Connect with us

Hi, what are you looking for?

သတင်း

ဂူဆီးဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော် တပ်ဖွဲ့ကို သစ္စာဖောက်ပြီး စစ်တပ်နဲ့ ပူးပေါင်းသွားဟု TNLA ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေးကာလမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLAနဲ့ ပူးပေါင်းလာတဲ့ လီဆူတပ်ဖွဲ့ဝင် ဦးဂူဆီးဟာ လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော်၊ လက်နက် ၅၀ခန့်နဲ့အတူ စစ်တပ်ထံ ပူးပေါင်းသွားကြောင်း PSLF/TNLAက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

၁၀၂၇ စစ်ဆင်ရေးကာလမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLAနဲ့ ပူးပေါင်းလာတဲ့ လီဆူတပ်ဖွဲ့ဝင် ဦးဂူဆီးဟာ လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော်၊ လက်နက် ၅၀ခန့်နဲ့အတူ စစ်တပ်ထံ ပူးပေါင်းသွားကြောင်း PSLF/TNLAက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၃ရက်မှာ ဂူဆီးဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်တိုင်း လိုက်နာစောင့်ထိန်းရတဲ့ ကတိသစ္စာကို ဖောက်ဖျက်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားကြောင့် TNLA အဖွဲ့အစည်းနဲ့ ကင်းကွာပြီဖြစ်ကြောင်း အသိပေးအပ်တယ်လို့ ဖော်ပြပါတယ်။

“PSLF/TNLA အနေဖြင့် ၎င်းတို့၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်သွားမည်ဖြစ်ပြီး အကယ်၍ ၎င်းတပ်ဖွဲ့မှ မိဘပြည်သူများအပေါ် ဖိနှိပ်စော်ကားမှုများ ပြုလုပ်လာပါက ပြည်သူ့ဘက်မှ ရပ်တည်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်” လို့လည်း TNLA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးသတင်းရင်းမြစ်တဦးရဲ့ ပြောပြချက်အရ ဂူဆီးဦးဆောင်တဲ့ အဖွဲ့ဟာ မိုးမိတ်ဒေသမှာ အခြေပြုတာဖြစ်ပြီး ၎င်းတို့အဖွဲ့ကို TNLA ဗဟိုက နမ့်ဆန်သို့ တပ်ရွှေ့ပြောင်းခိုင်းရာ အမိန့်မလိုက်နာဘဲ ကျောက်မဲက စစ်ကောင်စီထံ လက်နက်ချခဲ့တာလို့ဆိုပါတယ်။ တပ်ဖွဲ့ဝင် ၅၁ဦး အလင်းဝင်ခဲ့တာဖြစ်ပြီး လက်နက် ၄၉ လက်ပါသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် အခု စစ်တပ်နဲ့ အလင်းဝင်သွားတဲ့ ဂူဆီး ဆိုသူဟာ အရင်က မိုးကုတ်-မိုးမိတ်ကြား မိုးကုတ်မြို့နယ် ပိန်းပြစ်ရွာ နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်သလို နောက်ပိုင်းမှာ ယောက္ခမအရှိန်အဝါနဲ့ ပေါင်းပြီး ဒေသတွင်းမှာ အာဏာတည်ဆောက်ထားသူဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။လက်ရှိမှာလည်း ဂူဆီးဟာ မိုးကုတ်မှာ ပြည်သူ့စစ်အဖြစ် ရပ်တည်ဖို့ လုပ်နေသလို မိုးမိတ်ဒေသမှာ ကျန်နေတဲ့ တပ်ဖွဲ့ဝင်တွေကို လိုက်ခေါ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း စစ်ရေး သတင်းရင်းမြစ်က ပြောကြားပါတယ်။

TNLAဟာ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ မဟာမိတ်တွေနဲ့ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းမြောက်က မြို့ ၁၂မြို့နဲ့ စစ်တပ်စခန်းရာချီ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တရုတ်အစိုးရရဲ့ ဖိအားပေး ကြားဝင်စေ့စပ်မှု၊ စစ်တပ်ရဲ့ လေကြောင်း အပါအဝင် စစ်ရေးဖိအားပေးမှုတွေကြောင့် နောင်ချို၊ သီပေါ၊ ကျောက်မဲမြို့အချို့ လက်လွှတ်လိုက်ရသလို စစ်တပ်နဲ့ အပစ်ရပ်စဲရေးသဘောတညီချက်အရ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်တပ်ထံ ပြန်ပေးခဲ့ရပါတယ်။ လက်ရှိမှာလည်း TNLAဟာ စစ်အုပ်စုရဲ့ ငြိမ်ချမ်းရေးဆွေးနွေးရေးလုပ်ငန်းစဉ်မှာပါဝင်လျက်ရှိပြီး မကြာသေးမီလပိုင်းက TNLA ခေါင်းဆောင်အချို့ နေပြည်တော်ထိ သွားရောက်ဆွေးနွေးတာရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”