Connect with us

Hi, what are you looking for?

သတင်း

အရာတော်ရှိ သစ်ကျင်းကြီးပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ သစ်ကျင်းကြီး ပျူစောထီးကျေးရွာကို တာဝေးပစ်ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ပါတယ်။

​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ သစ်ကျင်းကြီး ပျူစောထီးကျေးရွာကို တာဝေးပစ်ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ပါတယ်။

​အောက်တိုဘာ ၂၈၊၂၀၂၆ ဟာနာဆန်/People’s Spring

​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ သစ်ကျင်းကြီး ပျူစောထီးကျေးရွာကို တာဝေးပစ်ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီခွဲမှ ၁ နာရီခွဲခန့်အထိ အရာတော်မြို့နယ်၊ သစ်ကျင်းကြီး ပျူစောထီးစခန်းထိုင်ရာ ကျေးရွာကို မုံရွာခရိုင် အမှတ် (၃)တပ်ရင်းက ဦးဆောင်ပြီး အရာတော်မြို့နယ် ပကဖ၊ တိုက်နယ် (၈) ပူးပေါင်းအဖွဲ့တို့က တပ်ရင်းကနေ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ တာဝေးပစ် ရော့ကတ် (၁၀) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။

“ပျူအင်အားက တရွာလုံးပါပဲ။ ပျူတွေတင်မဟုတ်ဘဲ စကစ အင်အားလည်း အများအပြားရှိတာပါ”လို့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

​အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ပျူရွာက ပျက်စီးထိခိုက်မှု အခြေအနေအသေးစိတ်ကိုမူ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့တွေက ထပ်မံစုံစမ်းနေကြောင်း သိရပါတယ်။

သစ်ကျင်းကြီးပျူရွာကို ၂၀၂၂ အတွင်းကလည်း တော်လှန်ရေးအဖွဲ​တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပါသေးတယ်။ နောက်ပိုင်းမှာတော့ စစ်တပ်က အင်အားပြန်တိုးချကာ တပ်စွဲထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းရွာ စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးနဲ့ဗိုက်ထဲ သမီးငယ် အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။