Connect with us

Hi, what are you looking for?

သတင်း

MNDAAနဲ့ဆက်ဆံရေးတင်းမာနေချိန် လားရှိူးမြို့ပေါ်မှာ စစ်တပ်က သေနတ်ဆက်တိုက်ပစ်ခတ်

MNDAAနဲ့ အာဏာသိမ်းစစ်တပ်ဆက်ဆံရေတင်းမာနေစဉ် ယမန်​နေ့ည ၁၁နာရီခန့်က လားရှိုးမြို့မှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။

စစ်တပ်ပြန်ဝင်လာပြီး​နောက်လားရှိုးမြို့ ။ ဓါတ်ပုံ-CJ

နိုဝင်ဘာ-၂၅၊၂၀၂၅။အိမ်သွင်/People’s Spring

MNDAAနဲ့ အာဏာသိမ်းစစ်တပ်ဆက်ဆံရေတင်းမာနေစဉ် ယမန်​နေ့ည ၁၁နာရီခန့်က လားရှိုးမြို့မှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။

သေနတ်သံတွေဟာ တစ်ဖက်တည်းကပစ်တဲ့အသံမျိုးဖြစ်ပြီးနိုဝင်ဘာလ၂၄ရက်ညမှာ၅မိနစ်​လောက်အထိ ကြာခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။

“စစ်တပ်ကမသင်္ကာတာတွေ့လို့ပစ်တာဆိုပြီး ကြားတာပဲ။ ရပ်ကွက်(၁)ဘက်ကနေ ပစ်တာ။ ကြားတာတော့ အသံတော်‌တော်ကျယ်တယ်”လို့ ရပ်ကွက်(၇)မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လားရှိုးမြိို့ပြင်မှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှုး ဒုဗိုလ်ချုပ်ကြီးကိုကိုဦးကိုယ်တိုင် နိုဝင်ဘာလ ၁၁ရက် နေ့က လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် ငြင်းပယ်ခံရပြီး ဆွေးနွေးမှုပျက်ခဲ့ပါတယ်။ အဲ့‌ဒီနောက်ပိုင်း စစ်ကောင်စီက ကင်းထောက် လေယာဉ်တချို့ပျံသလို MNDAAကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။

လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAAက တပ်စွဲထားတာပါ။ဆက်ဆံရေးတင်မာပြီးတဲ့နောက်ပိုင်း လာရှိူး-သီပေါလမ်းပိုင်းက ဒုဌဝတီတံတားကိုလည်း နှစ်ဘက်စလုံးက ပိတ်ထားပါတယ်။ ဒီနေ့အထိပြန်မဖွင့်သေးပါဘူး။ MNDAAထိန်းချုပ်ဒေသတွေကိုဖြတ်လာတဲ့ ကုန်တင်ကားတွေကိုလည်း စစ်ကောင်စီကဖမ်းဆီးနေပါတယ်။

ဒီအခြေအနေမှာ လားရှိုးမြို့ထဲမှာ သေနတ်ပစ်ခတ်သံတွေထွက်ပေါ်လာတာမို့ ဒေသခံတွေကြားကအမျိုးမျိုးထင်​ကြေး​ပေးနေကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ MNDAAက ထိန်းချုပ်ထားတဲ့လားရှိုးမြို့ကို တရုတ်အစိုးရရဲ့စွက်ဖက်မှု​ကြောင့် ၂၀၂၅ ဧပြီလမှာ ကျည်တချက်မ​ဖောက်ရပဲ စစ်ကောင်စီကို ပြန်လွှဲ​ပေးခဲ့ရပါတယ်။ဒါ​ကြောင့်စစ်တပ် ပြန်ဝင်လာပြီး ရှစ်လခန့်အတွင်း မြို့​ပေါ်မှာ ပစ်ခတ်သံရှားရှားပါးပါးပြန်ကြားရတာဖြစ်ပါတယ်။

လားရှိုးမြို့ပေါ်ကိုသာ စစ်ကောင်စီကပြန်လည်ထိန်းချုပ်ရယူနိုင်ခဲ့ပြီး မြို့ပတ်ချာလည်ကို​တော့ MNDAAက တပ်စွဲထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။