Connect with us

Hi, what are you looking for?

သတင်း

အာရှလမ်းတိုက်ပွဲမှာ ရှေ့တိုးဖို့ကြိုးစားတဲ့​​အောင်​ဇေယျစစ်​ကြောင်း ​နောက်ပြန်လန်ကျ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အကျော်ကအာရှလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး အင်အားအများအပြားနဲ့ ရှေ့တိုးဖို့ကြိုးပမ်းတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းဟာ ပြန်လန်ကျသွားတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

အာရှလမ်းပိုင်းမှာ ​​အောင်​ဇေယျစစ်​ကြောင်းကို ဖြတ်​တောက်တိုက်ခိုက်​နေတဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကို ၂၀၂၄ ခုနှစ်မှာ​တွေ့ရစဥ်။ ဓါတ်ပုံ-Cobra Column

စက်တင်ဘာ-၂၊ ၂၀၂၅။ခွန်ဖ/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အကျော်ကအာရှလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး အင်အားအများအပြားနဲ့ ရှေ့တိုးဖို့ကြိုးပမ်းတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းဟာ ပြန်လန်ကျသွားတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

အာရှလမ်းပိုင်းမှာ ပိတ်မိနေတဲ့အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDFပူးပေါင်းတပ်တွေစက်တင်ဘာ၁ရက် ညနဲ့ ဒီကနေ့ စက်တင်ဘာ၂ ရက် နံနက်မှာ တိုက်ပွဲပြင်းထန်နေတာပါ။

“မနေ့ညကရော၊ဒီမနက်ရောလက်နက်ကြီးတောက်လျှောက်ပစ်တယ်။ပြီးတော့တိုးတယ်။ဒီကလည်းစောင့်နေသူမို့ လာပါပေါ့။ ပြန်လန်တာပဲ။ သူတို့တွက်ထားတာစပယ်ရှယ်ပစ်မယ်၊တက်မယ်။

Public Service Announcement

Public Service Announcement

ဒီကလည်း ကြိုတင်တွက်ဆထားတာပဲလေ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကစက်တင်ဘာ၂ရက် ​နေ့ခင်းပိုင်းမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ရက်လောက်က တိုက်ပွဲမှာလည်း တော်လှန်ရေးတပ်တွေက အောင်ဇေယျရဲ့ ကုန်းတကုန်းကို သိမ်းရခဲ့ပါ​သေးတယ်။ ဒါ့အပြင် စစ်သား အလောင်းငါးလောင်းနဲ့ လက်နက် ငါးလက်လည်း တော်လှန်ရေးတပ်တွေက ရခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“သူတို့ (စစ်တပ်)စိတ်ထဲမှာသိနေတာက ဝေါလေ မှာသွားချရင် ဒီဘက်လူမရှိတော့ဘူး။ဒီဘက်ချရင်ဝေါလေလူမရှိတော့ဘူး။ ကြည့်ပေါ့ဘာဖြစ်မလဲဆိုတာ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၄ ဧပြီလကတည်းက​မော်လမြိုင်မြို့က​နေ မြဝတီကို လေးရက်နဲ့ အရောက်ချီတက်မယ်ဆိုပြီးရက်ပေါင်း ၄၈၀ ​ကျော်အကြာတဲ့အထိ ​အောင်​ဇေယျစစ်​ကြောင်းဟာ ဒေါနတောင်ပေါ်မှာ ပိတ်မိနေတာပါ။ ၂၀၂၅ သြဂုတ်လအ​​ရောက်မှာ​တော့ ရက်ပေါင်း(၉၀)အတွင်း မြဝတီရောက်အောင်သွားပြီး ဆုံးရှုံးထားတဲ့စခန်းတွေ ၊နယ်မြေတွေပြန်သိမ်းမယ်ဆိုပြီး စစ်​ကြောင်းထိုးလမ်းဖွင့်ဖို့ ကြိုးစား​နေတာဖြစ်ပါတယ်။

ကော့ကရိတ်မြို့အကျော်ကတတန်းကူးကျေးရွာနားမှာ ပိတ်မိနေတဲ့အောင်ဇေယျအဖွဲ့ဟာ မိုင်(၂၀)လောက်ပဲ ကွာဝေးတော့တဲ့ နယ်စပ်မြို့ မြဝတီကို ရက်(၉၀)နဲ့ အရောက်ချီတက်မယ့်ခရီးဆိုပြီး အခု ဩဂုတ်လဆန်းက စတင်ခဲ့တာလို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါပေမယ့်စက်တင်ဘာလထဲ​ရောက်ပြီမို့ ရက် ၃၀ ​လောက်အချိန်ကုန်သွားပေမယ့် စစ်ကြောင်းရှေ့မတိုးနိုင်​သေးပါဘူး ။

KNLA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်စပြီး အောင်ဇေယျစစ်ကြောင်းရဲ့ အလယ်ကနေဖြတ်တောက်ပြီး ပိတ်ဆို့ထားလိုက်ပါတယ်။အဲလိုဖြတ်တောက် ပိတ်ဆို့မှုကြောင့်ဒေါနတောင်ပေါ် တောနောရေတံခွန်နားက အောင်ဇေယျအဖွဲ့ဟာဝိုင်းပတ်ပိတ်ဆို့ဖြတ်တောက်ခံရတာကြောင့်အစာ ရေစာငတ်ပြတ်တဲ့အထိဖြစ်ကာ အလင်းဝင်လာသူတွေ အများအပြားရှိခဲ့ပါတယ်။ ​တော​နော​ရေတခွန်နားက ​အောင်​ဇေယျစစ်​ကြောင်းနဲ့ ​ကော့ကရိတ်ကထွက်လာတဲ့စစ်​ကြောင်းဟာလည်း မချိတ်ဆက်နိုင်ပဲ ​တော်လှန်​ရေးတပ်​တွေရဲ့ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်မှုကိုခံ​နေရတာဖြစ်ပါတယ်။

၂၀၂၄ မတ်လနဲ့ ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDF ပူးပေါင်းတပ်တွေက မြဝတီမြို့နားက သင်္ဃန်းညီနောင်ဗျူဟာနဲ့ တပ်ရင်းတွေ၊ လေးကေ့ကော်နဲ့ မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းတွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနေရာတွေကို ပြန်လည်ထိန်းချုပ်မယ်လို့ဆိုကာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲတဲ့ နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး”လို့ အမည်ပေးပြီး တပ်မ(၅၅)ဦးဆောင်တဲ့ အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းဟာ ၂၀၂၄ ဧပြီ ၉ရက်ကစလို့ မော်လမြိုင်က ချီတက်လာခဲ့ပါတယ်။

လေးရက်နဲ့ မြဝတီမြို့ကို အရောက်ချီတက်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် တနှစ်ခွဲနီးပါးကြာတဲ့အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်မှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်(မူတြော်)ခရိုင်ရှိ ကဘောတူစစ်ကောင်စီတပ်စခန်း ကို ဧပြီ ၂၅ရက်မှာ သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာ၊ လက်နက်ကြီးလက်နက်ငယ်နဲ့ ကျည်ခဲယမ်းတွေ သိမ်းရတာ ရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။