Connect with us

Hi, what are you looking for?

သတင်း

မုံရွာစျေးပွဲတော်မှာ စစ်ကောင်စီက ပြည်သူတွေဆီသိမ်းထားတဲ့ ပစ္စည်းတွေရောင်းချဖို့ စီစဥ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီက လုပ်မယ့် စျေးပွဲတော်မှာ ပြည်သူတွေဆီကအဓမ္မသိမ်းယူထားတဲ့ ပစ္စည်းတွေ ရောင်းချမယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

တနင်္သာရီတိုင်းတွင် အာဏာသိမ်းကာလအစောပိုင်းက ပြည်သူများ၏ ဆိုင်ကယ်များအား စစ်တပ်က သိမ်းယူနေချိန် ဒေသတွင်းသတင်းဓာတ်ပုံဆရာက မှတ်တမ်းတင်ခဲ့စဥ်။

နိုဝင်ဘာ ၂၅၊ ၂၀၂၅။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီက လုပ်မယ့် စျေးပွဲတော်မှာ ပြည်သူတွေဆီကအဓမ္မသိမ်းယူထားတဲ့ ပစ္စည်းတွေ ရောင်းချမယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မုံရွာမြို့၊ ပြည်သူ့ဥယျာဥ်မှာ လာမယ့် နိုဝင်ဘာလ ၂၈ ရက်ကနေ ဒီဇင်ဘာလ ၂ ရက်အထိ ၅ ရက်ကြာလုပ်မယ့် စစ်ကောင်စီရဲ့ စျေးရောင်းပွဲတော်မှာ မုံရွာနယ်က ပြည်သူတွေဆီကနေ အဓမ္မသိမ်းယူထားတဲ့ ပစ္စည်းတွေကို ရောင်းချမယ်လို့ သိရကြောင်း စစ်အုပ်စုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“သိမ်းထားတဲ့ ပစ္စည်းတွေကို Second စျေးနဲ့ တဝက်စျေးနဲ့ရောင်းမှာ။ အဲကွန်းတွေကော အများကြီးပဲ။”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက မုံရွာမြို့က ဆန္ဒပြပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ တော်လှန်ရေးမှာပါဝင်သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်ပြီး အိမ်အတွင်းထဲက ပစ္စည်းတွေပါ အဓမ္မသိမ်းဆည်းခဲ့တာပါ။ အခုစျေးရောင်းပွဲမှာ ချိတ်ပိတ်ခံရတဲ့ နေအိမ်တွေက ပစ္စည်းတွေ အများအပြား ပါဝင်နိုင်ကြောင်း မြို့ခံအချို့က ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲလည်း နီးကပ်နေပြီမို့ ဒေသအေးချမ်းနေတယ်ဆိုတဲ့ပုံရိပ်ကို ပြသဖို့ စျေးပွဲတော်မှာ စတိတ်ရှိုးပါထည့်ဖို့ စီစဥ်နေကြောင်း သိရပါတယ်။

စျေးပွဲတော်အပြန် ပေါ်တာဆွဲနိုင်လို့ သတိပြုသွားလာကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။