Connect with us

Hi, what are you looking for?

သတင်း

အရာတော်မြို့နယ်က အများပြည်သူအသုံးပြုတဲ့လမ်းပိုင်းမှာ စစ်တပ်က နင်းမိုင်းတွေထောင်ထား

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်က အများပြည်သူအသုံးပြုနေတဲ့လမ်းပိုင်းမှာ စစ်ကောင်စီတပ်က နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

အရာတော်မြို့နယ် ကမ်းဖြူရွာနဲ့ မနောယမကျေးရွာကိုသွားတဲ့ လမ်းပိုင်းမှာ စစ်ကောင်စီတပ်ထောင်ထားတဲ့မိုင်းတွေ တွေ့ရစဉ်။ ဓာတ်ပုံ - မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

စက်တင်ဘာ-၆ ၊၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်က အများပြည်သူအသုံးပြုနေတဲ့လမ်းပိုင်းမှာ စစ်ကောင်စီတပ်က နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

အရာတော်မြို့နယ် ကမ်းဖြူရွာနဲ့ မနောယမကျေးရွာကိုသွားတဲ့ လမ်းပိုင်းမှာ စစ်ကောင်စီတပ်ထောင်ထားတဲ့မိုင်းတွေကို စက်တင်ဘာ ၅ ရက်က စတွေ့တာလို့ ဆိုပါတယ်။

“စကစ စစ်ကြောင်းပြန် အဆုတ်မှာ ပြည်သူများ ထိခိုက်စေရန် နင်းမိုင်းများထားရစ်ခဲ့တာ”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သြဂုတ်ဒုတိယပတ်က အရာတော်မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ကမ်းဖြူကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။

အဲဒီနောက် ဩဂုတ် ၁၈ ရက်မှာ ကမ်းဖြူရွာ ကနေ အရာတော်မြို့အတွင်း ပြန်လည်ဆုတ်ခွာချိန်မှာ နင်းမိုင်းတွေ ထောင်ထားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ မိုင်းတွေတွေ့ရှိတဲ့ လမ်းတလျောက်ကိုလည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ဆေးရှင်းလင်းတာတွေလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။

အများပြည်သူအသုံးပြုတဲ့လမ်းတွေပေါ် မိုင်းထောင်တဲ့ လုပ်ရပ်ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားချိန်မှာ အလျှင်စလိုဖြတ်သန်းသွားလာတာ မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

အရာတော်မြို့မှာ စစ်ကောင်စီရဲ့ အမှတ်(၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀)အခြေစိုက်ထားပြီး မြို့နယ်တခုလုံးအတိုင်းအတာအရ စစ်ကောင်စီတပ်သား ၃၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ဒေသတွင်းစစ်ဘက်သတင်းရင်းမြစ်တွေက ခန့်မှန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းရွာ စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးနဲ့ဗိုက်ထဲ သမီးငယ် အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်း(မူး)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။