Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမှာ စစ်တ​ပ်က လေကြောင်း၊ လက်နက်ကြီးနဲ့တိုက်ခိုက်လို့ ပြည်သူ ၅ ဦးသေဆုံး

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်ထဲက ရွာ၂ရွာကို စစ်တပ်ကလေကြောင်း နဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေကြောင့် အပျက်အစီးတွေကိုတွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

စက်တင်ဘာ-၁၁၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်ထဲက ရွာ၂ရွာကို စစ်တပ်ကလေကြောင်း နဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်၊မွန်းလွဲ၃ နာရီ ၁၅ မိနစ်ခန့်ကသပိတ်ကျင်းမြို့နယ်၊ကမ်းပါးနီကျေးရွာကိုစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းပါနီကျေးရွာရှိ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တလေး)က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒီကနေ့ ညနေ ၅ နာရီခွဲခန့်ကလည်း စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာရှိ လူနေရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တာ​ကြောင့်ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ မန္တလေး PDF ကထပ်မံအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၉ ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ထိခိုက်မှု မရှိခဲ့ပေမဲ့ စာသင်ကျောင်း အဆောင်များ ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်ကလည်းသပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာမှာ စာသင်တဲ့အိမ်စစ်တ​ပ်က လေကြောင်းတိုက်ခိုက်လို့ ဆယ်နှစ်သား ကလေး ၁ ဦးသေဆုံးပြီး ကလေးငယ် ၅ ဦးအပါအဝင် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းတလျှောက် သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာလမ်းပိုင်းကို ပြန်လည်စိုးမိုးဖို့ ကြိုးစားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။