Connect with us

Hi, what are you looking for?

ကဗျာ

‘ရာမွန်သို့ (သို့မဟုတ်)ရာမွန်မသိတဲ့ ရဲဘော်ရဲ့စာ’

◾လူနော်
၁။
ရာမွန်
မှောင်မိုက်နေတဲ့
အဲဒီလမ်းကြားလေးထဲ ဝင်ချင်တယ်
မိုးရေတွေထဲ ဝင်တိုးချင်တယ်
စွန်းပေနေတဲ့အဝတ်တွေ ဝတ်ဖူးချင်တယ်
ပေါ်ပီပန်းလေး တပွင့်ဖြစ်ဖြစ် အိပ်ကပ်ထဲ ပွင့်ချင်တယ်
ရာမွန်ရေ
ကျနော် ထွက်ပြေးနေတယ်
ခြေလှမ်းတွေ သက်တမ်းတိုးဖို့
လူသူကင်းမဲ့ အဟောင်းဆိုင် တစ်ခုဆီ မောင်းပို့ပေးပါ


၂။
ရှေ့က ဆိုင်ကယ် တားပေးပါ
ခွင့်ပြုပါ
အိတ်ဇောငွေ့ ၅၀၀ဖိုးလောက် ဝယ်ချင်တယ်
ကျနော်
ယမ်းနံ့ ရချင်လို့


၃။
သေနတ် တစ်လက်၊ ဦးထုပ် တစ်လုံး
သွေးရေကြည် တစ်ပုလင်း
လိုမယ်ထင်တာတွေ အစုံထည့်ပေး
အဖိုးအခ အနေနဲ့
ကျနော့် အသက်ကို ယူပါ


၄။
ကျည်ဆံ နှစ်တောင့်
မေတ္တာလက်ဆောင် ရမလား
ရေဆာတဲ့ ပါးစပ်ထဲ
စနိုက်ပါလို တချက်ခြင်း
ပစ်ပစ် ထည့်ချင်တယ်

Public Service Announcement

Public Service Announcement


၅။
အသက်ကယ် ဂါထာယူပါ
ငရဲလမ်းကို ပြပါ
ရိုးရာ လက်ဝှေ့ထဲ စာရင်းသွင်းပါ
စီးကရက် တစ်လိပ် ပေးပါ


၆။
ရာမွန် ရေ
ဘိုဟီးမီးယမ်းတွေ
သူတို့ အသက်ကို
အကြွေစေ့လေး အပေါ် ပုံအပ်ထားသလိုမျိုး
ကျနော် စစ်တိုက်ချင်တယ်…


မေတ္တာဖြင့်
သင်၏
လူနော်


(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လူ​နော်’
ရေးဖွဲ့တဲ့ “​‘ရာမွန်သို့ (သို့မဟုတ်) ရာမွန်မသိတဲ့
ရဲဘော်ရဲ့စာ” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...