Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်ဒေသမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆက်ဖြစ်ဟု KIA ပြော

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ နေ့စဉ်နီးပါးတိုက်ပွဲတွေဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။

ရှေ့တန်းတစ်နေရာမှာ တွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်သားများ။ ဓာတ်ပုံ − Kachinnet Burmese

နိုဝင်ဘာ ၂၇၊ ၂၀၂၅။ ပုရစ်/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ နေ့စဉ်နီးပါးတိုက်ပွဲတွေဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။

နိုဝင်ဘာ ၂၆ရက် ညပိုင်းသတင်းဖော်ပြချက်မှာ လမြန်ဒေသ စစ်ရေးအခြေအနေ အကျဉ်းကို အသိပေးခဲ့တာပါ။

စစ်ကောင်စီတပ်က လမြန်ဘက်ကို လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေပြိး စစ်အင်အားဖြည့်တင်းနေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်နေရင် တိုက်ပွဲဆက်ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပြီး တိုက်ပွဲဖြစ်စဉ်အသေးစိတ် အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။

စစ်ကောင်စီတပ်ဟာ ၀ိုင်းမော် လမြန်ဒေသကို ထိုးစစ်ဆင်နေတာဟာ KIA သိမ်းပိုက်ဖို့ ကျန်နေတဲ့ ခလရ(၅၈) တပ်ရင်း လုံခြုံရေးအတွက် စစ်ရေးဖော်ဆောင်တာ ဖြစ်သလို ၂၀၂၄ အတွင်းက KIAသိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေ ပြန်ရရေး ထိုးစစ်ဆင်တာဖြစ်နိုင်တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ လက်အောက်ခံ ပြည်သူ့စစ်အင်အားတွေအသုံးပြုပြီး လေကြောင်း ပစ်ကူနဲ့ လမြန်ဒေသကို ထိုးစစ်ဆင်နေပေမယ့် KIA ပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် လပေါင်းများစွာ ကြာနေတဲ့တိုင် လမြန်ဒေသကို ထိုးဖောက်နိုင်ခြင်းမရှိသေးပါဘူး။ စစ်ကောင်စီဟာ ၂၀၂၅ နွေကာလက စပြီး ၀ိုင်းမော်ဘက်ကို စစ်အင်အားဖြည့် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်က ၂၀၂၄ ဒီဇင်ဘာ လဆန်းကတည်းက ဖော်ဆောင်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်း တိုက်ပွဲဟာလည်း (၁)နှစ်ခန့်ကြာတဲ့အထိ တိုက်ပွဲတွေဆက်ရှိနေသလို ဖားကန့်ဒေသ ပြန်လည်စိုးမိုးနိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေတာကြောင့်လည်း ဖားကန့်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ဖားကန့်ဒေသတိုက်ပွဲမှာ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း ရမ်းသန်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေရှိခဲ့ကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ဖော်အသိပေးထားပါတယ်။

တဖက်မှာလည်း KIAပူးပေါင်းတပ်ဟာ ခေါင်လန်ဖူးဒေသမှာ စစ်ကောင်စီတပ်စခန်းအချို့ကို အောက်တိုဘာလအတွင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့တာရှိပါတယ်။

လက်တလော ကချင်ဒေသ စစ်ရေးအခြေအနေတွေကို မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook