Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာများ သတ်ဖြတ်မှုမရှိ၊ ဘူးသီးတောင်၌ ရုပ်အလောင်းများမှာ စစ်တပ်အလောင်းများဟု AA ပြော

ရက္ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံကျေးရွာ၌ ရိုဟင်ဂျာများကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်သည်ဟုသော စွပ်စွဲချက်များကို အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ငြင်းဆိုလိုက်ပြီး လူမှုကွန်ရက်၌ ပြန့်နှံ့နေသည့် ရုပ်အလောင်းများမှာ ဘူးသီးတောင်တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅)မှ စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများသာ ဖြစ်သည်ဟု ရှင်းလင်းပြောကြားသည်။

အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ထုတ်ပြန်သည့် ထန်းရှောက်ခံကျေးရွာက ရုပ်အလောင်းမြင်ကွင်း။ ဓာတ်ပုံ - ARNC

ဩဂုတ်-၁၃၊ ၂၀၂၅။ နေ့သစ်/People’s Spring

ရက္ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံကျေးရွာ၌ ရိုဟင်ဂျာများကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်သည်ဟုသော စွပ်စွဲချက်များကို အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ငြင်းဆိုလိုက်ပြီး လူမှုကွန်ရက်၌ ပြန့်နှံ့နေသည့် ရုပ်အလောင်းများမှာ ဘူးသီးတောင်တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅)မှ စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများသာ ဖြစ်သည်ဟု ရှင်းလင်းပြောကြားသည်။

ဩဂုတ် ၁၁ရက်က ကျင်းပသည့် AA၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ယခုကဲ့သို့ ပြောကြားပြီး သတင်းထောက်များအနေဖြင့် ထန်းရှောက်ခံကျေးရွာသို့ မြေပြင်ကွင်းဆင်းလိုပါကလုံခြုံရေးအပေါ်မူတည်ပြီး စီစဉ်ပေးမည်ဟု ဖိတ်ခေါ်သည်။

” ရွာသား ၆၀၀ လောက်ကို ULA/AAက အစုလိုက်အပြုံလိုက်သတ်ဖြတ်ထားတယ် ဘာညာဆိုတာ လုံး၀မဟုတ်ပါ”ဟု ဦးခိုင်သုခက ပြောကြားပြီး ဘူးသီးတောင်တိုက်ပွဲကာလ တိုက်ပွဲဖြစ်ပွားခဲ့မှုကို ပြောသည်။

Public Service Announcement

Public Service Announcement

AA၏ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲကာလတွင် ရန်သူစစ်ကောင်စီက ဘူးသီးတောင်မြို့ စကခ (၁၅) ဌာနချုပ်ကို စွန့်ခွာပြီး ထန်းရှောက်ခံကျေးရွာ၌ အခိုင်အမာ ခုခံရန်ကြိုးပမ်းခဲ့သည်ဟု ဦးခိုင်သုခကပြောသည်။

AAကလည်း ထောင့်ပေါင်းစုံမှ ၀ိုင်းဝန်းပိတ်ဆို့ချေမှုန်းခဲ့ရာ တိုက်ပွဲ ၃ရက်ခန့်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၂၀၀ ခန့် ကျဆုံးခဲ့ဟု ဆိုသည်။ တချို့ အလောင်းများကို စစ်ကောင်စီက ၂၀ဦး၊ ၃၀ စုပေါင်း မြှုပ်ထားခဲ့သော်လည်း အလောင်းများစွာကို မြှုပ်နှံခြင်းမရှိဘဲ လေးငါးခြောက်ဆယ် စုပုံထားဟု ဆိုသည်။

ယခု စွပ်စွဲထားသည့် ဓာတ်ပုံများကို သေချာကြည်ပါက စစ်ကောင်စီတပ် ဆောင်းသည့်ဦးထုပ်၊ သေနေသည့်အလောင်းအရိုးစု၌ စစ်ဖိနိပ်များ တွေ့ရမည်ဖြစ်ပြီး ယင်းသည် သက်သေဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။

” အကြမ်းဖက်စစ်ကောင်စီဘက်က ကျဆုံးသွားတဲ့ စစ်သားအလောင်းတွေဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

၂၀၁၇ စာရင်းအရ ထန်းရှောက်ခံရွာ၌ လူဦးရေ ၉၉၃ ဦးရှိကြောင်း၊ လက်ရှိ စာရင်းကို ရွာလူကြီးအား မေးမြန်းရာ ၉၁၀ရှိဟု သိရကြောင်း၊ စစ်ပွဲကာလအပြီး စစ်ရှောင်များ ထန်းရောက်ခံရွာသစ်၌ ပြန်လည်နေရာချထားရာ လူဦးရေ ၇၉၁ ဦးရှိကြောင်း ဦးခိုင်သုခက ပြောသည်။

လူဦးရေ လျောနည်းနေမှုကို ရွာလူကြီးကို မေးမြန်းရာ အချို့သည် ဘင်္ဂလားဒေ့နိုင်ငံဘက် ဒုက္ခသည်စခန်းသို့ ပြေးသူများ၊ ရန်ကုန်ဘက်သွားသူများ၊ မလေးရှားဘက်သွားသူများရှိသည်ဟု ရွာလူကြီးက ရှင်းပြကြောင်း ဦးခိုင်သုခက ပြောကြားပြီး သတင်းထောက်များ အဆိုပါကျေးရွာသို့ လာရောက်နိုင်သည်ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။