Connect with us

Hi, what are you looking for?

News

လက်နက်ရောင်းချမှုတားမြစ်ခြင်းအပါအဝင် မြန်မာအပေါ် နော်ဝေအစိုးရ၏ တားမြစ်ကန့်သတ်ချက်များ ထုတ်ပြန်

မြန်မာနိုင်ငံသို့ လက်နက်နှင့်ကာကွယ်ရေးပစ္စည်းများရောင်းချမှုကို တားမြစ်ခြင်းအပါအဝင် မြန်မာ့အရေးနှင့် ဆက်စပ်၍ နော်ဝေအစိုးရက လက်ရှိ လိုက်နာကျင့်သုံးလျက်ရှိသည့် တားမြစ်ကန့်သတ်ချက်များကို မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံရုံးက ယ​နေ့ထုတ်ပြန်သည်။

Myanmar soldiers from the 77th light infantry division walk along a street during a protest against the military coup in Yangon, Myanmar, February 28, 2021. Picture taken February 28, 2021. REUTERS/Stringer

နော်ဝေနိုင်ငံသည် ဥရောပသမဂ္ဂ (EU) က မြန်မာ့နိုင်ငံ ရေး အခြေအနေနှင့် ဆက်စပ်၍ ထုတ်ပြန်ထားသည့်တားမြစ်ကန့်သတ်ချက်များအတိုင်း တစ်သားတည်းလိုက်နာကျင့်သုံးလျက်ရှိကြောင်း ဖော်ပြထားသည်။

နော်ဝေအစိုးရ လိုက်နာကျင့်သုံးလျက်ရှိသည့် တားမြစ်ကန့်သတ်ချက်များတွင် ပြည်တွင်းဖိနှိပ်မှုများတွင်အသုံးပြုနိုင်ခြေရှိသည့် ပစ္စည်းကိရိယာများရောင်းချမှုကို တားမြစ်ခြင်း၊ အရပ်ဘက်၊ စစ်ဘက် ကဏ္ဍနှစ်ခုလုံး၌ အသုံးပြုနိုင်သော ထုတ်ကုန်များ ရောင်းချမှုကို တားမြစ်ခြင်း တို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အင်တာနက် သို့မဟုတ် တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းများအား စောင့်ကြည့်ရာတွင် သို့မဟုတ် ကြားဖြတ်နားထောင်ရာတွင် အသုံးပြုနိုင်သော ဆက်သွယ်ရေးကိရိယာများ ရောင်းချမှုကို တားမြစ်ခြင်း ၊ စစ်ရေးလှုပ်ရှားမှုများနှင့် ဆက်စပ်နေသော နည်းပညာနှင့်ဘဏ္ဍာရေးအထောက်အပံ့များကို ပိတ်ပင်တားမြစ်ခြင်း တို့ ပါဝင်ကြောင်း ထုတ်ပြန်သည်။

ပြည်တွင်းဖိနှိပ်မှုများတွင် အသုံးပြုနိုင်သည့် ပစ္စည်းကိရိယာများ၊ အရပ်ဘက်၊ စစ်ဘက် ကဏ္ဍနှစ်ခုလုံး၌ အသုံးပြုနိုင်သော ထုတ်ကုန်များ၊ သတ်မှတ်ထားသော ဆက်သွယ်ရေးကိရိယာများနှင့် ဆက်စပ်နေသော နည်းပညာနှင့် ဘဏ္ဍာရေးအထောက်အပံ့များကို ပိတ်ပင်တားမြစ်ခြင်းလည်း ပါဝင် ကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

လူပုဂ္ဂိုလ် ၃၅ ဦးနှင့် စီးပွားရေးကုမ္ပဏီကြီးနှစ်ခုအပေါ်အကျိုးသက်ရောက်စေမည့် ပစ်မှတ်ထား တားမြစ်ကန့်သတ်ချက်များဖြစ်သော ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ရန်ပုံငွေထုတ်ယူမှုကို တားမြစ်ခြင်းနှင့်အတူ၊ နိုင်ငံအတွင်းသို့ ဝင်ရောက်မှုကိုပါ ကန့်သတ်ခြင်း စသည်တို့လည်းပါဝင်ပြီး နော်ဝေ၏ တားမြစ်ကန့်သတ်ချက်များသည် EU ၏ အာဘော်အတိုင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...