Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား စပိုင်သင်္ဘောရဲ့ လေဆာရောင်ခြည်နဲ့ နှောင့်ယှက်မှုအပေါ် ဗြိတိန် ကာကွယ်ရေးဝန်ကြီး သတိပေး

ဗြိတိန် လေယာဉ်မှူးကို ရုရှား ရေယာဉ်က လေဆာရောင်ခြည်နဲ့ လှမ်းထိုးပြီး အနှောင့်အယှက် ပေးခဲ့တဲ့ ဖြစ်ရပ်အပြီး စစ်ရေးအရ ရွေးချယ် တုံ့ပြန်မှုတွေကို အသင့်ပြင်ထားကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးက သတိပေး ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဗြိတိန် လေယာဉ်မှူးကို ရုရှား ရေယာဉ်က လေဆာရောင်ခြည်နဲ့ လှမ်းထိုးပြီး အနှောင့်အယှက် ပေးခဲ့တဲ့ ဖြစ်ရပ်အပြီး စစ်ရေးအရ ရွေးချယ် တုံ့ပြန်မှုတွေကို အသင့်ပြင်ထားကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးက သတိပေး ပြောကြားခဲ့ပါတယ်။

ဗြိတိန် ရေပိုင်နက်အလွန် စကော့တလန် မြောက်ပိုင်းနားမှာ ခုတ်မောင်းနေတဲ့ ရုရှား သူလျှိုသင်္ဘော Yanterက လာရောက် ကင်းလှည့် စောင့်ကြည့်တဲ့ ဗြိတိန် ကင်းထောက် လေယာဉ်မှူးတွေကို လေဆာရောင်ခြည်နဲ့ ထိုးပြီး အနှောင့်အယှက် ပေးခဲ့တဲ့ ဖြစ်စဉ်အပေါ် ရန်လို ခြိမ်းခြောက်မှု အနေနဲ့ သတ်မှတ်ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဂျွန်ဟေလီက ပြောကြားခဲ့ပါတယ်။

၂၀၂၂ မှာ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ချိန်ကစလို့ ဗြိတိန်ဟာ နိုင်ငံကမ်းလွန်မှာ ခုတ်မောင်းသွားတဲ့ ရုရှား ရေယာဉ်တွေရဲ့ လမ်းကြောင်းကို ရေယာဉ်၊ လေယာဉ်တွေ စေလွှတ်ပြီး စောင့်ကြည့်စေလေ့ ရှိပါတယ်။ Yanterဟာ ရုရှားရဲ့ ထောက်လှမ်းရေး အချက်အလက် စုဆောင်းမှုနဲ့ ပင်လယ် သမုဒ္ဒရာကြမ်းပြင် မြေပုံမှတ်သားမှု မစ်ရှင်တွေကို ကိုင်တွယ်နေတဲ့ ရေယာဉ်တစ်စီးပါ။

ဓာတ်ပုံ – Reuters

ဟေလီက ရုရှား သူလျှိုသင်္ဘောက တော်ဝင်လေတပ် လေယာဉ်မှူးတွေဆီ လေဆာရောင်ခြည်နဲ့ လှမ်းထိုးပြီး နှောင့်ယှက်ခြင်းဟာ အကြီးအကျယ် အန္တရာယ် ဖြစ်စေနိုင်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ တကယ်လို့ Yantarကို စောင့်ကြည့်နေရာကနေ လမ်းကြောင်းပြောင်းသွားတာ တစ်ခုခု ရှိလာရင် စစ်ရေးအရ ရွေးချယ်တာမျိုးကို စဉ်းစားဖို့လည်း အသင့်ပြင်ထားတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို အစီအမံတွေ ဖြစ်မလဲ ဆိုတာကိုတော့ သူက အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အားပြင်းနဲ့ လေဆာရောင်ခြည်နဲ့ တိုက်ရိုက်လှမ်းထိုးတာမျိုး ကြုံရတဲ့အခါ အမြင်အာရုံ ခဏတာ ဝေဝါးပျောက်ကွယ်တာကနေ အဆိုးဆုံး အခြေအနေမှာ မျက်စိကန်းသွားတာထိ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ဗြိတိန်နိုင်ငံရဲ့ မြို့တော် လန်ဒန်မှာရှိတဲ့ ရုရှားသံရုံးကတော့ ဗြိတိန်ဟာ မဆုံးနိုင်တဲ့ စွပ်စွဲမှုတွေနဲ့ အချိန်ဖြုန်းနေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ရုရှားရဲ့ လုပ်ဆောင်ချက်တွေဟာ ဗြိတိန်ရဲ့ အကျိုးစီးပွားကို မထိခိုက်စေသလို လုံခြုံရေးကိုလည်း ခြိမ်းခြောက်တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ပြီးတော့ Yantarဟာ ဗြိတိန်ရဲ့ ရေအောက် ဆက်သွယ်ရေးလိုင်းတွေကို ဖျက်ဆီးဖို့ ကြိုးစားနေတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းစွပ်စွဲမှုတွေကိုလည်း သံရုံးက ပယ်ချခဲ့ပါတယ်။

ဟေလီက ဗြိတိန် တော်ဝင်လေတပ်ရဲ့ စောင့်ကြည့်မှုကို Yantarက အခုလို ရန်လိုတဲ့ပုံစံနဲ့ တိုက်ရိုက်ကျကျ တုံ့ပြန်တာဟာ ပထမဆုံး ကြုံတွေ့ဖူးတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအခြေအနေနဲ့ ကြုံပြီးတဲ့နောက် အဲဒီရေယာဉ်ဟာ ဗြိတိန်ပိုင်နက်အလွန် ရေပြင်မှာ ဘာလာလုပ်နေသလဲ ဆိုတာကို ပိုပြီး နီးနီးကပ်ကပ် ထဲထဲဝင်ဝင် စောင့်ကြည့်ဖို့ သူက အမိန့်ပေးထားကြောင်းလည်း ဟေလီက ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။