Connect with us

Hi, what are you looking for?

News

လက်နက်ရောင်းချမှုတားမြစ်ခြင်းအပါအဝင် မြန်မာအပေါ် နော်ဝေအစိုးရ၏ တားမြစ်ကန့်သတ်ချက်များ ထုတ်ပြန်

မြန်မာနိုင်ငံသို့ လက်နက်နှင့်ကာကွယ်ရေးပစ္စည်းများရောင်းချမှုကို တားမြစ်ခြင်းအပါအဝင် မြန်မာ့အရေးနှင့် ဆက်စပ်၍ နော်ဝေအစိုးရက လက်ရှိ လိုက်နာကျင့်သုံးလျက်ရှိသည့် တားမြစ်ကန့်သတ်ချက်များကို မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံရုံးက ယ​နေ့ထုတ်ပြန်သည်။

Myanmar soldiers from the 77th light infantry division walk along a street during a protest against the military coup in Yangon, Myanmar, February 28, 2021. Picture taken February 28, 2021. REUTERS/Stringer

နော်ဝေနိုင်ငံသည် ဥရောပသမဂ္ဂ (EU) က မြန်မာ့နိုင်ငံ ရေး အခြေအနေနှင့် ဆက်စပ်၍ ထုတ်ပြန်ထားသည့်တားမြစ်ကန့်သတ်ချက်များအတိုင်း တစ်သားတည်းလိုက်နာကျင့်သုံးလျက်ရှိကြောင်း ဖော်ပြထားသည်။

နော်ဝေအစိုးရ လိုက်နာကျင့်သုံးလျက်ရှိသည့် တားမြစ်ကန့်သတ်ချက်များတွင် ပြည်တွင်းဖိနှိပ်မှုများတွင်အသုံးပြုနိုင်ခြေရှိသည့် ပစ္စည်းကိရိယာများရောင်းချမှုကို တားမြစ်ခြင်း၊ အရပ်ဘက်၊ စစ်ဘက် ကဏ္ဍနှစ်ခုလုံး၌ အသုံးပြုနိုင်သော ထုတ်ကုန်များ ရောင်းချမှုကို တားမြစ်ခြင်း တို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အင်တာနက် သို့မဟုတ် တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းများအား စောင့်ကြည့်ရာတွင် သို့မဟုတ် ကြားဖြတ်နားထောင်ရာတွင် အသုံးပြုနိုင်သော ဆက်သွယ်ရေးကိရိယာများ ရောင်းချမှုကို တားမြစ်ခြင်း ၊ စစ်ရေးလှုပ်ရှားမှုများနှင့် ဆက်စပ်နေသော နည်းပညာနှင့်ဘဏ္ဍာရေးအထောက်အပံ့များကို ပိတ်ပင်တားမြစ်ခြင်း တို့ ပါဝင်ကြောင်း ထုတ်ပြန်သည်။

ပြည်တွင်းဖိနှိပ်မှုများတွင် အသုံးပြုနိုင်သည့် ပစ္စည်းကိရိယာများ၊ အရပ်ဘက်၊ စစ်ဘက် ကဏ္ဍနှစ်ခုလုံး၌ အသုံးပြုနိုင်သော ထုတ်ကုန်များ၊ သတ်မှတ်ထားသော ဆက်သွယ်ရေးကိရိယာများနှင့် ဆက်စပ်နေသော နည်းပညာနှင့် ဘဏ္ဍာရေးအထောက်အပံ့များကို ပိတ်ပင်တားမြစ်ခြင်းလည်း ပါဝင် ကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

လူပုဂ္ဂိုလ် ၃၅ ဦးနှင့် စီးပွားရေးကုမ္ပဏီကြီးနှစ်ခုအပေါ်အကျိုးသက်ရောက်စေမည့် ပစ်မှတ်ထား တားမြစ်ကန့်သတ်ချက်များဖြစ်သော ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ရန်ပုံငွေထုတ်ယူမှုကို တားမြစ်ခြင်းနှင့်အတူ၊ နိုင်ငံအတွင်းသို့ ဝင်ရောက်မှုကိုပါ ကန့်သတ်ခြင်း စသည်တို့လည်းပါဝင်ပြီး နော်ဝေ၏ တားမြစ်ကန့်သတ်ချက်များသည် EU ၏ အာဘော်အတိုင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက ​နေပြည်​တော်တွင် စစ်မတိုက်​ဘဲ ယခင်အစိုးရလက်ထက်များကတည်းက အပစ်ရပ်လက်မှတ်ထိုးထားသာတိုင်းရင်းသာလက်နက်ကိုင်အဖွဲ့များ နှင့် ငြိမ်းချမ်း​ရေး​ဆွေး​​နွေး​နေသည်။

သတင်း

ကရင်ပြည်နယ်မှာ စစ်ရေးပြင်းထန်နေပေမယ့် ပြည်နယ်မြို့တော် ဘားအံမှာ လာမယ့် သင်္ကြန်ပွဲတော်ကာလအတွင်းစည်ကားအောင် အာဏာသိမ်းစစ်ကောင်စီ က စီစဉ်နေပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူ - ရေစကြိုလမ်းပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ရဲ ၁၀ဦးထက်မနည်း သေဆုံးကြောင်း Southern YSO PDF တာဝန်ရှိသူ ကိုအောင်မောင်းက လူထုနွေဦးသို့ပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးသည့် သတင်းမှန်ကန်မှုမရှိဟု KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။