Connect with us

Hi, what are you looking for?

သတင်း

နာဂဒေသ ပကဖတပ်ဖွဲ့ဝင်များကို NUG လက်နက်တပ်ဆင်

စစ်ကိုင်းတိုင်း နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်မှု အခမ်းအနားကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို နာဂဒေသ(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ယနေ့ (စက်တင်ဘာ၁၁ရက်) ထုတ်ပြန်ခဲ့သည်။

နာဂဒေသ ပကဖတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲ နှင့် လက်နက် တပ်ဆင်ခြင်း အခမ်းအနား။ဓာတ်ပုံ − နာဂဒေသ(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့

စက်တင်ဘာ−၁၁၊ ၂၀၂၅။ ထားမြတ်/Peoeple’s Spring

စစ်ကိုင်းတိုင်း နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်မှု အခမ်းအနားကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို နာဂဒေသ(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ယနေ့ (စက်တင်ဘာ၁၁ရက်) ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကိုယ်တိုင် တက်ရောက်ခဲ့သည့် အဆိုပါ အခမ်းအနားသည် ၂၀၂၅ မတ်လက ကျင်းပခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံပါ ရက်စွဲများအရ သိရပြီး စစ်ကိုင်းတိုင်း ပကဖနှင့် နာဂဒေသ(ပကဖ) အထူးတိုက်ခိုက်ရေး အဖွဲ့တို့က ယနေ့တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

နာဂဒေသ ပကဖ တပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲနှင့် လက်နက်ခဲယမ်း၊ စစ်ဝတ်တန်ဆာများ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ဆင်ခဲ့ကြောင်းသာ ဖော်ပြထား၍ အသေးစိတ် အခြေအနေများကို မေးမြန်းရန် စစ်ကိုင်းတိုင်း ပကဖသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

Public Service Announcement

Public Service Announcement

မှတ်တမ်းဓာတ်ပုံများအရ လက်နက်ငယ် ၂၅လက်ခန့် ပေးအပ်ရန် ပြင်ဆင်ထားသည်ကို တွေ့ရပြီး ဝန်ကြီး ဦးရည်မွန်နှင့် တပ်မှူးအချို့က မိန့်ခွန်းပြောခြင်း၊ ရဲဘော်များအား လက်နက်ပေးအပ်ခြင်းပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ဝန်ကြီးဦးရည်မွန်သည် လက်ရှိ တော်လှန်ရေးအခြေအနေနှင့် အထွေထွေထိုးစစ် ပြုလုပ်ရန် လိုအပ်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ သတင်းပြန်ကြားရေးဌာန PVTVမှတဆင့် ယနေ့တွင် အသိပေးထားရာ တနိုင်ငံလုံးအတိုင်းအတာ အထွေထွေထိုးစစ်ဆင်နိုင်ရန် တပ်များ ပြန်လည်စုဖွဲခြင်း၊ မွမ်းမံလေ့ကျင့်ခြင်း၊ အဆင့်မြင့်သင်တန်း စီစဉ်နေသကဲ့သို တဖက်တွင် PDF တပ်မတော်၏ အရေးကြီးသည့် ကွပ်ကဲမှု အဆင့် ဖြစ်သည့် စစ်ရုံးချုပ်၊ တိုင်းစစ်ဌာန၊ ခရိုင်စစ်ဌာန ကွပ်ကဲမှု တာဝန်ရှိသူများ ဆက်တိုက်တာဝန်ပေးအပ်ခြင်းများ ယခုနှစ်အတွင်း အထူးအားစိုက်လုပ်ဆောင်နေကြောင်း အသိပေးသည်။

ဘဏ္ဍာရန်ပုံငွေနှင့် လက်နက်ခဲယမ်းမီးကျောက်သည် တော်လှန်ရေးအစကတည်းက အကြီးဆုံး စိန်ခေါ်မှု ဖြစ်သော်လည်း ပြည်တွင်း ပြည်ပ ပြည်သူများ အလှူရှင်များက ဇွဲမလျှော့တန်း တက်နိုင်သမျှ ထည့်ဝင်လှူဒါန်းကြောင်း၊ နယ်မြေစိုးမိုးထိန်းချုပ်မှုနှင့် အုပ်ချုပ်ရေးထူထောင်မှု အတိုင်းအတာ တခုထိရှိလာ၍ မြေပြင်မှ ရရှိသည့် အခွန်အခသည် တော်လှန်ရေး ရန်ပုံငွေအတွက်တတပ်တအား ဖြစ်စေကြောင်း ဝန်ကြီးက အသိပေးပြီး စစ်လက်နက်ပစ္စည်းရရှိရေး အဟန့်အတားရှိနေသော်လည်း စု၍ရသင့်သလောက်ရရှိနေကြောင်း၊ ကိုယ်တိုင်ထုတ်လုပ်ရေးနှင့်နည်းပညာပိုင်းတိုးတက်နေကြောင်း ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။