Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမှာ စစ်တ​ပ်က လေကြောင်း၊ လက်နက်ကြီးနဲ့တိုက်ခိုက်လို့ ပြည်သူ ၅ ဦးသေဆုံး

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်ထဲက ရွာ၂ရွာကို စစ်တပ်ကလေကြောင်း နဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေကြောင့် အပျက်အစီးတွေကိုတွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

စက်တင်ဘာ-၁၁၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်ထဲက ရွာ၂ရွာကို စစ်တပ်ကလေကြောင်း နဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်၊မွန်းလွဲ၃ နာရီ ၁၅ မိနစ်ခန့်ကသပိတ်ကျင်းမြို့နယ်၊ကမ်းပါးနီကျေးရွာကိုစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းပါနီကျေးရွာရှိ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တလေး)က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒီကနေ့ ညနေ ၅ နာရီခွဲခန့်ကလည်း စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာရှိ လူနေရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တာ​ကြောင့်ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ မန္တလေး PDF ကထပ်မံအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၉ ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ထိခိုက်မှု မရှိခဲ့ပေမဲ့ စာသင်ကျောင်း အဆောင်များ ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်ကလည်းသပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာမှာ စာသင်တဲ့အိမ်စစ်တ​ပ်က လေကြောင်းတိုက်ခိုက်လို့ ဆယ်နှစ်သား ကလေး ၁ ဦးသေဆုံးပြီး ကလေးငယ် ၅ ဦးအပါအဝင် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းတလျှောက် သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာလမ်းပိုင်းကို ပြန်လည်စိုးမိုးဖို့ ကြိုးစားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။