Connect with us

Hi, what are you looking for?

သတင်း

အမျိုးသမီးစစ်သည်တော်များသင်ကြားမည့် ခေါင်းဆောင်မှုသင်တန်း TNLA ဖွင့်လှစ်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အပတ်စဉ် (၃) ခေါင်းဆောင်မှုသင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကို တအာင်းပြည်တစ်နေရာတွင် ကျင်းပခဲ့ကြောင်း TNLAက ထုတ်ပြန်ခဲ့ပြီး အဆိုပါသင်တန်း၌ အမျိုးသမီးသင်တန်းသူများကိုသာ သီးသန့်သင်ကြားပေးမည်ဟု အသိပေးသည်။

ဓာတ်ပုံ − TNLA

ဩဂုတ်−၃၁၊၂၀၂၅။ ထားမြတ်/People’s Spring

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အပတ်စဉ် (၃) ခေါင်းဆောင်မှုသင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကို တအာင်းပြည်တစ်နေရာတွင် ကျင်းပခဲ့ကြောင်း TNLAက ထုတ်ပြန်ခဲ့ပြီး အဆိုပါသင်တန်း၌ အမျိုးသမီးသင်တန်းသူများကိုသာ သီးသန့်သင်ကြားပေးမည်ဟု အသိပေးသည်။

သင်တန်းဖွင့်ပွဲကို သြဂုတ် ၂၇ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး သင်တန်းသည် ရုံးဆိုင်ရာစီမံခန့်ခွဲမှုစွမ်းရည်၊ ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်၊ ဦးဆောင်မှုဆိုင်ရာစွမ်းရည်မြင့်တက်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ဟု ဆိုသည်။

သင်တန်းကာလ (၁၅)လကြာမြှင့်မည်ဖြစ်ပြီး သင်ကြားပေးမည့်သာဘာရပ်တွင် Democracy and Democratization၊ Human Right၊ Good Governance၊ Office Management၊ Leadership Skills စသည့် ဘာသာရပ်စုစုပေါင်း(၃၀)ရှိဟု TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယခု သင်တန်းသည် ကျောင်းသူသီးသန့်သာဖြစ်ပြီး ကျောင်းသူစုစုပေါင်း (၇၆)ဦးရှိဟု ဖော်ပြသည်။

ထို့ပြင်သင်တန်းသို့ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော် (DPLF/DPLA)၏ အမျိုးသမီးစစ်သည်တော်များလည်း ပါဝင်တတ်ရောက်သင်ကြားမည်ဖြစ်ဟု ဆိုသည်။

ခေါင်းဆောင်မှုသင်တန်းကျောင်းတွင် လူငယ်များ၏ ခေါင်းဆောင်မှုစွမ်းရည် ဆုံးဖြတ်နိုင်စွမ်းနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန်၊ ရုံးလုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်စေရန်နှင့် အဖွဲအစည်း၏ ကဏ္ဍပေါင်းစုံရှိ လုပ်ငန်းဆောင်တာများကို ထိရောက်စွာ ဦးဆောင်နိုင်စေရန်တိုအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားသို့ PSLF/TNLA၏ အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတားပန်လ၊ PSLF/TNLA ဌာနတာဝန်ရှိသူများ၊ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော် (DPLF/DPLA)၏ တာဝန်ရှိသူများ၊ပြည်သူလူထုများနှင့် ကျောင်းသူများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

PSLF/TNLA၏ ခေါင်းဆောင်မှုသင်တန်းကျောင်း အပတ်စဉ် (၁)ကို ၂၀၁၉က စတင်ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် (၂)ကို ၂၀၂၃တွင် ဖွင့်လှစ်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။