖြစ်တယ်။စစ်သားလည်းမဖြစ်ဘူး။ ဘာဖြစ်လို့သတ်လဲဆို ထုံးစံအတိုင်းပဲလေ စကစက ပြည်သူလူထုအပေါ်မှာ နှိပ်စက်ညှင်းပမ်းလုပ်တယ်။လူ့အခွင့်အရေးချိုးဖောက်တယ်ပေါ့နော်။ အရပ်သားကိုလည်းပစ်မှတ်ထားတယ်။တခါတလေသူတို့က ရှေ့တန်းထွက်တဲ့အချိန် အရပ်သားကို လျှောက်ဖမ်း လျှောက်သတ်တာမျိုးတော့ ကျင့်သုံးနေတယ်” ဟု ပဒိုစောအယ်နားက ပြောသည်။

KNU တပ်မဟာ(၄) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့သည် တနင်္သာရီ-မောတောင်လမ်း သိန်ခွန်းကျေးရွာ တဝိုက်၌ တိုက်ပွဲများ ဖြစ်ပွားနေသည်။ စစ်ကောင်စီက မောတောင် နယ်စပ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာ၍ စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေး ပူးပေါင်းတပ်များ ၂၀၂၄ ဒီဇင်ဘာကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ထို့ပြင် ပုလောမြို့နယ် ပလ မြို့ အနီးဝန်းကျင်တွင်လည်း ဇူလိုင်လနောက်ဆုံးပတ်က တော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ခဲ့ရာ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။