Connect with us

Hi, what are you looking for?

သတင်း

ပူတာအိုမှာ တောင်ကျ​ချောင်း​ရေ​ကြောင့်စပါးခင်း​တွေပျက်စီးကုန်လို့ ​ဒေသခံ​တွေအကူအညီ​တောင်း

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်၊မန်စေခွန်ကျေးရွာအပါအဝင်​ကျေးရွာအချို့မှာ မိုးသည်းထန်ပြီး တောင်ကျရေ​တွေနဲ့အတူ ပါလာတဲ့တဲ့သဲမြေတွေ၊ရွှံနွံ​တွေ ဖုံးလွမ်းသွားတဲ့အတွက် စပါးစိုက်ခင်းတွေ တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့ပါတယ်။

လူအေး/People’s Spring

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်၊မန်စေခွန်ကျေးရွာအပါအဝင်​ကျေးရွာအချို့မှာ မိုးသည်းထန်ပြီး တောင်ကျရေ​တွေနဲ့အတူ ပါလာတဲ့တဲ့သဲမြေတွေ၊ရွှံနွံ​တွေ ဖုံးလွမ်းသွားတဲ့အတွက် စပါးစိုက်ခင်းတွေ တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့ပါတယ်။

” မိုးက ၁၄ရက်နီးလောက်ကစပြီးသဲသဲမဲမဲရွာတာ။ မန်စေခွန်ရွာ ရေဘေးကြုံတာကတော့ ၁၆ရက်(စက်တင်ဘာ)နေ့က ဖြစ်တယ်။ စပါးခင်းတွေပျက်စီးသွားတာက တစ်ရွာလုံးပဲဗျ။ ဘယ်လိုအကူအညီပေးရမှန်းမသိအောင်ဖြစ်နေတယ်”လို့ ပူတာအိုမြို့ခံတစ်ဦးကရုပ်သံမှတ်တမ်းရိုက်ကူးပြီးပြောပါတယ်။

မန်စေခွန်ကျေးရွာအပါအဝင် ပူတာအိုမြို့နယ်က နေ ၁၀မိုင်မှ၁၅မိုင်ကြားဝေးတဲ့ ရွာအချို့လည်း ပျက်စီးမှုတွေရှိခဲ့တယ်လို့​ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။စပါးခင်း တွေပျက်စီးသွားပြီး အခုအ​ခြေအ​နေနဲ့ ဒီရာသီမှာ ပြန်လည်စိုက်ပျိုးဖို့ မဖြစ်နိုင်​တော့တဲ့အတွက်​ဒေသခံပြည်သူ​​တွေဟာအခက်အခဲကြုံနေလို့ အကူအညီပေးကြဖို့ ဒေသခံအချို့က လူမှုကွန်ရက်မှတစ်ဆင့်အကူအညီတောင်းနေကြတာဖြစ်ပါတယ်။

ဒါအပြင်ပူတာအို​ဒေသဟာ လမ်းပန်းဆက်သွယ်​ရေးခက်ခဲသလို ၊စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းလမ်းပိုင်း​တွေပိတ်မိပြီးပျက်​တောက်​နေတာ​ကြောင့် စားနပ်ရိက္ခာရှားပါးပြတ်လပ်မှု နဲ့ ကုန်​ဈေးနှုန်းကြီးတဲ့ ဒဏ်ကို အပြင်းအထန်ခံစား​နေရတဲ့​ဒေသဖြစ်ပါတယ် ။

လက်ရှိရာသီဥတုအခြေအနေအရဘင်္ဂလားပင်လယ်‌ အော်မှာမုတ်သုန်လေအားကောင်းနေသလို တောင်တရုတ်ပင်လယ်ပြင်မှာအပူပိုင်းမုန်တိုင်း “မီတက်” (MITAG) ဖြစ်နေပါတယ်။

ကချင်ပြည်နယ်အပါအဝင်ဒေသ အများအပြားမှာမိုးကောင်းနိုင်သလို နေရာကွက်မိုးကြီးခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း တွေ သတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကသတိပေးထားပါတယ်။

ပူတာအိုမှာ တောင်ကျ​ချောင်း​ရေ​ကြောင့်စပါးခင်း​တွေပျက်စီးကုန်လို့ ​ဒေသခံ​တွေအကူအညီ​တောင်း စက်တင်ဘာ-၁၉၊၂၀၂၅။လူအေး/People'…

Posted by People's Spring on Friday 19 September 2025

ရုပ်သံ-CJ

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ထွက်ခွာသွားတဲ့ စစ်သင်္ဘောတွေဟာ ဧရာ၀တီမြစ်ဘေးက ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။