Connect with us

Hi, what are you looking for?

နိုင်ငံတကာ

IAEAက စည်းမျဉ်းတွေကို လိုတစ်မျိုး၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ ကင်မ်ဂျုံအွန်းရဲ့ ညီမ စွပ်စွဲ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ - AP

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်ပြီး နိုင်ငံရဲ့ ဩဇာအကြီးဆုံး အမျိုးသမီးလို့ သတ်မှတ်ခံရသူ ကင်မ်ယိုဂျောင်က အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA)ဟာ စည်းမျဉ်းတွေကို မျက်နှာလိုက်ပြီး နှစ်မျိုးကျင့်သုံး (double-standard)နေတယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ဝေဖန်သွားခဲ့ပါတယ်။

IAEAရဲ့ မကြာသေးခင်က ကျင်းပခဲ့တဲ့ အကြိမ် ၇၀ မြောက် အထွေထွေ ညီလာခံမှာတော့ မြောက်ကိုရီးယား ထိန်းချုပ်ရေး စာချုပ်ပါ သဘောတူညီမှုတွေအရ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ် ကြေညာခွင့် မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား အစိုးရကတော့ နျူကလီးယား လက်နက်ပိုင် နိုင်ငံအနေနဲ့ ရပ်တည်ကြောင်း ကြေညာထားပြီး ဖြစ်သလို အဲဒီ ဆုံးဖြတ်ချက်ကို လုံးဝ နောက်ကြောင်း ပြန်မလှည့်ဘူးလို့လည်း ပြောဆိုထားပါတယ်။

IAEAရဲ့ မဲခွဲဆုံးဖြတ်မှု ရလဒ်ကို တုံ့ပြန်တဲ့ ကြေညာချက် တစ်စောင်ကို ကင်မ်ယိုဂျောင်က ထုတ်ပြန်ခဲ့ရမှာတော့ IAEAဟာ တူညီတဲ့ ကိစ္စတွေကို ကွဲပြားတဲ့ ရှုထောင့်တွေကနေ ချဉ်းကပ်ပြီး ဘက်လိုက်တာ၊ လိုတစ်မျိုး မလိုတစ်မျိုး ဆုံးဖြတ်တာတွေ လုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ စွပ်စွဲရှုတ်ချထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာ နျူကလီးယားလက်နက် ထိန်းချုပ်ရေး စနစ်တွေ ပျက်သုဉ်းရခြင်းရဲ့ အခြေခံ အကျဆုံး အကြောင်းတရားကလည်း IAEAသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စစ်ရေးဆိုင်ရာ နျူကလီးယား လှုပ်ရှားမှုတွေ လုပ်နေတာကိုတော့ IAEAက မသိချင်ယောင် ဆောင်နေကြောင်း ကင်မ်ယိုဂျောင်က လှောင်ပြောင်ခဲ့ပါတယ်။ တောင်ကိုရီးယားက နျူကလီးယား ရေငုပ်သင်္ဘော တည်ဆောက်မယ့် စီမံကိန်း စတင်လာနေတာကို IAEAက မျက်ကွယ်ပြုထားပြီး မြောက်ကိုရီးယားရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တရားနည်းလမ်းကျကျ လုပ်ဆောင်နေတဲ့ နျူကလီးယား လှုပ်ရှားမှုတွေကိုသာ ပြဿနာ လာရှာနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အလားတူ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက သီးခြားထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း IAEAရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုဟာ နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်ကြောင်း၊ နိုင်ငံရဲ့ နျူကလီးယား ကာကွယ်ရေး အစီအမံတွေအရ အဲဒီလက်နက်တွေကို လိုအပ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ပင်လယ်ပြင်ဖက်ကို မြောက်ကိုရီးယားက ဒုံးကျည်တချို့ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။