Connect with us

Hi, what are you looking for?

သတင်း

တမူး၊နမ့်မွန်းတားရွာကို လာတိုက်သည့် စစ်တပ် ပိတ်ဆို့တိုက်ခိုက်ခံရပြီးဆုတ်ခွာထွက်ပြေး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊တမူးမြို့နယ်မှ နမ့်မွန်းတားရွာအား စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်နှင့် ပျူ‌စောထီးပူးပေါင်းတပ် ပိတ်ဆို့တိုက်ခိုက်ခံရပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသည်။

တမူး​ဒေသမှ PDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- တမူးPDF

သြဂုတ်-၆၊၂၀၂၅။အိမ်သွင်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊တမူးမြို့နယ်မှ နမ့်မွန်းတားရွာအား စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်နှင့် ပျူ‌စောထီးပူးပေါင်းတပ် ပိတ်ဆို့တိုက်ခိုက်ခံရပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသည်။

နမ့်မွန်းတားရွာတွင်ဩဂုတ်လ ၅ရက် နေ့လယ်မှစ၍တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်စစ်ကြောင်းသည် နာရီပေါင်းများစွာပိတ်ဆို့တိုက်ခိုက်ခံခဲ့ရပြီး ည ၁၀နာရီခန့်တွင်မှ ပြန်လည်ဆုတ်ခွာထွက် ပြေးသွားခြင်းဟု မြေပြင်သတင်းရင်းမြစ်ကပြောသည်။

“တိုက်ပွဲကတစ်နေ့ခင်းလုံးဖြစ်တယ်။။ ည၇နာရီလောက်မှာရွာက ဘုရားကျောင်းထဲကို ဝင်သွားတော့ PDFတွေက ဝိုင်းပိတ်တိုက်တာ။ စကစဘက်က သေတာတွေရှိတယ်။ ကိုယ့်ဘက့်(PDFဘက်)က လုံးဝအထိခိုက်မရှိဘူး”ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

နမ့်မွန်းတားရွာသည်ကလေး-တမူးအာရှလမ်းပေါ်တွင်တည်ရှိပြီးတမူးမြို့ နှင့်၁၂မိုင်အကွာ၌ရှိသည်။

နမ့်မွန်းတားရွာနှင့် တမူးမြို့ကြား ပန်းသာရွာ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ဇူလိုင်လ ၁၆ရက်ကလည်းပန်းသာရွာမှစစ်တပ်နှင့် ပျူစောထီးစစ်ကြောင်းက ခမိတ်ရွာကိုလာရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။

နမ့်မွန်းတားရွာတွင် ဖြစ်ပွားသောတိုက်ပွဲနှင့်ပတ်သက်၍ တမူးခရိုင် PDFတပ်ရင်းများက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ မြေပြင်သတင်းရင်းမြစ်အချို့၏ပြောကြားချက်အရ စစ်သားအလောင်းနှစ်လောင်း နှင့် သေနတ် ၄ လက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။

တမူးမြို့တွင်ပန်းသာရွာ၊မင်းသာရွာအပြင်နေရာသုံးခု၌ စစ်ကောင်စီက အခိုင်အမာတပ်စွဲထားပြီး ပန်းသာရွာ၌ အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်။တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့်မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကထိန်းချုပ်ထားပြီး စစ်ကောင်စီက တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။