Connect with us

Hi, what are you looking for?

သတင်း

KNPP အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး နေရာ အစားထိုးခန့်အပ်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး ၂နေရာအတွက် အစားထိုးခန့်အပ်ခဲ့တယ်လို့ KNPPက ထုတ်ပြန်ပါတယ်။

(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပနေစဉ်။ ဓာတ်ပုံ - KNPP)

စက်တင်ဘာ -၁၅၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး ၂နေရာအတွက် အစားထိုးခန့်အပ်ခဲ့တယ်လို့ KNPPက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ ပါတီ ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးမှာ အထွေထွေ အတွင်းရေးမှူး ရာထူးနေရာကို ပြန်လည်ရွေးချယ်တာနဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တွင် လစ်လပ် သွားသော KNPPရဲ့ကိုယ်စားပြုမှုကို အစားထိုး ခန့်အပ်တာတွေ ဆောင်ရွက်ခဲတယ်လို့ ဆိုပါတယ်။

ပါတီအထွေထွေအတွင်းရေးမှူး ရာထူးနေရာမှာ လက်ရှိ ပါတီအတွင်းရေးမှူး (၁)ဖြစ်သူ ရဲဘော်ပလူးရယ် နဲ့ ပါတီအတွင်းရေးမှူး(၁) ရာထူးနေရာမှာ လက်ရှိ ပါတီအတွင်းရေးမှူး(၂) ဖြစ်သူ ရဲဘော်နဲနယ်ပလိုးကို ပါတီလုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ရာထူးတာဝန်လွှဲပြောင်း ခန့်အပ်ခဲ့တယ်လို့ KNPP က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ရာထူးတာဝန်အလွှဲအပြောင်းတွေကြောင့် လစ်လပ်သွားတဲ့ အတွင်းရေးမှူး(၂) ရာထူးနေရာ အတွက် အမြဲတမ်းပါတီဗဟိုကော်မတီဝင်တွေနဲ့ ပါတီဗဟိုကော်မတီဝင်တွေ အကြား ပါတီအခြေခံမူ လမ်းစဉ်၊ဖွဲ့စည်းပုံဥပဒေ နဲ့အညီ လျှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်တင်မြောက်ခဲ့ရာ ရဲဘော်သဲမာ က ပါတီအတွင်းရေးမှူး(၂) အဖြစ်မဲအရေအတွက် အများဆုံးရရှိခဲ့တာ‌ကြောင့် အတည်ပြုခန့်အပ် ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) မှာလစ်လပ်သွားတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်နေရာမှာ ပါတီဒုတိယဥက္ကဌ ရဲဘော်ခူးထဲဘူးကို ရွေးချယ်စေလွှတ် ခဲ့တယ်လို့လည်း KNPP က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၃၀ ရက်က လူကြီးရောဂါနဲ့ ကွယ်လွန် သွားတဲ့ KNPP ရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ဦးအောင်ဆန်းမြင့်ဟာ ကရင်နီပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေကို အုတ်မြစ်ချခဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့ ပြီးကရင်နီ အတိုင်ပင်ခံကောင်စီ KSCC ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ တော်လှန်ရေးမှာ မြန်မာနိုင်ငံ ကာလမှာ ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းဖို့ ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် ဟန်ချက်ညီညီ တိုက်ပွဲဝင်ဖို့နဲ့ နိုင်ငံရေးအရ ဦးဆောင်မှုတွေမှာလည်း ပါ၀င်ခဲ့ပါတယ်။

နှစ်ပေါင်း ၇၀ နီးပါး စစ်အစိုးရကို တော်လှန်ခဲ့တဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ လက်နက်ကိုင်တပ်ဟာ ကရင်နီတပ်မတော် (KA)ဖြစ်ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘူးလို့ ကန့်ကွက်ခဲ့ပြီးနောက် ဒေသတွင်းအသစ်ထွက်ပေါ်လာတဲ့ ကရင်နီတော်လှန်ရေးတပ်တွေကို စစ်သင်တန်းပေးတာနဲ့ ပူးတွဲစစ်ဆင်ရေးတွေ ရှိနေပါတယ်။

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ ၊ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်တွေနဲ့အစည်းအဝေးပြုလုပ်ခဲ့ပြီး ၂၀၂၁ ဧပြီမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို KNPP က ဖွဲ့စည်းခဲ့ပါတယ်။

KSCC ကနေပြီး ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို အကောင်အထည်ဖော်နေပါတယ်။လက်ရှိ ကရင်နီပြည်နယ်ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC)ဟာ KSCCက အကောင်အထည် ဖော်ထားတဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အတွင်းရေးမှူးဦးအောင်ဆန်းမြင့် ကွယ်လွန်သွားတယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ပြည်သူကိုသစ္စာစောင့်သိပြီး တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့က ခုခံတော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပါတီဗဟိုဌာနချုပ် ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီတော်လှန်ရေးအင်အားစုတွေအကြား အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ညှိနှိုင်းဆောင်ရွက်မှုနဲ့ စုပေါင်းခေါင်းဆောင်မှုကို ပိုမိုခိုင်မာစေဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook