Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ဘာသာရေးကျောင်းကို ပစ်ခတ်မှုအတွင်း ကလေး ၂ ဦးသေပြီး ၁၇ ဦး ဒဏ်ရာရ

ဘာသာရေး မုန်းတီးမှုကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ စာသင်ကျောင်း ပစ်ခတ်မှု တစ်ခုကြောင့် အမေရိကန်မှာ ကလေး ၂ ဦးသေပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ - AFP

ဘာသာရေး မုန်းတီးမှုကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ စာသင်ကျောင်း ပစ်ခတ်မှု တစ်ခုကြောင့် အမေရိကန်မှာ ကလေး ၂ ဦးသေပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

မင်နီဆိုးတားပြည်နယ်ရဲ့ မင်နီယာပိုလစ်မြို့မှာ ဩဂုတ် ၂၇ ရက်နေ့က Annunciation ကက်သလစ် ဘုရားကျောင်းနဲ့ တွဲဖွင့်ထားတဲ့ ဘာသာရေးကျောင်းမှာ ကလေးတွေ စုဝေး စားသောက်နေချိန် ကျောင်းပြတင်းပေါက် အပြင်ဖက်ကနေ လှမ်းပြီး ပစ်ခတ်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သေဆုံးတဲ့ ကလေးတွေဟာ အသက် ၈ နှစ်နဲ့ ၁၀ နှစ်အရွယ်တွေ ဖြစ်ကြပြီး ဒါဟာ ကက်သလစ် ဘာသာရေး မုန်းတီးမှု အခြေခံ တိုက်ခိုက်မှု တစ်ခုလို့ ယူဆထားကြောင်း ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)က ပြောကြားခဲ့ပါတယ်။

သေနတ်သမားကတော့ အခင်းဖြစ်တဲ့ နေရာနားမှာပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တယ်လို့ ယူဆရတဲ့ ဒဏ်ရာတွေနဲ့အတူ သေဆုံးနေခဲ့ပါတယ်။ သူဟာ အသက် ၂၃ နှစ်အရွယ် ရော်ဘင် ဝက်စ်မန်းဆိုသူဖြစ်ပြီး တိုက်ခိုက်မှုမှာ သေနတ်သုံးလက်ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဘရိုင်ယန် အိုဟာရာက အခုလုပ်ရပ်ဟာ အပြစ်မဲ့ ကလေးငယ်တွေနဲ့ တခြား ဝတ်ပြုနေသူတွေကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ ဝက်စ်မန်းက ဒီလုပ်ရပ်ကို ဘာကြောင့် ကျူးလွန်သလဲ ဆိုတာကိုတော့ ရဲတွေက ဆက်ပြီး စုံစမ်းနေဆဲပါ။

Public Service Announcement

Public Service Announcement

၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦးကတော့ သူဟာ သူငယ်ချင်းဖြစ်သူက သူ့အပေါ်ကနေ ဖိပြီး အကာအကွယ် ပေးထားလို့ အထိအခိုက် မရှိခဲ့ကြောင်း ပြောပါတယ်။ ပစ်ခတ်မှုကြောင့် သူနဲ့ အနီးတဝိုက်မှာရှိတဲ့ ပြတင်းပေါက်တွေက မှန်စတွေ လွင့်စဉ်ကျလာကုန်ကြောင်း၊ သူငယ်ချင်း ဖြစ်သူက ကျောမှာ ဒဏ်ရာရပြီး ဆေးရုံရောက်နေပေမယ့် အခုတော့ စိတ်ချရပြီဖြစ်ကြောင်း အဲဒီ ကလေးက ဆိုပါတယ်။

The Annunciation ဘုရားကျောင်းဟာ ဘာသာရေးကျောင်းပါ တွဲဖွင့်ထားပြီး အသက် ၅ နှစ်နဲ့ ၁၄ နှစ်ကြား ကလေးတွေ တက်ရောက် ပညာသင်ကြားနေပါတယ်။

အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးခဲ့ရတဲ့ ကလေးတွေအတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကလည်း ပြည်နယ် အုပ်ချုပ်ရေးမှူး တင်မ်ဝဲ့လ်ဇ်ဆီ အလေးအနက် စာနာကြောင်း သတင်းစကား ပေးပို့ခဲ့ပြီး အကူအညီပေးဖို့လည်း ကမ်းလှမ်းထားကြောင်း သိရပါတယ်။

နောက်ပိုင်းမှာတော့ ထရမ့်က ထိခိုက်သေဆုံးခဲ့တဲ့ ကလေးတွေအတွက် ဝမ်းနည်းကြောင်း သင်္ကေတအဖြစ် အိမ်ဖြူတော်မှာ နိုင်ငံတော် အလံကို တိုင်တစ်ဝက် နှိမ့်ချ လွှင့်ထူဖို့လည်း ညွှန်ကြားထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။