“တပ်ကိုဦးစီးတဲ့ နှစ်ဆယ်ကျော်က ၁၄ ရက်နေ့ မိုးမလင်းခင် အောက်လက်ငယ်သားတွေကိုချန်ပြီးလာရာလမ်းတိုင်းဗန်မော်မြို့ထဲပြေးသွားတယ်”
— တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး
စက်တင်ဘာ-၁၅၊၂၀၂၆။မိုမို/People’s Spring
ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။
စက်တင်ဘာလ ၁၃ ရက်ကစပြီး စက်တင်ဘာ ၁၄ ရက်အထိ ဗန်းမော်မြို့နယ် ၊ကောင်ဂျာယန်ကျေးရွာကနေ ကမ္ဘာနီကျေးရွာကို စစ်ကြောင်းထိုး၀င်ရောက်တပ်စွဲတဲ့ ခလရ (၂၃၆) နဲ့ ခလရ (၁၅၄ )ပူးပေါင်းစစ်ကြောင်းခန့်မှန်းအင်အား၁၃၀ပါစစ်ကြောင်းကို ကချင်လွတ်လပ်ရေတပ်မတော်(KIA)ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
“စက်တင်ဘာ ၁၃ ရက် မနက် ၅ နာရီခွဲမှာ ဖိုးဒေဝ ဖန်းခါးကုန်းကြားထဲကနေ ခလရ ၂၃၆ တပ် နဲ့ ခလရ ၁၅၄ စုစုပေါင်း ၁၃၀ လောက်နဲ့ ထွက်လာပြီး ကောင်ဂျာယန် ကတစ်ဆင့် ကမ္ဘာနီမှာ ဝင်ရောက်တပ်စွဲတယ်။မနက် ၇ နာရီမှ ထိတွေ့ ဖြစ်တယ်။မနေ့(စက်တင်ဘာ၁၄)က မနက် ၉ နာရီမှာ ပွဲ ပြီးတယ်”လို့ ဗန်းမော်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးကပြောပါတယ်။
ရှင်းလင်းရေးလုပ်ချိန်မှာစစ်တပ်ဘက်က သေဆုံးသူ အလောင်း ၃၅ ဦးနဲ့ စစ်သုံ့ပန်း ၃၉ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သူက အသိပေးပါတယ်။ဒါ့အပြင် နောက်ထပ် ထိခိုင်သေဆုံးသူ ၃၀ ၀န်းကျင်ရှိနိုင်ပြီးလက်နက်မျိုးစုံစုစုပေါင်း ၉၆ လက်အထိ ရခဲ့တယ်လို့ အခြား တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်းအတည်ပြုပါတယ်။
“တပ်ကိုဦးစီးတဲ့ နှစ်ဆယ်ကျော်က ၁၄ ရက်နေ့ မိုးမလင်းခင် အောက်လက်ငယ်သားတွေကို ချန်ပြီး လာရာလမ်းတိုင်းဗန်မော် မြို့ထဲ ပြေးသွားတယ်”လို့သူကဆက်ပြောပါတယ်။
လူထုနွေဦးက သီးခြားရရှိထားတဲ့စစ်ရေးအချက် အလက်တွေအရ သေဆုံးဖမ်းမိသူတွေထဲမှာ ခလရ (၂၃၆)တပ်ရင်းက အများစုဖြစ်ပြီးစစ်မှုထမ်း စစ်သားသစ်(ပစ)တပ်သားအများစုဖြစ်ပါတယ်။
“နှစ်ရင်းစာ ရှေ့ထွက်အင်အားပျက်သွားတာမို့ အတော်အထိနာသွားတယ်။အဲဒါကြောင့် မြေပြင်ကလတ်တလောတော့ ငြိမ်နေတယ်”လို့ ဗန်းမော်မြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
ခလရ(၂၃၆) ဟာ ဗန်းမော်လေယာဉ်ကွင်းနဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တို့ ကြားမှာရှိပါတယ်။
ဗန်းမော်မှာ စစ်တပ်ရဲ့အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ဌာနချုပ်အပါအဝင် စစ်ဖက်ရေးရာလုံခြုံရေးတပ်စု၊ ခလရ ၄၇၊ ခလရ၂၃၆၊ ခလရ ၂၃၇၊ ထပခ ၉၃၃ ထောက်ပံ့ပို့ဆောင် ရေးတပ်၊အမှတ် (၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်၊ အမတ (၃၁၄) အမြောက်တပ်၊ အမှတ်(၃၆၆)အမြောက်တပ်၊အမှတ် (၅၀၁၄)တင့်ကားတပ်ရင်း၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း၊ အမှတ် (၉၁၄)စစ်အင်ဂျင်နီယာတပ်၊ အမှတ် (၉၄၄)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲတွေရှိပါတယ်။
သြဂုတ်လကုန်ပိုင်းကနေ စက်တင်ဘာလလယ်အထိ စစ်တပ်ဟာ ဗန်းမော်မြို့နယ် စင်းခန်းတံတားအနီးနဲ့ ဇင်းဘုံကျေးရွာအနီးတိုက်ပွဲတွေမှာလည်း စစ်ကြောင်းတွေပျက်တယ်အထိသေဆုံးဒဏ်ရာရသူတွေများပြီးအထိနာခဲ့ပါတယ်။KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က တပ်ရင်းမှူးအဆင့် အရာရှိတွေအပါအဝင် သေဆုံးထိခိုက်သူများပြားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခံနေရတဲ့ဗန်းမော်မြို့ကိုရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းနေသလို မြေပြင်ကလည်း ထိုးစစ်ဆင်တာတွေ တပြိုင်တည်းလုပ်နေတာပါ။ဒါပေမယ့် ရေကြောင်း နဲ့ကုန်းကြောင်းစစ်တပ်စစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် စစ်သင်္ဘော(၂၀ )စီးဝန်းကျင် နှစ်မြှပ်တာ၊မီးလောင်တာ၊ပျက်စီးတာ ၊လက်နက်ချပြီး စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရတာတွေကြုံရသလို ရာနဲ့ချီတဲ့စစ်သားတွေ စစ်သင်္ဘောတွေတိုက်ခိုက်ခံရတာနဲ့အတူသေဆုံးဒဏ်ရာရခဲ့တယ်လို့ စစ်ရေးရင်းမြစ်တွေကပြောပါတယ်။

















































