Connect with us

Hi, what are you looking for?

သတင်း

နာဂဒေသ လဟယ်မြို့နယ်ကို အိန္ဒိယစစ်တပ် ဗုံးကြဲ၊ ကလေးငယ်အပါအဝင် အရပ်သား ၂ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ (၈)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိန္ဒိယစစ်တပ် ဗုံးကြဲတာကြောင့် သေဆုံးခဲ့သူ ၂ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၂၊၂၀၂၅။လူအေး/People’s Spring

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ (၈)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကမ်မော်လောရီကျေးရွာကို အောက်တိုဘာ ၂၀ရက် ည ၇နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးလေးလုံးကြဲချတာလို့ လဟယ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN) တာဝန်ရှိတဲ့သူတွေလာရောက်ဖူးတဲ့ နေရာကို ဗုံးကြဲသွားတာဖြစ်ပြီး အရပ်သား တွေထိခိုက်သေဆုံးခဲ့တာလို့ ၎င်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကမ်မော်လော်ရီ ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲတာဟာ သူရဲဘောကြောင်တဲ့ အိန္ဒိယစစ်တပ် လုပ်ရပ်ဖြစ်ပြီး အပြင်းထန်ဆုံးရှုတ်ချတယ်လို့ NSCNက အောက်တိုဘာ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ NSCN-K (ယုန်းအောင်)အဖွဲ့ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ Piyong Konyak (ပီယောင်းကွန်းရက်)ရဲ့ နေအိမ်ကို ဗုံးထိမှန်ခဲ့ပြီး သေဆုံးသူနှစ်ဦးဟာ ဗိုလ်မှူးချုပ်ပီယောင်းကွန်းရက်ရဲ့သားနဲ့ အမြေးဖြစ်သူတို့ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

NSCN ထုတ်ပြန်ချက်မှာတော့ အသေးစိတ်မပါဝင်ပါဘူး။

ပြီးခဲ့တဲ့ဇူလိုင် ၁၃ရက်ကလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်က ကျေးရွာအချို့ကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ အရပ်သားနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

အိန္ဒိယဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားဗုံးကြဲတာလို့ India Today သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland)ဟာ နာဂလူမျိုးများ နေထိုင်ရာ ဒေသအားလုံးကို ပေါင်းစည်းပြီး အချုပ်အခြာအာဏာပိုင်အဖြစ် သီးခြားနိုင်ငံ ထူထောင်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့တွင်း သဘောထားကွဲလွဲမှုတွေကြောင့် အဓိကအားဖြင့်NSCN-IM နဲ့ NSCN-K စတဲ့ အဖွဲ့ခွဲတွေအဖြစ် ကွဲထွက်ခဲ့ပါတယ်။

NSCN-Kကတော့ ပြီးခဲ့တဲ့အောက်တိုဘာလလယ်မှာ အိန္ဒိယနိုင်ငံဘက်ခြမ်းက စခန်းအချို့ကိုတိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေကဖော်ပြပါတယ်။

မြန်မာနဲ့ အိန္ဒိယနိုင်ငံဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နဲ့ ၁၀၂၁ မိုင်ခန့် အထိ နယ်နမိတ်ထိဆက်နေပါတယ်။ နယ်စပ်‌တလျှောက်မှာ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ နာဂနဲ့ ကသည်းလက်နက်ကိုင်အဖွဲ့တွေရှိနေပါတယ်။

နာဂနဲ့ကသည်းလက်နက်ကိုင်အဖွဲ့အချို့ဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်တာတွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။