Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆူဒန်မှာ စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်ကောင်းနေဆဲ

ပြည်သူတွေကတော့ စစ်တပ်ရဲ့ အာဏာသိမ်းမှု၊ ဆန္ဒပြသူတွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းမှုတွေကို လုံးဝ မကျေနပ်နိုင်ဘဲ ဆက်ပြီး ဆန့်ကျင်နေဆဲပါ။ နိုဝင်ဘာ ၃၀ က ခါတွမ်အပြင် ပို့တ်ဆူဒန်၊ ကက်ဆာလား၊ ညာလားနဲ့ အတ်ဘာရာ မြို့တွေမှာပါ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။

ဆူဒန်မှာ စစ်တပ်ရဲ့ နိုင်ငံရေး ပါဝင် စွက်ဖက်မှုကို ဆန္ဒပြပွဲတွေ အရှိန်အဟုန်ကောင်းကောင်း ဆက်လက် ဖြစ်ပေါ်နေပါတယ်။

နိုဝင်ဘာ ၃၀ က ခါတွမ်မြို့ပေါ်မှာ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ နိုင်ငံရေး စွက်ဖက်မှုတွေကို ပြည်သူတွေ ထောင်သောင်းချီ ချီတက် ဆန္ဒပြခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ ပစ်ခတ် လူစုခွဲခဲ့ကြပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှား တောင်းဆိုသူတွေ ဦးတည် ချီတက်ခဲ့ကြတဲ့ သမ္မတ နန်းတော် တဝိုက်မှာလည်း လုံခြုံရေး ထူထူထပ်ထပ် ချထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့လမှာ ဆူဒန် စစ်တပ်ဟာ ဝန်ကြီးချုပ် အက်ဘ်ဒါလာ ဟမ်းဒေါ့ခ် ဦးဆောင်တဲ့ အရပ်သား အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ပါတယ်။ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖာတား အယ်လ် ဘာဟန်ကတော့ သူဟာ အာဏာသိမ်းခဲ့တာ မဟုတ်ဘဲ ပြည်တွင်းစစ် ဖြစ်လာမယ့် အခြေအနေကို မလွှဲမရှောင်သာ ကြားဝင် တားဆီးလိုက်တာလို့ အကြောင်းပြပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ အုံနဲ့ကျင်းနဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာပြီး နိုင်ငံတကာ ဖိအားပေးမှုတွေ မြင့်တက်လာချိန်မှာ ဘာဟန်က နိုင်ငံရေး ပါတီတွေနဲ့ ညှိနှိုင်းပြီး ဟမ်းဒေါ့ခ်ကို ဝန်ကြီးချုပ်နေရာ ပြန်အပ်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဟမ်းဒေါ့ခ်ဖက်ကလည်း စစ်တပ်ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောခဲ့ရကြောင်း ဆူဒန် နိုင်ငံရေး အသိုက်အဝန်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေကတော့ စစ်တပ်ရဲ့ အာဏာသိမ်းမှု၊ ဆန္ဒပြသူတွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းမှုတွေကို လုံးဝ မကျေနပ်နိုင်ဘဲ ဆက်ပြီး ဆန့်ကျင်နေဆဲပါ။ နိုဝင်ဘာ ၃၀ က ခါတွမ်အပြင် ပို့တ်ဆူဒန်၊ ကက်ဆာလား၊ ညာလားနဲ့ အတ်ဘာရာ မြို့တွေမှာပါ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။

ဆန္ဒပြသူတွေက ဗိုလ်ချုပ်ကြီး ဘာဟန်ကို ဆဲရေး အော်ဟစ်ခဲ့ကြသလို စစ်တပ်ကို စစ်တန်းလျား ပြန်သွားဖို့ ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။ ဆူဒန်မှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် အင်အားသုံး ပစ်ခတ် နှိမ်နင်းမှုတွေကြောင့် သေဆုံးသူ ဒါဇင်နဲ့ချီ များပြားခဲ့ကြောင်း ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တွေက ပြောပါတယ်။ စစ်တပ် အာဏာသိမ်းချိန်က ဆူဒန်မှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေနဲ့ လူတန်းစားပေါင်းစုံ ပါဝင်တဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေလည်း အားကောင်းခဲ့ပါတယ်။

လူတွေက စစ်တပ်ရဲ့ လွန်ကဲတဲ့ လုပ်ရပ်တွေအပေါ် ဒေါသထွက်နေတုန်းပဲလို့ ဆန္ဒပြသူ တစ်ဦးက ပြောပါတယ်။ လတ်တလောမှာတော့ ခါတွမ်မှာ သံချပ်ကာယာဉ်တွေပါ ဖြန့်ကျက်ပြီး လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ကြီး ဘာဟန်က စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ မဖြစ်မနေ လိုအပ်တဲ့ လုပ်ဆောင်ချက် တစ်ခုလို့ တွင်တွင် ပြောဆိုနေဆဲပါ။ ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ် နှိမ်နင်းတာနဲ့ ပတ်သက်ပြီး စစ်တပ်မှာ တာဝန်မရှိကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်သာဖြစ်ကြောင်း သူက အပြစ်ဖို့ပြီး စုံစမ်း စစ်ဆေး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။