Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဆီယံနဲ့ အမေရိကန်ကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ခု ရှိသင့်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အဆိုပြု

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ အမေရိကန် အစိုးရကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင် အသစ်တစ်ခု ထူထောင်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အဆိုပြုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ အမေရိကန် အစိုးရကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင် အသစ်တစ်ခု ထူထောင်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အဆိုပြုခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူမြို့မှာ အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံမယ့် အစီအစဉ် မတိုင်ခင် အောက်တိုဘာ ၂၈ ရက်နေ့မှာ ဟက်ဂ်ဆက်သ်က အခုလို ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ခု ရှိလာခြင်းဟာ အနာဂတ်မှာ ကြုံလာမယ့် စိန်ခေါ်မှုတွေကို အာဆီယံ နိုင်ငံတွေက ကိုင်တွယ် ဖြေရှင်းဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

တရုတ်က အာဆီယံ ဒေသတွင်းမှာ ဩဇာ ဖြန့်ကျက်မှုကို တိုးမြှင့်လာသလို အင်ဒို-ပစိဖိတ် ဒေသမှာ စစ်အင်အား ဖြန့်ကျက်မှုကိုလည်း ချဲ့ထွင်လာချိန်မှာ အမေရိကန်ကလည်း တန်ပြန် အစီအစဉ် အနေနဲ့ အာဆီယံ နိုင်ငံတွေနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ကြိုးစားလာပါတယ်။

ဟက်ဂ်ဆက်သ်က အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ လက်တွေ့ကျကျ ချဉ်းကပ်တတ်မှုနဲ့ အမျိုးသားရေးစိတ်ဓာတ် ထက်သန်မှုတွေကိုလည်း ချီးကျူးခဲ့ပါတယ်။ အာဆီယံနဲ့ အမေရိကန်ကြားမှာ အရာရာ အမြင်တူမှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် အဲဒီလို အမြင်တူနေဖို့လည်း မလိုကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအစား နှစ်ဖက် အကျိုးစီးပွားအတွက် ရည်မှန်းချက် တူညီတဲ့ ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ ဟက်ဂ်ဆက်သ်က တိုက်တွန်း အကြံပြုခဲ့ပါတယ်။ အာဆီယံ ဒေသရဲ့ အနာဂတ်နဲ့ ပတ်သက်ရင် ပိုပြီး ရည်မှန်းချက် ကြီးကြီးထား ကိုင်တွယ်စေလိုကြောင်း၊ ဒါကြောင့်လည်း အမေရိကန်နဲ့ အာဆီယံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောာင်တစ်ရပ် ဖြစ်ပေါ်လာဖို့ အဆိုပြုလိုကြောင်း ဟက်ဂ်ဆက်သ်က ပြောကြားသွားပါတယ်။

ဒါပေမဲ့ အမေရိကန် လိုလားတဲ့ မူဘောင်က ဘယ်လိုမျိုးလဲ ဆိုတာကိုတော့ သူက အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။ လာမယ့်နှစ်တွေအတွင်း နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုတွေမှာ အဲဒီမူဘောင်က အဓိက လမ်းညွှန်မှု ဖြစ်လာနိုင်ကြောင်း၊ လာမယ့် နှစ်ပိုင်းတွေဟာ အမေရိကန်ရော၊ အာဆီယံအတွက်ပါ အရမ်း အရေးကြီးလာနိုင်ကြောင်း ဟက်ဂ်ဆက်သ်က ဆိုပါတယ်။

အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM-Plus)ရဲ့ အလှည့်ကျ အကြီးအမှူး နေရာကို လာမယ့်နှစ်အတွက် စင်ကာပူက လက်လွှဲယူမှာဖြစ်ပြီး အမေရိကန်က အခုကတည်းက အဲဒီ အဆိုပြု မူဘောင်ကို အကောင်အထည်ဖော်ဖို့ အသင့်ရှိနေပြီလို့လည်း ဟက်ဂ်ဆက်သ်က ပြောကြားခဲ့ပါတယ်။

ADMM-Plusမှာတော့ အာဆီယံ ၁၁ နိုင်ငံအပြင် အမေရိကန်၊ ဂျပန်၊ တရုတ်၊ ဩစတြေးလျနဲ့ တခြားနိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်လေ့ ရှိပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေ ညီလာခံမှာ အမေရိကန်နဲ့ ကျူးဘား နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ အော်ကြဟစ်ကြနဲ့ စကားအခြေအတင် ဖြစ်ခဲ့ကြပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့တ်)ကို ဘရာဇီး အာဏာပိုင်တွေက ပယ်ဖျက်ခဲ့ပေမယ့် ရွေးကောက်ပွဲမှာ လတ်တလော အရေးနိမ့်ထားခဲ့သူ ဖလာဗီယို ဘော်လ်ဆိုနာရိုဟာ အမေရိကန်ကို ရောက်ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ဒုံးကျည် ပစ်ခတ်မှုတွေကို အမေရိကန်က စောင့်ကြည့်ပြီး ကြိုတင်သတိပေးတဲ့ စနစ်ဟာ အပြည့်အဝ ပြန်ပြီး လည်ပတ်နေပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မကြာခင် ရက်ပိုင်းအတွင်း အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အမေရိကန် သံအရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။