Connect with us

Hi, what are you looking for?

သတင်း

ချောင်းမရွာတိုက်ပွဲက ထွက်​ပြေးတဲ့ စစ်သား ၃ဦးဖမ်းမိပြီး ၃ ဦး​သေဆုံး

ကနီမြို့နယ်၊ချောင်းမရွာတိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်တပ်စစ်ကြောင်းကို ​တော်လှန်​ရေးအဖွဲ့​တွေကကြားဖြတ်တိုက်ခိုက်တာမှာ ၃ဦး သေဆုံးပြီး ၃ဦးဖမ်းမိထားတယ်လို့ယင်းမာပင်မြို့နယ်ပကဖ -ULF စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။

ထွက်​ပြေးစစ်သား​တွေဆီက သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ​​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-ULF

စက်တင်ဘာ-၃၀၊၂၀၂၅။လူအေး/People’s Spring

ကနီမြို့နယ်၊ချောင်းမရွာတိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်တပ်စစ်ကြောင်းကို ​တော်လှန်​ရေးအဖွဲ့​တွေကကြားဖြတ်တိုက်ခိုက်တာမှာ ၃ဦး သေဆုံးပြီး ၃ဦးဖမ်းမိထားတယ်လို့ယင်းမာပင်မြို့နယ်ပကဖ -ULF စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ညနေပိုင်းမှာ ULF စစ်ကြောင်းက ထုတ်ပြန်သိပေးတာဖြစ်ပါတယ်။ချောင်းမရွာမှာ စက်တင်ဘာလ ၁၁ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်စစ်ကြောင်းဆုတ်ခွာထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။အဲဒီစစ်ကြောင်းကို တော်လှန်​ရေးတပ်တွေက လိုက်လံတိုက်ခိုက်တာမှာ စက်တင်ဘာလ၁၂ရက်နေ့က ၂ ဦးသေဆုံးခဲ့ပါတယ်။ သေနတ်၂လက်နဲ့လက်နက်ခဲယမ်းအချို့ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းယူနိုင်ခဲ့ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့မှာလည်း ဒုတပ်ကြပ် ၁ဦးနဲ့ စစ်မှုထမ်းသင်တန်းဆင်း ၂ဦးကိုသေနတ် ၃လက်၊ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ၂၉ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်၁ဦးကို သေနတ်၁လက်၊ လက်နက်ခဲယမ်းတချို့နဲ့အတူ အသေဖမ်းမိခဲ့တယ်လို့ ULF က ထုတ်ပြန်ထားပါတယ်။ ဒါ​​ကြောင့်ထွက်​ပြေးစစ်သား​တွေထဲက ၃ ဦးကိုအရှင် ၊ ၃ ဦးကိုအ​သေဖမ်းမိခဲ့တာပါ။ ​ချောင်းမရွာတိုက်ပွဲမှာ စစ်တပ်ဟာစစ်​ကြောင်းပျက်ပြီး ကစင်ကလျားဆုတ်ခွာထွက်​ပြေးကြတဲ့အတွက် ထွက်​ပြေးစစ်သား​တွေကို တ​နေရာစီမှာဖမ်းရ​နေတာလို့ ​ PDF အချို့က​ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလဆန်းမှာမုံရွာ၊ယာကြီး၊ ကလေးဝလမ်းအတိုင်း ကနီမြို့နယ်ထဲကို ဝင်ရောက်လာပြီး ချောင်းမရွာအပါအဝင် ရွာအချို့မှနေအိမ် တွေကိုမီးရှို့ခဲ့တာပါ။ စက်တင်ဘာလ ၁၁ ရက်နေ့က တိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားခဲ့သလို ​တော်လှန်​ရေးတပ်မှလည်း ယင်းမာပင်မြို့နယ် ပကဖဒုတိယတာဝန်ခံ ၊ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းနဲ့ ရဲဘော်အချို့ ကျဆုံးခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်လို့ ဆုတ်ခွာထွက် ပြေးသွားပြီးတဲ့နောက်ပိုင်း ကနီမြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲသလို ဒရုန်းနဲ့ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။

အခုအခါမှာ စစ်တပ်က ကနီမြို့နဲ့ နယ်ခြင်းဆက်နေတဲ့ ယင်းမာပင်မြို့နယ်စပ်မှာတပ်ပြန်စုစည်းနေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။